iMyanmarHouse.com - Best Property Website for Myanmar
×











၂ဝဝ၆ခုနှစ် ဇွန်လမှာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး၊ “စတော့ပ်ဘုရင်”လို့ တင်စားခံရတဲ့ အမေရိကန်နာမည်ကြီးရင်းနှီးမြှုပ်နှံသူ Warren Buffett ဟာ ဒေါ်လာ သန်း ၃၇ဝဝဝ ကို ပရဟိတ္တလုပ်ငန်းတွေအတွက် လှူဒါန်းလိုက်ကြောင်း ကြေညာခဲ့တယ်။ ဒီငွေတွေဟာ သူပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းရဲ့ ၈၅%ခန့်ရှိပါတယ်။

နယူးယောက်တိုင်းမ်သတင်းထောက်တစ်ဦးက Buffett ကို “ဒီလောက်များတဲ့ငွေတွေကို ခင်ဗျားလှူဒါန်းပစ်လိုက်တယ်၊ ခင်ဗျားသားသမီးတွေအတွက် ခင်ဗျားဘာချန်ထားခဲ့မှာလဲ” လို့ မေးမြန်းခဲ့တယ်။
Buffett က “ကျွန်တော့်သားသမီးတွေအတွက်တန်ဖိုးအရှိဆုံးပစ္စည်းဥစ္စာတွေ ကျွန်တော်ပေးပြီးသားပါ” လို့ ဖြေတယ်။

“သားသမီးတွေ ငယ်ရွယ်စဉ်အခါက သူတို့အပေါ် ကျွန်တော်တောင်းဆိုမှုမများခဲ့ဘူး။ သူတို့လုပ်ချင်တာကို ကျွန်တော်ပေးလုပ်ခဲ့တယ်။ ရွံ့တွေဆော့တယ်၊ ပန်းပင်မြက်ပင်တွေ ကစားတယ်၊ သီချင်းနားထောင်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ လယ်တောထဲပြေးလွှားဆော့ကစားတယ်.. ဒါတွေဟာ ကျွန်တော့်ကလေးတွေရဲ့ ငယ်စဉ်ဘဝတွေပဲ။ ကလေးတွေပျော်ရွှင်ဖို့ ကျွန်တော်အတတ်နိုင်ဆုံး လုပ်ခဲ့တယ်။ သူတို့ပျော်ရွှင်ဖို့ အခွင့်အရေးတွေကို ဖန်တီးပေးခဲ့တယ်။ ကစားဖို့နေရာတွေ ပိုရွေးချယ်ခွင့်ပေးခဲ့တယ်။ သူတို့ကို လုပ်ငန်းရှင်ကြီးတွေဖြစ်ရမယ်လို့ ကျွန်တော်ဘယ်တော့မှ မတောင်းဆိုခဲ့ဖူးဘူး။ သူတို့နှစ်သက်တာတွေကို သူတို့ရွေးချယ်စေခဲ့တယ်။ နောက်တော့ ကျွန်တော့်သားကြီး Howard က ဓာတ်ပုံဆရာဖြစ်လာခဲ့တယ်။ ကျွန်တော့်သားငယ် Peter က ဂီတသမားဖြစ်လာခဲ့တယ်။ ကျွန်တော့်သမီး Susanက အိမ်ထောင်ရှင်မဖြစ်လာခဲ့တယ်။ ဒါပေမယ့် အိမ်မှုကိစ္စတော်တော်များများ သူမလုပ်ပါဘူး။ သူတို့ဟာ သူတို့အလုပ်နဲ့သူတို့ ပျော်ရွှင်နေကြတယ်”

“သားကြီး Howard စီးပွားရေးလုပ်တာ ရှုံးနိမ့်သွားတဲ့အချိန် သူ့ကို ကျွန်တော်မကူညီချင်ခဲ့ဘူး။ သူကိုယ်တိုင်လဲကျရင် သူကိုယ်တိုင်ထရပ်ရမှာပါ။ ဒါပေမယ့် ကျွန်တော့်ဇနီးရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုကြောင့် Howard အတွက် ကျွန်တော်စိုက်ပျိုးခြံတစ်ခြံဝယ်ပေးလိုက်တယ်။ ဒါပေမယ့် အဲဒီခြံအတွက် အဆမတန်ကြီးတဲ့ မြေငှားခကို Howard ပေးရတယ်။ ငှားခမပေးနိုင်ရင် ခြံကို ချက်ချင်းသိမ်းမယ်.. ဒီလိုစိန်ခေါ်မှုကို ရင်ဆိုင်ရဲသလားလို့ Howard ကို ကျွန်တော်မေးခဲ့တယ်။ သူက ဒီစိန်ခေါ်မှုကို လက်ခံခဲ့တယ်။ နောက်နှစ်အနည်းငယ်အကြာမှာ သူခြံစီးပွားဖြစ်ထွန်းခဲ့ပြီး ခြံလုပ်ငန်းကို ချဲ့နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ စီးပွားရေးလုပ်တာဟာ သူ့ကိုပျော်ရွှင်မှုမပေးနိုင်ဘူးလို့ Howard သိလိုက်တာနဲ့ စီးပွားတက်နေတဲ့လုပ်ငန်းတွေကို သူစွန့်ပစ်ခဲ့ပြီး အခု ဓာတ်ပုံလုပ်ငန်းလုပ်နေတယ်။ သူအခုလုပ်နေတာ မဆိုးပါဘူး”

