iMyanmarHouse.com - Best Property Website for Myanmar
×












တောင်ကိုရီးယားသရုပ် ဆောင်အဆိုတော် ကင်ဟွန်ဂျွန်း သည် ၎င်း၏ ချစ်သူမိန်းကလေး အပေါ် ကိုယ်ထိလက်ရောက်အ ကြမ်းဖက်သည်ဟု စွပ်စွဲခံထား ရကြောင်း Dispatch  သတင်းက သြဂုတ် ၂၂ ရက်တွင် ဖော်ပြ သည်။

ကင်ဟွန်ဂျွန်းသည် ပြီးခဲ့ သည့် မေလမှ ဇူလိုင်လအထိ ရုပ် ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု များ   ပြုလုပ်ခဲ့သည်ဟု  ၎င်း၏ ချစ်သူမိန်းကလေးက ဆိုးလ်မြို့ Songpa ရဲစခန်း၌ အမှုဖွင့်ထား ကြောင်း Dispatch သတင်းက ဖော်ပြသည်။

‘‘သူတို့နှစ်ယောက်က ၂၀၁၂ ခုနှစ်ကတည်းက တွဲလာ တာ။ ပြီးခဲ့တဲ့ မေလကစပြီး ကင်  ဟွန်ဂျွန်းရဲ့ မိန်းကလေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စကားများ ရန်ဖြစ် ခဲ့ကြပါတယ်။ အဲဒီလိုရန်ဖြစ်တဲ့ အခါမှာ ကင်ဟွန်ဂျွန်းက သူ့ကို ကိုယ်ထိလက်ရောက် အကြမ်း ဖက်တာတွေ ရှိခဲ့ပါတယ်’’ ဟု မိန်းကလေး၏ မိတ်ဆွေ တစ်ဦး က ပြောသည်။

ပြီးခဲ့သည့် မေလက ၎င်း၏အကြမ်းဖက်မှုတွင် မိန်းကလေး ၏ မျက်နှာ၊ ရင်ဘတ်၊ လက်မောင်း များနှင့် တင်ပါးများတွင် ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဇူ လိုင်လ အကြမ်းဖက်မှုတွင် မိန်း ကလေးသည် နံရိုးများကျိုးခဲ့ သောကြောင့်  သီတင်းခြောက် ပတ်ခန့် ဆေးဝါးကုသမှု ခံယူခဲ့ ရကြောင်း သတင်းက ဖော်ပြခဲ့ သည်။

ဆိုးလ်မြို့ Songpa ရဲစခန်း က ယင်းအမှုနှင့်ပတ်သက်၍ စုံ စမ်းစစ်ဆေးမှုများစတင်ရန် မ ကြာမီတွင် ကင်ဟွန်ဂျွန်းကို ရဲစ ခန်းသို့ ဆင့်ခေါ်မည်ဟု ပြောကြား ခဲ့သည်။


ကင်ဟွန်ဂျွန်းသည် လက်ရှိ တွင် အိမ်တွင်း အကြမ်းဖက်မှု ဖြင့် စွပ်စွဲခံထားရသော်လည်း ယ ခင်စီစဉ်ထားသည့်အတိုင်း သြ ဂုတ် ၂၃ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်၍ ဖျော်ဖြေပွဲ ကျင်းပ သွားမည်ဖြစ်သည်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top