iMyanmarHouse.com - Best Property Website for Myanmar
×











1-ပြန်လည်စတင်နိုင်ဖို့ အချိန်ပေးပါ။

2-သင့်ရဲ့ဖြစ်တည်မှုဟာ လောကကြီးအတွက် လက်ဆောင်တစ်ခုပါ။

3-သင်ဟာ ပြိုင်စံကင်းတဲ့ လူတစ်ဦးပါ။

4-သင့်ဘဝဆိုတာ သင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်နိုင်ပါတယ်။

5-နေ့ရက်များစွာကို တစ်ကြိမ်မှာ တစ်ရက်သာလျှင် အသုံးချပါ။

6-သုခတွေကိုသာတွေးပြီး ဒုက္ခတွေကို မေ့ထားပါ။

7-ဖြစ်ပျက်လာသမျှ အရာရာတိုင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

8-သင့်ဆီမှာ ဖြေရှင်းချက်ပေါင်းမြောက်မြားစွာ ရှိပါတယ်။

9-နားလည်မှုပါ၊ သတ္တိရှိပါ၊ ခံနိုင်ရည်ရှိပါ။

10-သင့်အပေါ် ကန့်သတ်ချက်တွေ မထားပါနှင့်။

11-လက်တွေ့အကောင်အထည်ဖေါ်ပေးဖို့ အိပ်မက်ပေါင်းများစွာ စောင့်ကြိုနေပါတယ်။

12-ဆုံးဖြတ်ချက်တွေဟာ ကံကြမ္မာကို အခွင့်အရေးမပေးနိုင်လောက်အောင် အရေးပါလွန်းပါတယ်။

13သင့်ရဲ့ပန်းတိုင်အတွက် အောင်မြင်မှု အမြင့်မားဆုံးရအောင် ကြိုးပမ်းပါ။

14-စိုးရိမ်ပူပန်ခြင်းထက် စွမ်းအားဖြုန်းတီးသောအရာ မရှိပါ။

15-ပြဿနာတစ်ခုကို အချိန်အတော်ကြာ သယ်ဆောင်လေ၊ အဲဒီအကျိုးဆက်ကို ပို၍ခံစားရလေပါပဲ။

16-အရာရာတိုင်း ပြင်းပြင်းထန်ထန် မလုပ်ဆောင်ပါနှင့်။

17-ငြိမ်းချမ်းတဲ့ဘဝမျိုးအဖြစ် ရှင်သန်ပါ၊ ဝမ်းနည်းစရာ ဘဝမျိုးမဖြစ်ပါစေနှင့်။

18-မေတ္တာအနည်းငယ် ပေးကမ်းခြင်းက ခရီးအတော်ရောက်တယ်ဆိုတာ သတိရပါ။

19-မေတ္တာအမြောက်အများ ပေးကမ်းမယ်ဆိုရင်တော့ ထာဝရတည်တံ့မယ်ဆိုတာ သတိရပါ။

20-မိတ်ဆွေစိတ်ဆိုတာ အကျိုးကျေးဇူးများတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ သတိရပါ။

21-ဘဝရဲ့ ရတနာဆိုတာ လူတွေအားလုံး ပူးပေါင်းနေထိုင် လုပ်ကိုင်ခြင်းပါ။

22-ဘယ်တော့မှ အလွန်အမင်း နောက်မကျသေးဘူးဆိုတာ သဘောပေါက်ပါ။

23-သာမန်အကြောင်းကိစ္စတွေကို ထူးထူးခြားခြား နည်းလမ်းနဲ့ လုပ်ကိုင်ဆောင်ရွက်ပါ။

24-မိသာစုစိတ်ဓါတ်၊ မျှော်လင့်ချက်၊ ပျော်ရွှင်မှုတွေ ရှိပါစေ။


 ပြီးတော့...
သင်ဟာ အလွန်ထူးခြားတယ်ဆိုတာကို
တစ်နေ့မျှပင် မမေ့ပါနှင့်။

Credit :နေလင်းအောင်

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top