iMyanmarHouse.com - Best Property Website for Myanmar
×

လောကကြီးမှာ ဆင်ခြင်တုံတရားနည်းပြီး စာနာမှုကင်းမဲ့ကြတဲ့ တစ်ကိုယ်ကောင်းသမားတွေ နဲ့ တွေ့ကြုံရတတ်တယ်။
ဘာဖြစ်လဲ?
သိပ်မတွေးနဲ့။ ချစ်ပလိုက်စမ်းပါ။

အများအကျိုးအတွက် လုပ်တဲ့ သင့်လုပ်ရပ်တွေကို လူတွေက အခွင့်အရေးလိုချင်လို့လုပ်တယ် ဆိုပြီး စွပ်စွဲကောင်းစွဲလိမ့်မယ်။
ဘာဖြစ်လဲ?
အများကောင်းဖို့ ဆက်သာလုပ်။

သင် အောင်မြင်လာရင် ဟန်ဆောင်မိတ်ဆွေတွေနဲ့ မုန်းအားကြီးတဲ့ ရန်သူတွေ ရလာလိမ့်မယ်။
ဘာဖြစ်လဲ?
ဒီထက်အောင်မြင်အောင် ပိုလုပ်လိုက်စမ်းပါ။

သင် ဒီနေ့ကောင်းခဲ့တာတွေ သူတို့ မနက်ဖြန်မှာ မေ့ချင်ယောင်ဆောင်နေလိမ့်မယ်။
ဘာဖြစ်လဲ?
ဆက်ကောင်းပေးလိုက်ပါ။

ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ သင့်ကို တုံးအတဲ့ ငပေါကြီးလို့ သူတို့ အတင်းပြောလိမ့်မယ်။
ဘာဖြစ်လဲ?
အရိုးသားဆုံး နေတာ သင့်ကျန်းမာရေးအတွက် ကောင်းပါတယ်။

သင်ဟာ မြင့်မြင့်မားမား တွေးကြံတတ်လို့ လူတွေက အမြင်မကြည်တာလဲ ရှိနိုင်ပါတယ်။
ဘာဖြစ်လဲ?
အတွေးအခေါ်မြင့်မားတာ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။

လူတွေက ငမွဲတွေကိုတော့ စာနာကြတယ်။ ဒါပေမဲ့ သူဌေးတွေကိုပဲ ကပ်ဖားကြတာ ထုံးစံပဲ။
ဘာဖြစ်လဲ?
ချွေနိုင်တော့ ရံတာပေါ့။

သင်ကြိုးစားပမ်းစားနဲ့ နှစ်ရှည်လများ တည်ဆောက်ခဲ့တာတွေကို တစ်ရက်တစ်ညထဲနဲ့ ဖျက်ဆီးခံရတတ်တယ်။
ဘာဖြစ်လဲ?
ဆောက်စရာရှိတာ ဆက်ဆောက်ပါ။

သင့်ထံက အကူအညီယူကြတဲ့ လူတစ်ချို့ ဟာ ကျေးဇူးကန်းကြတတ်တယ်။
ဘာဖြစ်လဲ?
ကိုယ်လုပ်နိုင်တာ လုပ်ပေးလိုက်ပါ။

ကမ္ဘာလောကကြီးကို သင့်မှာရှိသမျှ အကောင်းဆုံးကိုသာ ပေးဆပ်လိုက်ပါ။ နောက်ကွယ်က စောင်းမြောင်းတဲ့လူတွေ များလာလိမ့်မယ်။
ဘာဖြစ်လဲ?
သင့်ရဲ့  အကောင်းဆုံးဆိုတာကို မလျှော့မိစေနဲ့။

ပိုကောင်းအောင်လုပ်လို့ရသေးရင် ဆက်လုပ်ပါ။ ဘယ်ကြောင့်မှ မရပ်လိုက်နဲ့။

ဤစာဖတ်သူများအားလုံး စိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top