iMyanmarHouse.com - Best Property Website for Myanmar
×










ကိုယ်ဟန်အမူအယာကို အသုံးပြုခြင်းဟာ စကားလုံးတွေထက် သမီးရည်းစားဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ သင့်လက်ဟန်ခြေဟန်တွေကို ဘယ်လိုအသုံးပြုရမလဲ။

(၁) မှန်ုကြည့်နေသလို စကားပြောပါ                                                              

ကိုယ်ဟာ ကိုယ့်ချစ်သူထက် ပိုမြင့်တဲ့ အနေအထားမှာ ထိုင်နေတာမျိုး၊ ခြေဒေါက်ကို ချိတ်ထားပြီး လက်ချောင်းတွေကို ခေါင်းအနောက်မှာထားကာ ဆရာကြီးသဖွယ် ထိုင်နေတာမျိုးတွေ ဖြစ်နေမယ်ဆိုရင် သူတို့စိတ်ထဲမှာ တစ်မျိုးတစ်မည် ခံစားသွားရနိုင်ပါတယ်။ ။ ပိုပြီးနိမ့်တဲ့ နေရာအနေအထားမျိုးမှာ ထိုင်တဲ့လူတွေဟာ ခုခံတုံ့ပြန်တတ်ပြီး အမြတ်ဒေါသတွေ ရှိနေတတ်ပါတယ်။ ဒါကို သတိထားပါ။

(၂) သင့်လက်တွဲဖော်ရဲ့ နှုတ်ခမ်းကို သေချာကြည့်ပါ

တစ်စုံတစ်ယောက်မှာ ပြောစရာ တစ်ခုခုရှိတဲ့အခါ ခံစားချက်ကို စတင်ထုတ်ဖော်ဖို့ ဦးနှောက်ကနေ နှုတ်ခမ်းတွေဆီကို လျှာနဲ့ သတင်းအချက် အလက်တစ်ခု ပို့ပေးပါတယ်။ လူတစ်ယောက်က သူ့နှုတ်ကနေ တစ်ခုခု ပြောဆိုချင်တာကို သတိပြုမိတဲ့အခါ စကားလုံးအနေနဲ့ ထွက်မလာခင်မှာတောင် သူပြောဆိုမယ့် အကြောင်းအရာကို သင်ကကြိုသိနေရင် ဒါကောင်းတဲ့အချက်ပါ။

(၃) လက်ဖဝါးတွေ အသုံးပြုပြီး ယုံကြည်မှု တည်ဆောက်ပါ

သင့်လက်တွဲဖော်အပေါ် ယုံကြည်မှု ထားသင့်မထားသင့် သိရအောင်  ပွင့်လင်းမှုရှိတဲ့ ကိုယ်ဟန်အမူအရာသုံးပြီး သူ/သူမဆီကို ချဉ်းကပ်ပါ။ စကားအပြန်အလှန် ပြောဆိုနေစဉ်အတွင်း သူ့ဆီကို ခြေဖျားနဲ့ မထိတထိလုပ်ပါ။ မကြာခဏ ပြုံးပြပြီး လက်ဖဝါးတွေနဲ့ အမူအရာ လုပ်ပြပါ။

(၄) တို့ထိပြီး စကားအငြင်းအခုံတွေလုပ်ပါ

သင့်ချစ်သူကို မကြာခဏ ထိတွေ့ပေးခြင်းဟာ ဆက်ဆံရေးကို ခိုင်မြဲစေတာ အသေအချာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ခြင်းဟာ ယုံကြည်မှုကို ခံစားရရှိစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချပေးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top