iMyanmarHouse.com - Best Property Website for Myanmar
×

Jennifer Lopez တစ်ယောက်သူမရဲ့ချစ်သူဟောင်း Casper Smart နဲ့ပြန်တွဲနေတယ်လို့ သတင်းတွေပျံ့နှံ့နေပါတယ်။ တနင်္ဂနွေနေ့ည MTV ဂီတဗီဒီယိုဆုပေးပွဲကို သူတို့နှစ်ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦး အတူရောက်ခဲ့တာတော့မဟုတ်ပါဘူး။

သူတို့စုံတွဲဟာ နှစ်နှစ်ကြာတွဲလာခဲ့ပြီး ဇွန်လမှာ ကွဲကွာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ California ပြည်နယ် Los Angeles မြို့မှာ J Lo ရဲ့ BMW ကားနဲ့လျှောက်သွားနေတာကို တွေ့ခဲ့ရပါတယ်။

သူတို့မတူညီတဲ့ နေရာတွေမှာ ထိုင်နေခဲ့တယ်ဆိုပေမယ့် ကြော်ငြာလာလို့ အစီအစဉ်ရပ်နားတဲ့အချိန်မှာ Casper က Jennifer ရှိတဲ့နေရာကို အရောက်သွားခဲ့တယ်လို့ TMZ ရဲ့အဆိုအရသိရပါတယ်။

သူတို့နှစ်ဦးက Skittles မုန့်လို့ထင်ရတဲ့အရာကို အတူတူစားပြီး အခမ်းအနား တစ်လျှောက်လုံး စကားပြောခဲ့ကြပါတယ်။

Smart တစ်ယောက် လိင်ပြောင်းမော်ဒယ်လ်တစ်ဦးဖြစ်သူ Sofie Vissa နဲ့ အီစီကလီ လုပ်နေခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကြောင့် သူတို့နှစ်ဦးကွဲခဲ့ရတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် Smart ကအဲဒီ့ကိစ္စကိုငြင်းဆိုခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top