iMyanmarHouse.com - Best Property Website for Myanmar
×















ဝမ်းလျောခြင်းဟာ မိုးတွင်းကာလတစ်ခုတည်းမှာသာမဟုတ်ဘဲ၊ အချိန်ကာလမရွေး လူကြီး လူရွယ် လူငယ်မရွေး အခန့် မသင့် လျှင်ဖြစ်တတ်တဲ့ အဖြစ်များသောဝေဒနာ များထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် အစားအသောက်မှားခြ င်ြးေ ကာင့် ဖြစ် ရပါတယ်။ အစားအသောက်မှားခြင်းဆိုရာမှာ အမှည့်လွန်၍ အချဉ်ကဲသောအစားအသောက်အသီးအနှံများကို စားသောက် မိခြင်း၊ မသန့် ရှင်းသောရေ၊ မသန့်ရှင်းသော အစားအစာ နှင့် ယင်နားစာများတို့ ကို သောက်စားမိခြင်း တို့ ကြောင့်ပါ ဘဲ။ ၀မ်း လျောခြင်းမှာလည်း (၁) ကာလတိုဝမ်းလျောခြင်း နှင့် (၂) ကာလရှည်ဝမ်းေ လျာခြင်း ဟူ၍ နှစ်မျိုးရှိပြီး၊ ကာလတိုဝမ်းလျောခြင်းက ၂-ရက်ခန့် အကြာ မှာ ရပ်တန့်  သွားလို့ စိုးရိမ်ဖွယ်မရှိပါဘူး။ ကာလရှည်ဝမ်းသွားခြင်းကတော့ ၀မ်းလျှောတဲ့အကြိမ်ရေ
များတာ နဲ့ အမျှ ခန္ဓာကိုယ်ထဲမှာရေဓာတ်ဆုံးရှုံးသွားတာကြောင့် အချိန်မီကုသမှုခံ ယူ သင့်ပါတယ်။ သို့ မဟုတ်ပါက နောက်ဆက်တွဲပြဿ နာများအဖြစ် အစာအိမ်နာခြင်း၊ အစာအဆိပ်သင့်ခြင်း၊ သွေးပေါင်ထိုးကျသွားပြီး သတိလစ်ခြင်းအတွက်ပါ စိုးရိမ်ရပါ တယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းသော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေ ရွယ် ကလေးများ နှင့် သက်ကြီးရွယ် အိုတွေအတွက် ကာလတိုဝမ်းလျောခြင်းက ပင် စိုးရိမ်ဖွယ်ရာအဆင့်မှာရှိနေလို့  မပေါ့ဆသင့်ပါဘူး။ ကမ္ဘာပေါ်တွင် နှစ်စဉ်ဝမ်းရော ဂါဖြစ်ပွားသူ သုံးသန်းမှ ငါးသန်းအထိရှိပြီး၊ ၄င်းတို့ အနက် တစ်သိန်းကျော်ဟာဝမ်းေ ရာဂါကြောင့်သေဆုံးကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့ မှ ထုတ်ပြန်ေ ကြငြာ ထားပါတယ်။
အကယ်၍ နာရီပိုင်းအတွင်းမှာပင် ဆန်ဆေးရေအရောင် ၀မ်းတွေအဆက်မပြတ် သွားခြင်း(သို့ မဟုတ်)တစ်နေ့ တည်းမှာပင် ၀မ်း အရည် ၃-ကြိမ် နှင့်အထက် ၀မ်းသက်ခြင်း၊ ၀မ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း(သို့ မဟုတ်)ခံတွင်းခြောက် ၍ ရေအငမ်းမ ရသောက်ပြီးနောက် ထိုရေအတိုင်း ၀မ်းသွားခြင်း ပြန်အန်ထွက် ခြင်း စတဲ့ရော ဂါ လက္ခဏာများ ပြနေပြီဆိုပါက ဓာတ်ဆားရည်များများသောက်၍ နီးစပ်ရာ ဆေးရုံေ ဆး ခန်းသို့  မဆိုင်းဘဲပြသင့်ပါ တယ်။ အခြားသူများသို့  ဆက်လက်၍ မကူးစက်နိုင်အောင်
ဝမ်းသွားပြီးတိုင်း သန့် စင်ခန်း(အိမ်သာ)ကို ရေနိုင်နိုင်လောင်းချသင့် ပါတယ်။
အောက်ပါအိမ်တွင်းကုထုံးလေးများကလည်း ၀မ်းပျက်ဝမ်းလျောခြင်းကို သက်သာေ ပျာက်ကင်းစေနိုင်ပါတယ်။

