iMyanmarHouse.com - Best Property Website for Myanmar
×











ရှေးလူကြီးတွေပြောတက်တဲ့ လာဘ်လာဘ ပိတ်တဲ့ နေထိုင်ပြောဆိုမှု ရှေးထုံးလေးတွေဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ စည်းကမ်းဆိုလည်းမမှားပါဘူး။

၁။ ဘုန်းကြီးကျောင်းက ပစ္စည်းအိမ်မှာ မသုံးရ။
၂။ဆွမ်းတော်တင် မစားရ။ (မစွန့်ဘဲ စားခြင်းကိုဆိုလိုသည်)
၃။ဘုရားညောင်ရေအိုး စုံမထားရ။(ဘုရားပန်းအိုးမဟုတ်ပါ။ညောင်ရေအိုး ပါ)
၎။လင်၏ လက်ယာဘက်တွင် ဇနီးမအိပ်ရ။
၅။ကိုယ်ထက်အသက်ကြီးသူထက် မြင့်တဲ့နေရာမှာ မထိုင်ရ။
၆။ဥပုသ်နေ့ ခေါင်းမလျှော်ရ။
၇။တစ်ချိန်တည်း(သို့) တစ်နှစ်တည်း သုံးမင်္ဂလာ မ လုပ်ရ။
၈။ဝါတွင်း အိမ်ထောင်မပြုရ။
၉။ဝါတွင်း အိမ်မပြောင်းရ။
၁၀။ဝါတွင်း ခေါင်းအုံး မချုပ်ရ။
၁၁။ညအခါ သန်းမရှာရ။
၁၂။အလကားနေရင်း သန်းဥ မဆွဲရ။
၁၃။ညအချိန် လေမချွန်ရ။
၁၄။ညဘက်တွင် ဓါးသွေးခြင်းမပြုရ။
၁၅။ညအချိန်မှာ လက်သည်း ခြေသည်း မညှတ်ရ။
၁၆။ညအချိန် ဆံ၊မုတ်ဆိတ်မရိတ်ရ။
၁၇။ဆိုင်ခုံမှာ လက်မထောက်ရ။
၁၈။ပြာသိုလ၊တပေါင်းလတွင် အိမ်မပြောင်းရ။
၁၉။အိမ်ထောင့်တွင် ဘူးပင်မစိုက်ရ။
၂၀။ကျောက်နီလက်စွပ်နှစ်ကွင်းထပ် မ၀တ်ရ။
၂၁။ထမင်းစားလျှင် ပါစပ်မှ ပျက်ပျက်မမြည်ရ။
၂၂။ထမင်းစားလျှင် ဇွန်းသံ မမြည်ရ။
၂၃။ထမင်း စားလျှင် လူကြီးထက် အရင်မစားရ၊အရင် ဟင်းမနှိုက်ရ။
၂၄။မိန်မ က ယေင်္ကျားကို ခြေဖြင့်မတို့ရ၊မကန်ရ။
၂၄။ခြေသံ ပြင်းပြင်းမနင်းရ။
၂၅။အပျိုမိန်းခလေး ပန်းနီမပန်ရ။
၂၆။ချစ်သူကို လက်ကိုင်ပုဝါ မပေးရ။
၂၇။မျက်ရည်ခံမှည့်ပါသူကို အိမ်ထောင်မပြုရ။
၂၈။မီးဖိုချောင် နှင့် ထမင်းစားပွဲ မှာ အိမ်မတ်အကြောင်းမပြောရ။
၂၉။မင်္ဂလာဆောင်တွင် ပုဂံ၊အိုးခွက် မကွဲရ။
၃၀။မင်္ဂလာဆောင်အား မုဆိုးမ၊တစ်ခုလပ် မပြင်ရ။
၃၁။နှစ်ဆန်းတစ်ရက်နေ့မှာ ပိုက်ဆံမသုံးရ။
၃၂။အသုဘ အိမ် သနပ်ခါး လိမ်းပြီးမသွားရ။
၃၃။အသုဘခေါင်း မလဲရ။
၃၄။ခေါင်ရမ်းပန်း မပန်ရ။
၃၅။အသုဘ ရက်စုံ မထားရ။
၃၅။မင်္ဂလာဆောင်သို့ ကိုယ်ဝန်ဆောင်မသွားရ။
၃၆။ညမှောင်လျှင် ကလေးကို အိမ်အပြင်ကို ချီမထွက်ရ။
၃၇။ညဥ့်ဘက် အိမ်အပြင် ဆံပင်မဖြန်ရ။
၃၈။ညဥ့်ဘက် သားစိမ်းငါးစိမ်းကို အိမ်အတွင်းသို့ မယူရ။
၃၉။လှေကားထစ် စုံ မထားရ။
၄၀။အိပ်ရာထ မျက်နှာ မသစ်ဘဲ အစာမစားရ။
၄၁။နတ်အုန်းဆွဲတဲ့ အခန်းမှာ လင်စုံမယာဖက် မအိပ်ရ။
၄၂။စလောင်းဖုံးနှစ်ချပ် မတီးရ။
၄၃။ယောင်းမနှင့် ထမင်းအိုးနှုတ်ခမ်း မရိုက်ရ။
၄၄။ထမင်းချက် လျှင် သီချင်းမဆိုရ။
၄၅။ထမင်းစားလျှင် သီချင်း မဆိုရ။
၄၆။အိမ်သား တစ်ဦးနေမကောင်းလျှင် ခေါင်းမလျှော်ရ။
၄၇။အိမ်သားတစ်ဦး ခရီးသွားလျှင် ခေါင်းမလျှော်ရ။
၄၈။ထဘီစောက်ထိုး မ၀တ်ရ။
၄၉။အိမ်ရှေ့ ငှက်ပျော ပင်မစိုက်ရ။
၅၀။လက်ဖက်စားပြီး ကလေးမနမ်းရ။
၅၁။ကတ်ကြေး စသည်တို့ကို ဘာမှမပါဘဲ မညှတ်ရ။
၅၂။အိမ်မှာ ဇယ်မခုတ်ရ။

Credit : Original Writer

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top