အနုပညာပျိုးခင်းက ထပ်တင်မယ့် အနုပညာရှင်သစ်တွေကို တတ်စွမ်းသလောက်ကူညီပေးသွားမယ့် ရွှေမှုန်ရတီ
အသက်ငယ်ငယ်နဲ့ သွက်လက်ထက်မြက်သလို သရုပ်ဆောင်ပညာမှာလည်း ခေသူမဟုတ်တဲ့ ရွှေမှုန်ရတီကို အနုပညာပျိုးခင်းကတစ်ဆင့် အနုပညာလောကထဲ ရောက်ရှိလာသူမှန်း အားလုံး သိပြီးဖြစ်ကြမှာပါ။ ခုအခါ အနုပညာပျိုးခင်းက နောက်ထပ်သရုပ်ဆောင်အသစ်တွေ ထပ်မံရွေးချယ်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး သူမက ၀မ်းသာပါတယ်တဲ့။
“နောက်လူတွေတင်မှာ အရမ်းကို ကောင်းပါတယ်။ အရမ်းလဲဝမ်းသာတယ်။ နောက်လူတွေလာရင်လဲ ရွှေမှုန့်ရဲ့ဆရာတွေက သူတို့ရဲ့တပည့်တွေကို အကောင်းဆုံး ပျိုးထောင်သွားမှာဖြစ်တဲ့တွက် ရွှေမှုန်တို့ကလဲ တတ်နိုင်သလောက် ကူညီသွားမှာပါ။ ရွှေမှုန်တို့လဲ လေ့လာလိုက် ရိုက်လိုက်ဆိုတော့လေ။ လေ့လာလို့မကုန်တဲ့ အရာတွေထဲမှာ ဒီအနုပညာကလဲ တစ်ခုအပါအ၀င်ဆိုတော့ နောက်အသစ်တက်လာမဲ့ သူတွေကိုလဲ ရွှေမှုန်တို့တတ်နိုင်သလောက် ကူညီပေးသွားမှာပါ။”လို့ ရွှေမှုန်ရတီက ပြောပါတယ်။
ဇာတ်ကားထဲမှာ ၀တ်ဆင်တဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက “အ၀တ်အစား ၀တ်ဖြစ်တဲ့အပိုင်းကတော့ ကာရိုက်တာကိုပဲ ကြည့်တာပေါ့နော်။ တစ်ခါတစ်လေ ဖက်ရှင်တွေမှားပြီး စီစဉ်တာမျိုးတွေရှိတယ်။ ရွှေမှုန်က များသောအားဖြင့် ရွှေမှုန်ကြိုက်တဲ့ ကာရိုက်တာမျိုးလေးတွေမှာ ၀တ်တတ်တဲ့ အ၀တ်အစားကို ၃ ကား ၄ကားစာလောက်ကြိုပြီးပြင်ထားတတ်တော့ သိပ်တော့ အခက်အခဲမရှိပါဘူ။ ဒီဇိုင်နာတွေကတော့ ကားကြီးဆိုရင် Vivid (မသဲ)ဆီမှာ ချုပ်ဖြစ်ပါတယ်”တဲ့။
လက်ရှိမှာ သူမဟာ အချစ်ကိုစောင့်ဆိုင်းခြင်းဆိုတဲ့ ဗီဒီယိုကားလေးကို ရိုက်ကူးနေတယ်လို့ သိရပြီး ဒီကားပြီးရင်လည်း ဦးသိန်းဟန်(ဖီးလစ်) ရိုက်တဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...