(၁) ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးတဲ့အနေဖြင့် ရေကျက်အေးများများသောက် ပါ၊ ဆား နှင့် သကြားကို ဆူတရော၍ သောက်ပါ (သို့ မဟုတ်) သီးစုံဓာတ် ဆားရည် သောက်ပါ၊ လ္ဘက်ရည်ကြမ်းထဲကို သကြားအနည်းငယ်ထဲ့သောက်ပါ၊ ဂျင်းပြုတ် ရည်သောက်ပါ၊ အမည်းရောင် ထန်းလျက်ကျိုပြီး အနည်စစ်သောက်ပါ၊ အုန်းစိမ်းရည်သောက်ပါ။ (မည်သည့်အရည်မျိုးကိုဘဲ သောက်သောက် အအေး ခံ၍ သောက်ပါ)

(၂) ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲမှာပါရှိတဲ့ လက်တစ်အက်ဆစ်က အစာအိမ် နှင့်
အူ လမ်းေ ကြာင်းထဲရှိ ၀မ်းသွားစေသော ဘက်တီးရီး ယားပိုးများကို သေစေ နိုင် ပါတယ်။ (ဒိန်ချဉ်ထဲကို သကြား ထန်းလျက်ရည်မရောဘဲ ဖြစ်နိုင်ရင် သူ့ ချည်းစားပါ)

(၃) ၀မ်းလျောတဲ့ အကြိမ်ရေများတဲ့အခါ၊ သိသိသာသာ ပိန်ကျသွားပြီး အားအင် ကုန်ခမ်းသွားတာကြောင့် သက်သက်သာသာ အနားယူပါ။

(၄) ၀မ်းသွားခြင်းရပ်တန့် သွားသော်လည်း နောက် ၁၀-ခန့် ကြာတဲ့အထိ နို့ ထွက် ပစ္စည်းများဖြစ်ကြသော နို့ ၊ ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီ တို့ ကို မစားေ သာက်သင့်ပါဘူး။

(၅) အာဟာရအပြည့်မြန်ကာ မပျော့လွန်းမမာလွန်းသော ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြတဲ့ ထမင်း၊ ဆန်ပြုတ်၊ စွပ် ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကစ်မုန့် တို့ ကို စားပေးနိုင်ပါတယ်။

(၆) အမျှင်ဓာတ်များသော အစားအစာများက အစာအိမ် နှင့် အူတွေကိုအလုပ် ရှုပ်စေနိုင်တာကြောင့် ၀မ်းလျောပြီးနောက် ၃ ရက် ၄ ရက်ခန့် ကြာတဲ့ အထိ မစား သင့်ပါဘူး။ (ကွေကာအုပ်ကလည်း အမျှင်ဓာတ်များတဲ့အစားအစာ ထဲမှာပါေ နလို့  ရှောင်ပါ)

(၇) chamomile(ခေါ်)အ၀ါရောင်ဝတ်ဆံနှင့် ပွင့်ချပ်ဖြူဖြူပွင့်တဲ့တောပန်းလေးတွေက
ဝမ်းပျက်စေတဲ့ပိုးမွှားအန္တရာယ်မှ ကာကွယ် ပေးနိုင်တာကြောင့် ထိုတောပန်းေ လးများကို လ္ဘက်ခြောက်လိုမျိုးရေနွေးကြမ်းခပ်ကာ အအေးခံ၍သောက်နိုင်ပါတယ်။ (*City Mart * ဆိုင်တွေမှာ *chamomile tea အထုပ်လေးတွေကို အလွယ် တကူ ၀ယ်ယူရရှိနိုင်ပါတယ်)

(၈) ဘလူးဘယ်ရီသီးထဲမှာပါရှိတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းများက အူလမ်းေ ကြာင်း ထဲရှိ ၀မ်းပျက်ဝမ်းလျောပိုးတွေကို သုတ် သင်ပေးနိုင်ပါတယ်။ (မြန်မာပြည်မှာ
ဘလူးဘယ်ရီသီး မရနိုင်သော်လဲ၊ နိုင်ငံခြားဖြစ် ဘလူးဘယ်ရီသီး နှင့် ၄င်းေ ဖျာ် ရည်ဗူးများ* *ကို **City Mart **ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိ နိုင်ပါတယ်)

