iMyanmarHouse.com - Best Property Website for Myanmar
×










မိန့် ငယ်ငယ်ကတည်းကတက်တူးကိုစိတ်ဝင်စားခဲ့သည်။ တက်တူးပုံလေးတွေချစ်သည်..။ မိန့်ကိုယ်ပေါ်မှာ တက်တူးပုံလေးတွေဆွဲထားတာကိုသဘောကျသည်...။

တက်တူးလေးတွေကိုချစ်ခဲ့လို့လည်း တက်တူးလေးတွေနဲ့အတူစိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးတစ်ယောက်ကိုမိန့်တွေ့ရှိခဲ့တယ်...။
မိန့်တို့သူငယ်ချင်းအုပ်စုလိုက် တက်တူးဆိုင်တစ်ဆိုင်ကိုအတူသွားခဲ့ကြတယ်။ တက်တူးထိုးဖို့အတွက် လူစောင့်နေစဉ်မှာပဲ... သူငယ်ချင်းတွေက

မိန့် နင့်အလှည့်
အင်း
တက်တူးအခန်းလေးထဲဝင်လိုက်တော့....
အိုထူးဆန်းလိုက်တာ....မိန့်ရင်တွေခုန်နေတယ်.. သူမိန့်ကိုပြုံးပြနေတယ်... သူ့အပြုံးလေးတွေက မိန့်ကိုဆွဲညှို့ယူနေသလိုပဲကွယ်...။ အရာရာမှာသွက်လက်လွန်းခဲ့တဲ့ မိန့် သူ့ရှေ့မှာငြိမ်သက်လွန်းနေခဲ့ရပြီ...။

ထိုင်လေ
ရှင် အင်း..
မိန့်သူ့ရှေ့ကခုံမှာဝင်ထိုင်လိုက်တယ်...။
ပုံရွှေးဦးမလား...
ဟင့်အင်း... မရွှေးတော့ဘူး။ ဒီက ထိုးပေးချင်တဲ့ပုံစံထိုးပေး
ခင်ဗျာ...
အဲ့ မဟုတ်ဘူးလေ...။ ပုံစံအဆန်းလေးတွေထဲက အလှဆုံးပုံလေးတွေထိုးပေးပါလို့..
အော် ဟုတ်ပြီ...ဘယ်မှာထိုးမှာလဲ...
အင်း ဒီမှာ
မိန့်ရဲ့ ဘက်ဘက်ပုခုံးအောက်ဘက်နေရာလေးကိုလက်ညိုးထိုးပြတော့ သူမျက်နှာနီရဲသွားသည်...။ခစ်...ရှက်တတ်လိုက်တာ...။

စတာပါနော် ရှက်သွားလိုက်တာ လက်မောင်းမှာထိုးပေး လှလှလေးနော်
ဟုတ်ကဲ့ ခင်ဗျ
သူ့မျက်နှာကိုငေးနေရင်း နာကျင်တာတွေလည်းမေ့ တလောကလုံးကိုလည်းမေ့နေခဲ့သည်။ အသားဖြူဖြူ မျက်ခုံးထင်းနေသော သူ့မျက်နှာကို မိန့်နှလုံးသားထဲမှာ ဓာတ်ပုံရိုက်ထားလိုက်ပြီ...။

ပြီးပါပြီဗျာ..
ပြီးသွားပြီလား မြန်လိုက်တာ..
ဗျာ
အော် ဘာမှမဟုတ်ပါဘူး...ရှင့်နာမည်ဘယ်လိုခေါ်တာလဲ
ကျွန်တော့်နာမည်လား ချမ်းမြေ့ပြည့်စုံ ပါ
ချမ်းမြေ့ပြည့်စုံ.... တစ်မျိုးကြီးပဲ
ဗျာ
တက်တူးထိုးနေတာ တကယ်ဝါဒနာပါလို့လား
အင်းဟုတ်တယ်... ကျွန်တော်က တက်တူးတွေကိုသိပ်ချစ်တယ်..။

ကိုယ်ပေါ်မှာလည်းမထိုးထားဘူး
ဟုတ်တယ်ဗျ တစ်ခုတော့ထိုးထားတယ်
ဟုတ်လား ဘယ်မှာလဲ
ကျွန်တော်ရင်ဘတ်မှာလေ...
ချစ်သူနာမည်လား
ဟာ..မဟုတ်ရပါဘူးဗျာ ကျွန်တော့်မေမေနာမည်ပါ...။

