iMyanmarHouse.com - Best Property Website for Myanmar
×














သင်ဟာ အသက် ၂၀ ကျော် လာပြီဆိုတာနဲ့ ကိစ္စတော်တော်များများကို နက်နက်နဲနဲ စဉ်းစားပြီး ချဉ်းကပ်ဖို့လိုလာပါပြီ။ အဲဒီထဲမှာ ချစ်သူရည်းစား ဆက်ဆံရေး ကိုလည်းမေ့ထားလို့မရပါဘူး။ သင်ကောလိပ် ကျောင်းမှာတုန်းက ရည်းစားထားခဲ့သလို သင့်ရဲ့ရင့်ကျက်လာတဲ့ အသက်အရွယ်မှာ ပြုမူနေထိုင်နေလို့မရပါဘူး ။ သင့်ရဲ့ အတည်ရည်ရွယ်ထားတဲ့ ချစ်သူ နဲ့ တစ်သက်လုံး ဘ၀ကို လက်တွဲဖို့ အတွက် တစ်ချို့သော အချက်အလက်လေးတွေကို လိုက်နာပြီး သင့်ရဲ့ လက်တွဲဖော်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရပါတော့မယ်။

၁။ ရေရှည်ကိုတွေးကာရွေးချယ်ပါ
သင်ဟာ ဆယ်ကျော်သက်တစ်ယောက် လို ကြိုက်ချင်တိုင်းကြိုက်သင့်တဲ့ အရွယ်မဟုတ်တော့ပါဘူး။ ကိုယ် အတည်တွဲမယ့် လက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာ သူ/သူမ ရဲ့ အလုပ်အကိုင် ၊ သူ့မိသားဝုတွေအကြောင်း ၊ သင်နဲ့ အံဝင်ခွင်ကျလိုက်ဖက်ရဲ့လားဆိုတာကို ထည့်စဉ်းစားပါ။ အချစ်မှာ မျက်စိမပါဘူး လို့တော့ မတွေးပါနဲ့တော့။ တစ်ခါတစ်လေမှာ အချစ်ဟာ ဥာဏ်ပညာ ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသင့်ပါတယ်။

၂။ အချိန်တွေကို အတူတကွ စီမံခန့်ခွဲပါ
သင်ဟာ အရွယ်ရောက်နေသူ တစ်ယောက်ဖြစ်သလို သင့်ရဲ့လက်တွဲဖော်ဟာလည်း ကလေးမဟုတ်တော့ပါဘူး။ သင်တို့ နှစ် ယောက်လုံးမှာ အားလပ်ချိန်တွေ တူညီနိုင်သလို အလုပ်ချိန်တွေဟာလည်း တူညီနေနိုင်ပါတယ်။ ဆယ်ကျော်သက်လေးတွေလည်း လျှောက်လည်ဖို့ ချိန်းလို့ မအားဘူးပြောရင် စိတ်ကောက် နေတာ မကောင်းပါဘူး။ သူ/သူမ ရဲ့ အရေးကြီး ဦးစားပေးရမယ့်အချိန်တွေ ၊ သင်တို့ နှစ် ယောက်ရဲ့ အတူရှိချိန်တွေကို ရင့်ကျက်စွာနဲ့အတူ စီမံခန့်ခွဲပါ။

၃။ပိုက်ဆံကိစ္စတွေကို ဘယ်လိုညှိနှိုင်းမှာလဲ
သင့်ရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ပိုက်ဆံဆိုတာလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်လာပါပြီ။ သင်တို့အတူ အပြင်မှာလျှောက်လည်ကြတဲ့အခါ ၊ညစာထွက်စားကြတဲ့အခါ ကုန်ကျစရိတ်ကို တစ်ယောက်တစ်ဝက်မျှဝေ အကုန်ကျခံမှာလား။ ဒါမှမဟုတ် သင့်ထက် ၀င်ငွေကောင်းတဲ့ လက်တွဲဖော်ကိုရွေးချယ်မှာလား။ ဘာပဲဖြစ်ဖြစ်ပါ ဘ၀တစ်ခုကိုတူတူ ထူထောင်ကြမယ်ဆိုရင် ပိုက်ဆံနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် ငြိုငြင်စရာ မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ကြပါ။

၎။ ချစ်သူရည်းစား ကြားကပြသနာတွေကို ဂရုစိုက်ပါ
ဘယ်လောက်ပဲ ရင့်ကျက်တယ်ပြောပြော၊ ဘယ်လောက်ပဲ ချစ်ကြပါတယ်ပြောပြော ရန်မဖြစ်တဲ့ ချစ်သူရည်းစား ဆိုတာ မရှိသလောက်ရှားပါတယ်။ သင်လည်း ရန်ဖြစ်နေရမှာပါပဲ။ ဒါပေမယ့်လည်း အမြင်မတူတဲ့ ငြင်းခုံမှုတွေ ၊ သ၀န်တိုမှုတွေ ၊ပိုက်ဆံကြောင်းဖြစ်တဲ့ ပြသနာတွေကို ဂရုစိုက်ပါ။ သင်တို့ စကားများနေဖို့လောက်အထိတန်ရဲ့လား။ အဆိုးဆုံးကတော့ ကတိမတည်တာ ဖြစ်ပါလိမ့်မယ်။ တစ်ဖက်က ကတိတည်နေပေမယ့် တစ်ဖက်က ကတိမတည်တဲ့အခါမှာ သေချာပေါက်ပြသနာ တက်ကြမှာပါ။ ရင့်ကျက်တဲ့ ဆက်ဆံရေးမှာ ကတိတည်နိုင်အောင်ကြိုးစားပါ။

၅။ ပြောင်းလဲသင့်တာကိုပြောင်းလဲပါ
လောကမှာ ဘယ်အရာမှ ပုံသေပြောလို့ မရနိုင်ပါဘူး။ အဲဒီအတွက် သင့်ရဲ့ ရင့်ကျက်မှုပေါ်မူတည်ပြီး ပြောင်းလဲသင့်တာကိုပြောင်းလဲပါ။ သင်ပြောင်းလဲရင် သင့်လက်တွဲဖော်လည်းပြောင်းလဲမှာပါ။ ဒါတင်မကပဲ ပတ်ဝန်းကျင်ကပါ အလိုလျောက်ပြောင်းလဲလာပါလိမ့်မယ်။ ဖက်ရှင်(သို့) စိတ်ဓါတ်(သို့) အလေ့အကျင့် အစရှိတဲ့ သင်တို့ နှစ် ယောက် ကိုဝေးစေမယ့် အရာတွေ ပြောင်းလဲလိုက်ပါ။ ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပါစေ။ ရှည်ကြာတဲ့ ဆက်ဆံရေးတစ်ခု ဟာ တစ်သမတ်တည်းသွားနေ လို့မရပါဘူး။

Credit : Trend

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top