iMyanmarHouse.com - Best Property Website for Myanmar
×











ခုတလောပေါ်ပြူလာဂျာနယ်နဲ့ အဆက် အသွယ် ပြတ်နေတဲ့ မိုးအောင်ရင်နဲ့ ဆုံတွေ့တဲ့အခိုက် သူ့ ဆီဖုန်းဆက်လို့မရတဲ့အကြောင်း ပြောတော့ သူ့ဖုန်း ပျောက်သွားေ ကြာင်း သိရပါတယ်။ ဖုန်းပျောက် သွားတဲ့အကြောင်းအရင်းကတော့ ချစ်သူနဲ့ ရန်ဖြစ်ရင်း ဘယ်နားမှာ ဖုန်းထားခဲ့မှန်းမသိတော့ဘဲ လိုက်ရှာတာလည်းမတွေ့တော့ဘူး လို့ပြောပါတယ်။ မိုးအောင်ရင်က သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ပြုလုပ်တဲ့မွေးနေ့ပွဲမှာ ပရိသတ် အ ယောက် ၁ဝဝကို ဖိတ်ကြားခဲ့ပြီး ပရိသတ်တွေနဲ့အတူ   မွေးနေ့ကို ဖြတ်သန်းခဲ့ကြောင်း သိရပါတယ်။

မွေးနေ့ပွဲကို ပရိသတ်တွေကို ဖိတ် ကြားဖြစ်ခဲ့ပုံ ကို မိုးအောင်ရင်က “ပထမဆုံးစလုပ်ဖြစ်တာက Cousin Grall ဆိုင်က မွေးနေ့လုပ်မယ်ဆိုရင် ဆိုင် မှာလုပ်တဲ့ သူတို့က အယောက် ၁ဝဝစာပေးတယ်။ ကိုယ့်ကိုအလကားပေးတဲ့ဟာကို ကိုယ်ကအလဟဿ မသုံးချင်ဘူး။ဘာလုပ်ရင်ကောင်းမလဲဆိုပြီး စဉ်းစား တယ်။ ကျွန်တော့်ရဲ့အကြံက တကယ်တမ်းကျတော့ ငါများ မင်္ဂလာဆောင်ဖြစ်ရင် သူများတွေဆိုရင် မင်္ဂလာပွဲကို ၃၊ ၄ကြိမ်လုပ်တာ မျိုးရှိတယ်လေ။ အဲဒီလိုလုပ်မယ့် အစားတစ်ပွဲတည်းလုပ်ပြီး ပရိသတ်   တွေ ပါခေါ်ဖိတ်မယ်ဆိုပြီး ကြံဖူးတယ်။ အဲဒီအကြံ ပြန်ပေါ်လာပြီးတော့ မင်္ဂလာက ဘယ်တော့ ဆောင်ဖြစ်မယ်မှန်းသိတာ မဟုတ်ဘူး။မွေးနေ့ဆိုတာက သေချာတယ်။

 လူ ၁ဝဝ စာလည်း အလကားရထားတော့ အကျိုး ရှိအောင် ပရိသတ်တွေအကုန် လိုက် ဖိတ် ဖြစ်တာပါ။ မွေးနေ့ပွဲလုပ်ခါနီးမှပဲ လုပ်မယ့်အချိန်မှာ ဆိုင်ကထွက်လာပြီး တော့ ရန်ကင်းစင်တာ နဲ့လည်းနီးတော့ အဲဒီမှာ ပရိသတ်ကိုလိုက် ဖိတ်တယ်။ အ စောင် ၁ဝဝလိုက်ပေးပြီးတော့ ကိုယ်တိုင် လာခိုင်းတယ်။ တကယ်လည်း လာကြ တယ်။ လူ ၆ဝ လောက်လာ တယ်။ အကယ်၍များ ကြို ဖိတ်ရင် လူအယောက် ၁ဝဝ ကျော်မှာ သေချာတယ်။ နောက်နှစ်မွေးနေ့ တွေကိုလည်း ဆိုင်က အခုလိုမျိုး ထပ်ပေးမယ်ဆိုရင် ပရိသတ် တွေနဲ့ ပဲ ထပ်လုပ်ဖြစ်မှာပါ။ များသောအား ဖြင့် မွေးနေ့ပွဲ တို့၊ မင်္ဂလာဆောင်တို့ ဆိုတာက လူမှုရေးအရများတယ်။လူမှုရေးမဟုတ်ဘဲနဲ့ ကိုယ့်ကိုတကယ်ချစ်တဲ့သူ၊ ကိုယ် လည်း သူတို့ ကို  ချစ်ပါတယ်ဆိုတဲ့အနေနဲ့ ပြန်ပြ ဖို့က တော်တော်မလွယ် ဘူး။ 

ဒီလိုမျိုး အခွင့်အရေး တွေရှိတဲ့အတွက် အဲဒါကို အသုံးချလိုက်တာပါ။ ကျွန် တော် မင်္ဂလာ ဆောင်ရင် လည်း ပရိသတ်တွေကိုတကယ်ဖိတ်မှာပါ” လို့ ပြော ပြီး အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်လို့ ပြော ပါတယ်။

Credit : popularmyanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top