တော်ပါသေးရဲ့
ဗျာ....
ဘာမှမဟုတ်ဘူး ကျွန်မကောင်တာမှာရှင်းခဲ့မယ်...။ ရှင့်ဖုန်းနံပတ်ပေးလေ
ဟုတ် ၀၉.....
အိုကေ ဖုန်းကိုင်မယ်မဟုတ်လား
ဟုတ်ကဲ့
ဘိုင့်
သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့သည်...။ အိမ်ရောက်တော့ မွေ့ယာပေါ်လှဲချရင်း မြင်ယောင်နေမိတယ်.... အိုသူ့ပုံရိပ်တွေချည်းပါပဲလား...။ ညတိုင်းသူနဲ့ဖုန်းအတူပြောဖြစ်သည်...။ နေ့လယ်ဘက်သူအားလပ်သည့်အချိန်တွေဆို အတူတူလျှောက်လည်ကြရင်း တဖြည်းဖြည်းနဲ့ သူမိန့်အပေါ်သံယောဇဉ်ငြိတွယ်လာသည်။
မိန့်ခရီးထွက်သွားရတော့ သူ့ကိုအကြောင်းမကြားဖြစ်လိုက်ပါ..။ မာမီနဲ့အတူ အလုပ်ကိစွ့ခရီးထွက်ခဲ့တော့ သြစီကနေသူ့ကိုဖုန်းဆက်ချင်ပါသော်လည်း မဆက်ပဲနေကြည့်သည်...။ မိန့်လွမ်းသလို သူနည်းနည်းလောက်ဖြစ်ဖြစ် သတိရပေးနိုင်မလား...။

၁ပတ်လောက်ကြာသွားတော့ မိန့်ဘယ်လိုမှမနေနိုင်တော့ပါ။ မာမီက ၁လလောက်ကြာဦးမည်ဆိုတော့ မိန့်ပြန်ချင်ပြီလို့ပူဆာလိုက်တော့ မာမီကပြန်ခွင့်ပြုသည်။ မိန့်သူ့ကိုသိပ်လွမ်းလှပြီ..။ သူ့မျက်နှာလေးကိုငေးကြည့်ရင်း ဒီတစ်ခါမိန့်အချစ်တွေကို သူသိအောင်ဖွင့်ပြောမယ်..။ အိုမဟုတ်သေးပါဘူး...။ တကယ်ဆိုသူကဖွင့်ပြောရမှာ..။
မိန့်ပြန်ရောက်ရောက်ခြင်း သူ့ဆိုင်လေးကိုပထမဦးဆုံးသွားလိုက်တယ်...။ နေ့လည်ပိုင်းဆို လူနည်းနေချိန်မို့ သူတက်တူးထိုးတဲ့အခန်းထဲလှမ်းဝင်လိုက်တော့...
ချမ်းမြေ့ရယ်...ငါနင့်အကြောင်းမသိပဲရှိပါ့မလား...နင်ချစ်နေတယ်ဆိုတာ ငါသိပါတယ်...။ ဒါနဲ့များသွေးကြောင်နေသေးတယ်...။

အို.....သူနဲ့မျက်နှာချင်းဆိုင်ထိုင်နေသောမိန်းကလေးက သူ့ဘေးနားတိုးထိုင်လိုက်ပြီး သူ့လက်မောင်းကိုပုတ်ခတ်နေတော့ မိန့် ရှက်သွားသည်...။ ကိုယ့်စိတ်ကူးနဲ့ကိုယ် သူ့ဆီရောက်ခဲ့ပေမယ့်...
မိန့်မျက်ဝန်းဆီကနေ မျက်ရည်တွေတားမရဆီးမရအောင်ကျလာသည်...။ မိန့်လှည့်ပြန်ဖို့ပြင်တော့ သူ့ကောင်တာထိုင်နေကျ အစ်ကိုက
ဟာ.... ညီမလေး မိန့်၊ဘယ်တုန်းကပြန်ရောက်တာလဲ... ဟင် ဘယ်လိုဖြစ်တာလဲ ဘာလို့ငိုနေတာလဲ
ဆော၇ီးပါ အစ်ကိုမိန့်ကိုခွင့်ပြုပါဦး..
မိန့်အသံကြားသည်နှင့်သူလှည့်ကြည့်လိုက်တော့ မိန့်ရယ်..။ သူအပြေးလေးထပြီး
ဟာ... မိန့်
မိန့်...
သွာြး့ပီ မိန့်အထင်လွဲသွားပြီ။ သူနဲ့ သူ့အစ်မ၀မ်းကွဲမမယုကို မိန့်အထင်လွဲသွားပြီ...။

