iMyanmarHouse.com - Best Property Website for Myanmar
×


ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်တွေ ချို့တဲ့နေပြီဆိုရင် ခန္ဓာကိုယ်ကပဲ သတင်းပို့တယ်နော်။ ခေါင်းပေါ်ကဆံပင်ကစလို့ ခြေထောက်ကခြေသည်းလေးတွေပါ ခန္ဓာကိုယ်မှာချို့တဲ့နေတဲ့ လိုအပ်နေတဲ့ အာဟာရတွေကို ပြောပြနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့နေတာကို စောစောစီးစီးသိရင် မြန်မြန်ကုပြီး မြန်မြန်ကောင်းနိုင်တာပေါ့။ စိတ်ဝင်စားစရာကောင်းပါတယ်။ လေ့လာကြည့်ကြစို့နော်။

Hair

- ဆံပင်တွေ အရမ်းကိုခြောက်သွေ့နေတယ်ဆိုရင် ခန္ဓာကိုယ်ကမရှိမဖြစ်လိုအပ်တဲ့အဆီ (Essential Fatty Acid) ချို့တဲ့နေလို့ပါပဲ။

- အသက်ငယ်ငယ်လေးနဲ့ ဆံပင်တွေဖြူပြီး ဦးဦးဒေါ်ဒေါ်အခေါ်ခံနေရပြီဆိုရင်တော့ Pantothenic Acid (B5) ချို့တဲ့နေလို့ပါပဲ။

- ဆံပင်တွေအကျွတ်များရင် ဗီတာမင်အုပ်စု၊ ဖောလစ်အက်ဆစ်နဲ့ Essential acid ချို့တဲ့နေလို့ဖြစ်နိုင်သလို ဗီတာမင်အေတွေ အလွန်အကျွံသောက်သုံးမိလို့လည်း ဖြစ်နိုင်ပါတယ်။

- ဗောက်ထတတ်တဲ့သူတွေအတွက်က ဗီတာမင်ဘီအုပ်စု၊ EFA နဲ့ Selenium တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေချို့တဲ့နေလို့ပဲ ဖြစ်ပါတယ်။

Face

- ၀က်ခြံအတွက်များတာက ဇင့်ဓာတ်၊ ဗီတာမင်အေနဲ့ EFA ချို့တဲ့လို့ပါ။

Mouth

- သွားပိုးစားတာက Vit B6 , Silica နဲ့ Calcium တွေ ချို့တဲ့လို့ပါ။

- သွားဖုံးသွေးယိုနေရင် သွားနဲ့ ခံတွင်းရောဂါတွေအပြင် Vit C ချို့တဲ့လို့ဖြစ်နိုင်ပါတယ် ။

- ပါးစပ်ထောင့်စွန်းတွေ ကွဲနေရင် ဗီတာမင်ဘီအုပ်စု အထူးသဖြင့် Vit B2 ချို့တဲ့နေလို့ပါ။

- လျှာနာပြီးရောင်နေရင် Vit B2 , ဖောလစ်အက်စစ် ၊ ဇင့်နဲ့ သံဓာတ်ချို့တဲ့နေနိုင်ပါတယ်။

Eye

- မျက်လုံးအောက်ညိုနေရင် Vit C, Vit K ချို့တဲ့နေနိုင်ပါတယ်။

- အောက်မျက်ခမ်းအတွင်းဘက်မှာ ဖြူဖျော့နေရင် သံဓာတ်ချို့တဲ့လို့ပါ။


Nails

- လက်သည်းက ပုံမှန်ခုံးခုံးလေး မဟုတ်ပဲနဲ့ ပြားနေရင် ၊ခွက်နေရင် သံဓတ်

- လက်သည်းဟာ ပြောင်ချောမနေပဲနဲ့ ဒေါင်လိုက် အထစ်အကြောင်းလေးတွေ ပေါ်နေရင် သတ္တူဓတ်တွေ
ချို့တဲ့နေလို့ပါ။

- လက်သည်းမှာ အဖြူစက်လေးတွေ ပေါ်လာရင်တော့ ဇင့်ဓတ်

- Hang nails

- လက်သည်းတွေ ကြွတ်ဆပ်အက်ကွဲနေရင်

Hands

- လက်ချောင်းလေးတွေ ထိပ်မှာ အက်ကွဲနေရင် ဇင့် ၊ Vite E နဲ့ EFA

- လက်ဖျားအေးတဲ့သူတွေကတော့ EFA , Vit B3 , B 12 နဲ့ သံဓတ်

ဒါတွေကတော့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အဟာရတွေချို့တဲ့ရင် ပေါ်လာတတ်တဲ့ လက္ခဏာတွေပါပဲ။

ဤစာဖတ်သူများအားလုံး ပျော်ရွင်ချမ်းမြေ့ကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...

Credit: Myanmar Sky Link
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top