iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား မိန်းက လေးအဆိုရှင်များအဖွဲ့ Girl's Day သည် နိုင်ငံတကာကလေးငယ် များ ထောက်ပံ့ရေးအဖွဲ့ Plan Korea သံတမန်များအဖြစ် သြ ဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံသို့ လုပ်အားပေးသွား ရောက်ပေးမည်ဟု Girl's Day အဖွဲ့ အေဂျင်စီက ပြောသည်။

 Girl's Day အဖွဲ့ဝင်များ သည် ထိုင်းမိန်းကလေးများ မွေး စာရင်းရရှိစေခြင်းနှင့် ထိုင်းမိန်းက လေးများအတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားခြင်းများတွင် ပါ ၀င်ဆောင်ရွက်သွားမည်ဟု အေ ဂျင်စီက ပြောသည်။

ကေပေါ့ပ်အဖွဲ့ Girl's Day သည် ၂၀၁၃ သြဂုတ်လကလည်း Plan Korea အဖွဲ့နှင့်အတူ ထိုင်း နိုင်ငံသို့ လုပ်အားပေး သွားရောက် ခဲ့သည်။

ဇူလိုင် ၁၃ ရက်က ကျင်းပ ခဲ့သော Girl's Day အဖွဲ့၏ ပထမ အကြိမ် တစ်ကိုယ်တော်ဖျော်ဖြေ ပွဲမှ ရရှိသည့် အကျိုးအမြတ်များ အားလုံးကို Plan Korea အဖွဲ့သို့ လှူဒါန်းခဲ့သည်ဟု သိရသည်။

ယခုနှစ် ထိုင်းနိုင်ငံလုပ်အား ပေးခရီးစဉ်တွင် Girl's Day အဖွဲ့ ၀င်များသည် မွေးစာရင်းမရှိဘဲ နေထိုင်နေသော မိန်းကလေးလေး ဦးနှင့် တွေ့ဆုံ၍ မွေးစာရင်းများ ရရှိစေရန် ကူညီပေးသွားမည်ဟု Plan Korea အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top