“ဒီကနေ့ရလဒ်ကို ကျွန်တော်ပိုင်ဆိုင်နေရတာက ကျွန်တော်ဟာ အမြဲတွေးတောတယ်၊ ပြီးရင် စည်းကမ်းချက်တွေထုတ်လို့ပါပဲ။ ဒါကြောင့် ကလေးတွေကို တွေးတောတတ်တဲ့အကျင့်မွေးပါလို့ ကျွန်တော်အမြဲပြောတယ်။ အမြဲတွေးတောရင် တွေးတောတတ်သွားပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက Howardဟာ သူ့ခြံလုပ်ငန်းနဲ့ ပိုင်ပိုင်နိုင်နိုင်ရပ်တည်နိုင်တဲ့နောက် သူဟာ ဈေးကွက်သတင်းတွေကို မပြတ်စုစည်းခဲ့တယ်။ ပြီးရင် အနှစ်ချုပ်တွေးတောတယ်။ ဒါကြောင့် စီးပွားရေးတိုးတက်သထက် တိုးတက်ခဲ့တယ်။ ဓာတ်ပုံလုပ်ငန်းမှာလည်း တွေးတောမှုက သူ့ကိုအကျိုးရလဒ်တွေဖြစ်ထွန်းစေခဲ့ပါတယ်။ သားငယ် Peterကလည်း တိတ်ဆိတ်ငြိမ်သက်ချိန်မှာ အသစ်တွေဖန်တီးနိုင်ဖို့ တွေးတောတယ်။ ဉာဏ်ကွန့်မြူးတယ်။ နောက်တော့ လူတော်တော်များများကို ထိရှခံစားစေခဲ့တဲ့ ဂီတတွေကို သူဖန်ဆင်းနိုင်ခဲ့တယ်။ သမီးဆူစန်ကလည်း သူစိတ်ဝင်စားတဲ့အရာတွေပေါ်မှာ တွေးတောရတာကို နှစ်သက်ခဲ့တယ်”

“အသက်ရှင်နေချိန်မှာ ပျော်ရွှင်ဖို့ဟာ အဓိကပါ။ သန်းကြွယ်တဲ့ပစ္စည်းဥစ္စာတွေက လူတွေကို ခွန်အားနဲ့ ကြီးပြင်းမှုတွေ မပေးနိုင်ပါဘူး။ လူတွေရဲ့စိတ်အားထက်သန်မှုနဲ့တွေးတွေမှုတွေကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။ သေချာတဲ့အဓိပ္ပာယ်နဲ့ပြောရရင် ငွေကြေးဆိုတာ အဓိပ္ပာယ်မရှိတဲ့ဂဏန်းအက္ခရာတွေပါ။ အကောင်းမြင်စိတ်ရှိသူ၊ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ရှိသူ၊ သတ္တိရှိရဲရင့်သူ၊ အမြဲတွေးတောသူတွေကမှ ပျော်ရွှင်ပြီး အနှစ်သာရရှိခဲ့ဘဝကို ပိုင်ဆိုင်ရပါတယ်။ ဒါကြောင့် တန်ဖိုးအရှိဆုံး ပစ္စည်းဥစ္စာတွေကို ကျွန်တော့်သားသမီးတွေအတွက် ကျွန်တော်ပေးခဲ့ပြီးပါပြီလို့ ပြောချင်ပါတယ်။”

Buffett ပြောတာတွေကို နားထောင်ပြီးတဲ့နောက် သတင်းထောက်အံ့သြမင်တက်သွားခဲ့ပါတယ်။ အဲဒီနောက် အဲဒီစကားတွေကို အချက်၃ချက်နဲ့ အနှစ်ချုပ်နိုင်ခဲ့ပါတယ်။ လူ့ဘဝရဲ့တန်ဖိုးရှိတဲ့ ဥစ္စာပစ္စည်းဆိုတာ---

လူငယ်တွေကို ဘဝရဲ့ပျော်ရွှင်ခြင်းတွေကို ခံစားသိရှိစေပြီး အဲဒီလိုခံစားသိရှိနိုင်ဖို့
အခွင့်အရေးတွေ ပေးတာပဲဖြစ်တယ်။ ပြီးတော့ သူတို့ဝါသနာပါရာ၊ သူတို့နှစ်သက်ရာတွေကို လုပ်ကိုင်စေပြီး ပျော်ရွှင်ခြင်းကို တိုးမြင့်ပေးတာဖြစ်တယ်။ ရှုံးနိမ့်သွားတာ၊ အောင်မြင်သွားတာက အဓိကမကျဘူး.. အဓိကကျတာက ပျော်ရွှင်တဲ့စိတ်မွေးမြူနိုင်ဖို့နဲ့ မိမိကိုယ်ကိုယ်ယုံကြည်စိတ်၊လုပ်ရဲကိုင်ရဲတဲ့သတ္တိနဲ့ အကောင်းမြင်စိတ်ရှိဖို့ဖြစ်တယ်။ ကြီးမားတဲ့အောင်မြင်မှုကိုရယူဖို့ များများတွေးတောရတယ်။ တွေးတောမှုထဲကနေ ဖန်တီးမှုတွေကိုဖြစ်စေတယ်ဆိုတာပဲဖြစ်ပါတယ်။

Credit : 99 Sanay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top