(၉) လိမ္မော်သီးအခွံလေးတွေကလည်း ၀မ်းပျက်ဝမ်းလျောခြင်းအတွက် ကောင်း ကျိုးပြုနိင်တာကြောင့်၊ လိမ္မော်ခွံကို ပြုတ်၍သော် လည်းကောင်း၊ ရေနွေးဆူဆူ ခပ်၍သော်လည်းကောင်း အအေးခံ၍ သောက်သုံးသင့်ပါတယ်။

(၁၀) ကုလားဟင်းချက်ရာတွင် အသုံးပြုလေ့ရှိသော ပဲနံ့ သာပင်အစေ့ကို ရေစိမ်၍ေ သာက်ပါ။ (ပဲနံ့ သာပင်အစေ့များကို အန္ဒိယ ရိုးရာ ပယဆေးဆိုင်တွေမှာ ၀ယ်ယူ ရရှိနိုင်ပါတယ်)

(၁၁) ဇီးသီးလုံးခန့် ပမာဏရှိသော နနွင်းမှုန့် ကို ရေနွေးကြမ်းဖြင့် ၃-ရက်ဆက် တိုက်သောက်ပါ။ လုံးဝပျောက်ကင်းနိုင်ပါတယ်။

(၁၂) လူနာက အသက် ၂၀ နှင်အထက်ဖြစ်ပါက ငရုတ်ကောင်း အလုံး ၂၀ ကိုပြာ မီးအုံပါ။ ၂-မိနစ်ခန့် အုံရင် ငရုပ်ကောင်းစေ့ ပွ လာပါလိမ့်မယ်။ အမှုန့် ကြိတ်၍၊ ရလာတဲ့အမှုန့် ကို အရက်ဖြူ ၁-ဇွန်း နှင့်အတူ ရေအေး ၁-ဇွန်းရောစပ်ပြီး သောက်ပါ။

(၁၃) သီး သီး အမှည့်စားပါ၊ သစ်ကြားသီး စားပါ၊ ရေသဖန်းပင်အခေါက် ကို ပြုတ်ေ သာက်ပါ ၊ မကျီးသီးစိမ်း စားပါ၊ ပိန္နဲပွင့် သုပ် စားပါ၊ ပိန္နဲသီးအနု ဟင်းချက် စားပါ၊
စမုံနက်စားပါ၊ ဂွေးသီးမှည့်စားပါ၊ ရဝေးသီးစားပါ၊ ကြေးပန်းအရွက်ကိုပြုတ်သောက်ပါ၊
ကြောင်လျှာမြစ်ပြုတ်သောက်ပါ၊ သရက်စေ့အဆန်ကို ၀ါးစားပါ၊ ကြာဖြူ ကြာညို ၀တ်ဆံများ စားပေးပါ။

(၁၄) ငါးပြက် စားပါ၊ ဂျီ(တောဂျီကောင်သား)သား စားပါ။

(၁၅) ပရန္န၀ါမြစ် သွေး၍သောက်ပါ၊ ဇာဒိဖ္ဖိုလ်သီးသွေးသောက်ပါ၊ ဆန်ဆေးရည်ေ သာက်ပါ၊ ကရမက်သွေး၍ သောက်ပါ။

(၁၆) မြေအိုတစ်လုံးထဲမှာ ကန်စွန်းရိုးနီ ၁၁ ပင်ကို သင့်သလိုဖြတ်တောက်၍၊အညိုေ ရာင်ထန်းလျက် ၁၅ကျပ်သားထဲ့ကာ ကန် စွန်းပင်တွေ ရေမြုပ်တဲ့အထိ ရေဖြည့်၍
ကန်စွန်းညွန့် များနူးအိလာတဲ့အထိပြုတ်ပေးပါ။ ထိုပြုတ်ရည်နွေးနွေးအား ရေဆာ တိုင်း သောက်ပါ။ တစ်ကြိမ်သောက်လျှင် ရေနွေးကြမ်းပန်းကန်လုံး တစ်လုံးစာေ လာက်သောက်ပေးရပါမယ်။ ဤနည်းအတိုင်း ၅ ကြိမ် ၆ ကြိမ်ခန့် သောက်ပြီးပါက
သူ့ အလိုလို ၀မ်းရပ်သွားပါလိမ့်မယ်။

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top