သူမှီအောင်လိုက်ပေမယ့် ကားကမောင်းထွက်သွားပြီ..။ သူဖုန်းကိုခေါ်တော့လည်း မကိုင်..။
မိန့်ရယ်.... ကိုယ့်ကိုရှင်းပြခွင့်ပေးသင့်ပါတယ်ကွာ...
ချမ်းမြေ့....နင့်ကောင်မလေးလား.. ငါ့နဲ့အထင်လွဲသွားတာထင်တယ်...။ နင်လိုက်ရှင်းပြလေ..
ကျွန်တော်သူ့အိမ်မသိဘူး မမယု
နင်ကလည်းဟာ..
မိန့်ရယ်....ကိုယ့်ကိုနားလည်နိုင်ပါ့မလား... ကိုယ်မိန့်ကိုဖွင့်ပြောဖို့ခွန်အားမရှိခဲ့သူပါ..။သူ့မိန့်ကိုလွမ်းတိုင်း မိန့်နဲ့သွားနေကျနေရာလေးတွေမှာ မိန့်ကိုလိုက်ရှာခဲ့တယ်..။ ရေးထိုးထားတာကြာပါပြီမိန့်ရယ်..။ ကိုယ့်လက်ဝဲဘက်ရင်အုံပေါ်မှာ မိန့်ရဲ့နာမည်လေးသာ တက်တူးထိုးထားခဲ့ပြီ..။ ပြောချင်တယ်မိန့်ရယ်..။ မိန့်ကို ကို......။

မိန့်သူတို့ဆိုင်ကိုမလာတော့ပါ...။မိန့်သူငယ်ချင်းတွေဖုန်းနံပတ်လည်းမယူထားမိတော့ သူကအဖြစ်က ကောက်ရိုးပုံမှာအပ်ပျောက်သလို..။
တစ်နေကသူ Junction square မှာဝယ်စရာရှိတာဝယ်နေတုန်း မိန့်သူငယ်ချင်းကိုတွေ့လိုက်သည်...။
မြတ် ဟုတ်ပါတယ်နော်..
အော် အစ်ကိုချမ်းမြေ့
ကျွန်တော်တို့ဆိုင်တစ်ဆိုင်မှာအေးအေးဆေးဆေးစကားပြောကြရအောင်
ဟုတ်ကဲ့ ဒီနားကဆိုင်ကိုသွားမယ်လေ
ဆိုင်ထဲမှာမှာစရာရှိတာမှာပြီး မြတ်ကိုမေးလိုက်သည်
ကျွန်တော့်ကိုမိန့်တို့အိမ်လိပ်စာပြောပြလို့ရမလား
မိန့်ကသိပ်စိတ်ကြီးတယ် အစ်ကို၊ သူကအစ်ကို့ကိုသူနဲ့ပတ်သက်သမျှတစ်ခွန်းမှမဟရဘူးတဲ့
ကျွန်တော်တောင်းပန်ပါတယ်...တကယ်တော့မိန်အထင်လွဲသွားတာပါ.....။

ကျွန်တော်နဲ့မမယုက မောင်နှမတစ်ဝမ်းကွဲတွေပါ..။
ဟိုလေ....
ဖြစ်နိုင်မယ်ဆိုရင် ပြောပြပါလားဗျာ....။
ကျွန်မလည်းသူငယ်ချင်းအပေါ်ပေးထားတဲ့ဂတိကိုမဖျက်ချင်ဘူး အစ်ကို၊ဒီလိုလုပ်ပါလား၊ မိန့်ကို ကျွန်မတို့စိမ်းလန်းစိုပြေ ကိုရအောင်ခေါ်ထုတ်ခဲ့မယ် ကျန်တာတော့အစ်ကို့အပိုင်းနော်..။
ကျေးဇူးတင်ပါတယ်ဗျာ..။
နောက်နေ့သူစိမ်းလန်းစိုပြေကိုသွားပြီး မြတ်ကိုဖုန်းဆက်လိုက်သည်။ မြတ်ကရောက်နေပြီတဲ့။ သစ်ပင်အောက်မှာ လေတွေတိုက်ခတ်နေတော့ မမြင်တာကြာတဲ့ မိန့်ကိုသူငေးကြည့်ရင်း သူ့အာခေါင်တွေကနေ မိန့်နာမည်ခေါ်ဖို့တောင်ဆွံအနေခဲ့တယ်...။

