iMyanmarHouse.com - Best Property Website for Myanmar
×














 အောက်တိုဘာ ဒုတိယ ပတ်အတွင်း ရိုက်ကူးမည့် ‘‘ဘယ် ရည်းစားကို အချစ်ဆုံးလဲ’’ရုပ်ရှင် ဇာတ်ကားတွင်     ပရိသတ်များမြင်နေကျမဟုတ်သည့် သွက်သွက်လက်လက်ဇာတ်ကောင်စရိုက်ဖြင့် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း မေမြင့်မိုရ်ကပြောသည်။

‘‘ဒီရုပ်ရှင်က ညီမရဲ့ ဒုတိယ မြောက် ရုပ်ရှင်ဇာတ်ကားကြီးပါ။ ညီမ  ရိုက်ရတဲ့ ကားတော်တော် များများက   အငြိမ်ဇာတ်ရုပ်တွေ များပေမယ့် ဒီကားမှာတော့ သွက် သွက်လက်လက်ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာပါ။ ဇာတ်လမ်း လေးကလည်း ဆန်းပါတယ်’’ ဟု မေမြင့်မိုရ်က ပြောသည်။

ယင်းရုပ်ရှင်ဇာတ်ကားကို မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေး က ရိုက်ကူးမည်ဖြစ်ပြီး ၎င်းနှင့်အ တူ အလင်းရောင်၊ ဟန်လင်းသန့် နှင့်အားဝေတို့   ပါဝင်သရုပ်ဆောင် မည်ဖြစ်ကြောင်း     ၎င်းကပြော သည်။ ယင်းရုပ်ရှင်ကို အောက်တို ဘာ ၁၁ ရက်တွင် စတင်ရိုက်ကူး မည်ဖြစ်ပြီး မိုးနီလွင်၏ ဇာတ် လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ၀င်းလွင်ထက်က ရိုက်ကူးပုံဖော် မည် ဖြစ်သည်။

ပထမဆုံးရုပ်ရှင်ဇာတ်ကား အနေဖြင့် ရိုက်ကူးခဲ့သည့် ‘‘မှော် ကျောက်စာ’’ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရသော ဇာတ် ရုပ်သည်    ယခင်ကတည်းက သရုပ်ဆောင်ရန်   စိတ်ကူးယဉ်ခဲ့ သော ဇာတ်ရုပ်တစ်ခုဖြစ်ပြီး ယင်း ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ရ သည့် ဇာတ်ရုပ်နှင့်ပတ်သက်၍ အားရကြောင်း မေမြင့်မိုရ်က ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ်   ‘‘ပန်းနုသွေး’’ ဒုတိယတွဲကို ရိုက်ကူးလျက်ရှိပြီး စက်တင်ဘာ ၂၈ ရက်   ညတွင် မန္တလေးမြို့၌  ပြုလုပ်မည့် အာ ဆီယံထိပ်သီးအစည်းအဝေး ပဒေ သာကပွဲတွင် ပါဝင်ကပြရန် အစီအစဉ်ရှိကြောင်း   ၎င်းက  ပြော သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top