iMyanmarHouse.com - Best Property Website for Myanmar
×










လူသားတွေအဖို့ ချမ်းသာကြွယ်ဝမှု အရေးကြီးသလို ကျန်းမာခြင်းသည်လည်း အရေးကြီးဆုံးအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကျန်းမာနေတဲ့သူတစ်ယောက်ဟာ ကိုယ်ဖန်တီးချင်၊ လုပ်ချင်တဲ့ အရာတွေကို လုပ်ခွင့်ရသလို အောင်မြင်ဖို့အတွက်လည်း အလားအလာကောင်းတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ကျန်းမာတဲ့ဘဝရရှိပိုင်ဆိုင်ဖို့ အနှောက်အယှက်များအဖြစ် ယုံကြည်လက်ခံထားတဲ့ အရာများစွာရှိကြပါတယ်။

(၁) လက်ပတ်နာရီ ၀တ်မအိပ်ပါနဲ့

လက်ပတ်နာရီက ရေဒီယိုသတ္တိကြွဓာတ်တွေကို ထုတ်လွှတ်ပေးနိုင်တယ်။ သေးငယ်တယ်ဆိုပေမဲ့ ညအိပ်ချိန်အတွင်း လက်ပတ်နာရီကို အချိန်ကြာကြီး ပတ်အိပ်မယ်ဆိုရင် သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) ဘရာစီယာနဲ့ဝတ်မအိပ်ပါနဲ့

နာရီပေါင်း (၁၂) နာရီထက်ကြာ အတွင်းခံဝတ်ဆင်သူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်များရှိနေကြောင်း အမေရိကန်သိပ္ပံပညာရှင်များက လေ့လာတွေရရှိခဲ့ကြပါတယ်။ ဒါကြောင့်မို့ ဘရာစီယာမပါဘဲနဲ့သာ အိပ်ပါ။

(၃) ဖုန်းနဲ့အတူမအိပ်ပါနဲ့

အိပ်ယာဘေး (သို့) အနီးနားတစ်နေရာမှာ ဖုန်းထားခြင်းကို အားမပေးပါဘူး။ ကျွန်တော်တို့အများစု ဖုန်းကို နှိုးစက်အဖြစ် အသုံးပြုမယ်ဆိုရင်တောင် ကျေးဇူးပြုပြီး ဖြစ်နိုင်သမျှ  ခပ်ဝေးဝေးမှာ ထားဖို့လိုပါတယ်။။ မိုဘိုင်းလ်ဖုန်းနဲ့ ရုပ်မြင်သံကြားစက်တွေအပါအဝင် လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုတဲ့အခါ သံလိုက်လှိုင်းတွ ထုတ်လွှတ်ပေးတယ်လို့ သိပ္ပံပညာရှင်တွေက သက်သေအထောက်အထားတွေနဲ့ပြသခဲ့ပါတယ်။ အဲဒီသံလိုက်လှိုင်းတွေက ဦးနှောက်အာရုံကြော စနစ်တွေကို ပျက်ဆီးစေနိုင်တယ်။ အဲဒါကြောင့် မိုဘိုင်းလ်ဖုန်းကို သင့်အနီးအနား ထားဖို့လိုအပ်ရင် အရင်ဆုံးပါဝါခလုတ်လေး ပိတ်ထားဖို့လိုပါတယ်။

(၄) မိတ်ကပ်လိမ်းခြယ်ပြီး မအိပ်ပါနဲ့

မိတ်ကပ်လိမ်းခြယ်ထားပြီး အိပ်ယာဝင်တတ်တဲ့သူတွေ ရေရှည်မှာ အရေပြားပျက်စီးတဲ့ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ မိတ်ကပ်လိမ်းပြီး အိပ်တာဟာ အရေပြားကို အသက်ရူရ ခက်ခဲခြင်းနဲ့ ချွေးပေါက်တွေမှာလည်း အညစ်အကြေး ပိတ်ဆို့မှုတွေ ဖြစ်စေနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ပိုမိုကြာရှည်တဲ့ အချိန်ကာလလည်း လိုအပ်မှာဖြစ်တယ်။ ဒါနောက်ဆုံးအချက်နဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။

(၅) ဘောင်းဘီနဲ့ ညမအိပ်ပါနဲ့

တက်ကြွလန်းဆန်းပြီး အနံ့အသက်ကင်းစင်တဲ့ တစ်ကိုယ်ရေ တစ်ကာယအခြေအနေကို ရရှိပိုင်ဆိုင်ဖို့တွက် အဲဒီအဓိကနေရာကို လေကောင်းလေသန့် ဝင်ထွက်နိုင်အောင် ဘောင်းဘီဗလာနဲ့ အိပ်ပေးရပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top