မိန့်...
ဟင်...ရှင်
သူ့ကိုတွေ့တော့ မိန့်ထိတ်လန့်သွားပြီး ချက်ချင်းပြန်ဖို့ပြင်တော့ သူမိန့်လက်ဖ၀ါးလေးကိုဖမ်းဆွဲထားလိုက်သည်။
ကိုယ့်ကိုအချိန်နည်းနည်းပေးပါလား
ကျွန်မတို့ကြားမှာဘာမှပြောစရာအကြောင်းမရှိဘူးလို့ထင်တယ် ကိုချမ်းမြေ့ပြည့်စုံ
မိန့်ရယ်...ကိုယ့် နှလုံးသားတွေအရမ်းနာကျင်နေရပြီကွာ..။ မမယုက..
အိုတော်ပါ ကျွန်မဘာမှဆက်မကြားချင်ဘူး.. ရှင်ကျွန်မလက်ကိုလွတ်
မင်းသိပ်ရက်စက်တယ်မိန့်ရယ်... အကြောင်းမကြားဘာမကြားနဲ့မင်းကိုယ့်အနားက ၁ပတ်တိတိမင်းပျောက်ကွယ်သွားခဲ့တော့ ကိုယ်ဘယ်လောက်ခံစားရလဲမင်းသိလား..။

 မင်းရဲ့ဖြူစင်တဲ့မျက်နက်ဝန်းလေးကိုကိုယ်ငြိတွက်ခဲ့မိလို့ ကိုယ်မင်းကိုချစ်မိလို့ ကိုယ်ရူးမတတ်ပဲခံစားရတယ်..။
အို....သူမိန့်ကိုချစ်တယ်တဲ့..။ သူမိန့်ကိုချစ်တယ် တဲ့လား...။ ဒါဆိုမိန့်ဘက်ကပဲတစ်ဖက်သတ်ရူးသွပ်ခဲ့ရတာ မဟုတ်ဘူးပေါ့။
မိန့်ကိုယ့်ဆီလာတဲ့နေ့က ကိုယ့်အစ်မ၀မ်းကွဲ မမယုက ကိုယ့်ကိုမိန့်ကိုချစ်နေတယ်ဆိုရင် ဖွင့်ပြောလိုက်ဖို့ ကိုယ့်ကိုတွန်းအားပေးနေခဲ့တာ... ကိုယ်မိန့်ကိုဖွင့်ပြောဖို့ အကြိမ်ကြိမ်တွေဝေခဲ့တယ်.....။ မိန့်နဲ့ကိုယ်ဘ၀က မိုးနဲ့မြေလိုကွာခြားနေတာကိုကိုယ်သိတယ်..။ ကိုယ်မိန့်ကိုပိုင်ဆိုင်ဖို့ဆိုတာ မတွေးရဲခဲ့တဲ့ မမက်ရဲခဲ့တဲ့ အိပ်မက်တစ်ခုပါ...။

ကိုယ်မိန့်ကိုသိပ်ချစ်တယ်...။ ကိုယ့်ရဲ့ညာဘက်ရင်အုံပေါ်မှာမေမေ့ရဲ့နာမည်ရေးထိုးထားတယ်..။ အခုကိုယ့်ရဲ့ဝဲဘက်ရင်အုံမှာ ဘယ်သူ့နာမည်ရေးထိုးထားလဲ မိန့်သိလား..ဒီမှာကြည့်
သူကရှပ်အကျီကိုဖွင့်ပြတယ်...။ မိန့်ရဲ့နာမည်...။
အို.....မိန့်လေမခံစားနိုင်တော့ဘူး..။ သူ့မျက်ဝန်းတွေမှာမျက်ရည်တွေပြည့်အိုင်နေပြီ..။ မိန့်လဲငိုနေရပြီ..။ သူ့မျက်နှာကိုဖွဖွကိုင်ရင်း မိန့်ပြောပါရစေတော့နော်..
မိန့်....မိန့်လေ ကို့ကိုရူးမတတ်ချစ်ရပါတယ်...။

ကိုလည်းအသက်နဲ့ထပ်တူချစ်ရပါတယ်ကွာ.....ကို့ရဲ့ဘက်ဘက်အခြမ်းမှာမိန့်ကအမြဲတမ်းနေထိုင်ပြီးသားပါ..။
ကိုရယ်...
မိန့်နဲ့ကိုတင်းကျပ်စွာဖက်ထားမိသည်...။ ချစ်တယ်ကိုရယ်...ဘယ်တော့မှမခွဲကြေးနော်..
ကို့ရဲ့ဘက်ဘက်အခြမ်းကမိန့်အပိုင်ဆိုတာတကယ်နော်....
တကယ်ပါဗျာ...။             ။

Credit : အက်စတာနူးနူး

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top