iMyanmarHouse.com - Best Property Website for Myanmar
×










နွေရာသီတစ်ခုလုံး ဥရောပမှာ ဖျော်ဖြေပွဲတွေ လုပ်နေတဲ့ Limp Bizkit  အဖွဲ့ဟာ Machine Gun Kelly နဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေ ဆက်တိုက် လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုကို ပြန်လည် ရောက်ရှိနေပါပြီ။

Limp Bizkit အဖွဲ့ ဟာ သူတို့ရဲ့ သီချင်းအသစ် “Endless Slaughter” ကို သြဂုတ်လ ၁ ရက်နေ့မှာ Limp Bizkit ရဲ့ တရားဝင် ၀က်ဘ်ဆိုက်ကတဆင့် အခမဲ့ download ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။ ဒီသီချင်းဟာ သူတို့ရဲ့ အသစ်ထွက်ရှိမယ့် “Stampede of the Disco Elephants” ဆိုတဲ့ Album ထဲကဖြစ်ပါတယ်။

Limp Bizkit ရဲ့ ရှေ့ထွက် တစ်ဦးဖြစ်တဲ့ Fred Durst ကတော့ သြဂုတ်လထဲမှာ eHarmony Commercial ဆိုတဲ့ စီမံကိန်းတစ်ခုနဲ့ မအားလပ်နိုင်ခဲ့ပေမယ့်သူ့ Band နဲ့ အတူ တွဲဖက်ဖျော်ဖြေမယ်လို့သိရပါတယ်။

Limp Bizkit နဲ့ Machine Gun Kelly ရဲ့ တွဲဖက်နယ်လှည့်ဖျောဖြေရေးကို စက်တင်ဘာ ၁၃ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်သလို ပွဲပေါင်း ၂၁ ပွဲကို ဖျော်ဖြေသွားဖို့စီစဉ်ထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top