iMyanmarHouse.com - Best Property Website for Myanmar
×

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Sign Of Love ဇာတ်ကားနဲ့ ပထမဆုံးစတင် သရုပ်ဆောင် ရိုက်ကူးခဲ့တာဖြစ်သလို၊ ဒီဇာတ်ကားနဲ့ပဲ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိသွားတဲ့ သူကတော့ ကောင်းမြတ်စံပါပဲ။ သူက ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ပရိသတ်တွေ သူ့ကို  လက်ခံလာကြတဲ့အပေါ် “အဲဒီလို ဝင်ရောက်လာခဲ့စဉ်ကနေစလို့ ကျွန်တော့်မှာ အရည်အချင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပရိသတ်တွေ လက်ခံပေးလာကြတာတွေ့ရပါတယ်။ ပရိသတ လက်ခံလာတာနဲ့အမျှ အောင်မြင်မှုဆိုတာကလည်းရတယ် ဆိုတော့ အနည်းနဲ့အများတော့ အရင်ကထက် ကျွန်တော့်ကို လူသိများလာတယ်။ အနုပညာအလုပ်တွေလည်း ပိုလုပ်လာရပါတယ်။ ပရိသတ်တွေနဲ့လည်း ရင်းနှီးမှုပိုရခဲ့တယ်။ ဘာပဲပြောပြော အရင်ကထက် ပိုနေရာရလာတယ်။”လို့ ပြောပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သူက “ကျွန်တော် Biogesic ဆေးကြော်ငြာ ရိုက်ထားပါတယ်။ ပြီးတော့ Pepsi ကြော်ငြာကတော့ အခုတီဗီမှာလွှင့်နေပြီ။ ဆေးကြော်ငြာအတွက် ဘေဘုတ် ရိုက်ထားတာရှိတယ်။ နောက်VCD တွေရိုက်ဖြစ်နေပါတယ်” တဲ့။

ဒီဘက်ခေတ်မှာရှိတဲ့ အနုပညာရှင် တော်တော်များများက သရုပ်ဆောင်အနေနဲ့ရော၊ ဂီတလမ်းကြောင်းပေါ် နှစ်ခုစလုံး လုပ်ဆောင်လာကြပြီဆိုတော့ ကောင်းမြတ်စံအနေနဲ့ရော ဂီတလမ်းကြောင်းပေါ် ရပ်တည်သွားဖို့ရှိမလားဆိုတဲ့အကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါမှာတော့ “ကျွန်တော် ဝါသနာ တော့ပါတယ်။ ဒါပေမယ့်အခွင့်အရေးမရသေးဘူးလို့ပဲ ပြောရမလားပေါ့။ ဂီတလမ်းကြောင်းပေါ်မှာတော့ လျှောက်လှမ်းဖြစ်မယ်လိမ့်မယ်လို့ မထင်သေးပါဘူး။ သရုပ်ဆောင်အလုပ်နဲ့ပဲ ရပ်တည် သွားဦးမှာပါ။”လို့ သူက ပြောပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top