iMyanmarHouse.com - Best Property Website for Myanmar
×

ကိုကိုး(ခေါ်)ချောကလက်ဖျော်ရည်ပူပူ တနေ့  ၂-ခွက်ပုံမှန်သောက်ပေးခြင်းက ဦးနှောက်ကိုကျမ္မာစေပြီး၊ မှတ်ဥာဏ်စွမ်းရည် တိုး တက်မြင့်မားလာစေတယ်လို့  ဟားဗာ့ဒ်ဆေးတက္ကသိုလ်မှ ဆေးသုတေသီများက အကြံပြုထားကြပါတယ်။

ဟားဗာ့ဒ်ဆေးတက္ကသိုလ်မှ ဆေးသုတေသီတွေရဲ့ စမ်းသပ်ချက်က ဒီလိုပါ။

· ပျမ်းမျှ အသက် ၇၃ နှစ်အရွယ်ရှိ အဖိုး/အဖွား အယောက်၆၀ တို့ ကို တစ်နေ့ လျှင် ချောကလက်ဖျော်ရည်ပူပူ ၂-ခွက် နှုန်းနဲ့  ရက် (၃၀)တိတိ တိုက်ကျွေးခဲ့ပါတယ်။

· အဲဒီလိုတိုက်ကျွေးရာမှာ အဖိုး/အဖွား စုစုပေါင်းအယောက် ၆၀-ကို၊ အယောက် ၃၀-စီ အုပ်စု ၂-စုခွဲပါတယ်။

· အုပ်စု(က)ကို ကိုကိုး(ခေါ်)flavanol ဓာတ်မြင့်မားစွာပါတဲ့ချောကလက်ဖျော်ရည်ပူပူ(ပျစ်ပျစ်) သောက်သုံးစေပြီး၊ ကျန် အုပ်စု(ခ) ကို flavanolဓာတ် နဲနဲသာပါတဲ့ ချောကလက်ဖျော်ရည်ပူပူ(ကျဲကျဲ)သောက်စေပါတယ်။

· အဲဒီလို ဖျော်ရည်သောက်နေစဉ် ကာလပတ်လုံး အဖိုး/အဖွားတွေရဲ့ မှတ်ဥာဏ်စွမ်းအားနဲ့  အဖြေမှန်တုန့် ပြန်နိုင်မှုကို ဥာဏ်စမ်းမေးခွန်းလေးတွေနဲ့ စမ်းသပ်မေးမြန်းတဲ့အခါ ဖျော်ရည်ပျစ်ပျစ်သောက်သူတွေမှာ ယခင်က မေးခွန်း(၁)ခု အတွက် အဖြေမှန်ရဖို့  ၁၆၇-စက္ကန့် ကြာမှသာဖြေဆိုနိုင်သော်လည်း၊ သောက်ပြီးနောက်မှာတော့ ၁၁၆-စက္ကန့် မှာ ဖြေဆို နိုင်ခဲ့ကြပါတယ်။ (ချောကလက်ဖျော်ရည်ကျဲကျဲ သောက်သူတွေမှတော့ ထူးထူးခြားခြား တုန့့်ပြန်မှုစွမ်းအားတိုး တက်မ လာပါဘူးတဲ့)

· ရက် ၃၀ကြာတဲ့အခါ၊ ချောကလက်(ပျစ်ပျစ်)သောက်သူတွေက၊ ယခင်ကထက် မှတ်ဥာဏ်စွမ်းရည် ၈.၃% တိုးတက် လာတယ်လို့ ဆိုပါတယ်။

· ဒါတင်မကသေးပါဘူး။ အဲဒီလိုစမ်းသပ်ကာလအတွင်း အဖိုး/အဖွား အယောက် ၆၀ ရဲ့ ဦးနှောက်ကို ဓာတ်မှန်ရိုက်၊ MRI scans များနဲ့ ကြည့်တဲ့အခါမှာလည်း၊ ဖျော်ရည်ကျဲကျဲသောက်သူတွေရဲ့ ဦးနှောက်အဖြူဖတ် ပတ်ပတ်လည်မှာ သွေးစီး ဆင်းမှုမရှိပါဘူးတဲ့။ အဲဒါကို ဆေးသိပ္ပံပညာအရ " neurovascular coupling(ခေါ်)ဦးနှောက်အာရုံကြောတွေနဲ့ ဆက်စပ် နေတဲ့သွေးကြောမှာ သွေးစီးဆင်းမှုပိတ်ဆို့ ခြင်းရောဂါ " လို့ ခေါ်ပြီး၊ ထိုရောဂါက Alzheimer(ခေါ်)ဦးနှောက်ဇရာကြို အယ်လယ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဟားဗာ့ဒ်ဆေးတက္ကသိုလ်ရဲ့ အထက်ပါ စမ်းသပ်ချက်ကို Johns Hopkins ဆေးတက္ကသိုလ်မှ အယ်လ်ဇိုင်းမား ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူ Paul B. Rosenberg ဆိုသူမှလည်း အတည်ပြုထောက်ခံထားပြီး၊ ကိုကိုး(ခေါ်)အမည်းရောင်ချောကလက်ဖျော်ရည် နေ့ စဉ်သောက်သုံးခြင်းက သွေးလည်ပတ်မှုကောင်းစေတာကြောင့် ဦးနှောက်၊ အာရုံကြော၊ နှလုံးရောဂါတို့ အပြင် သွေးတိုးရော ဂါကိုပါ ကျစေတယ်လို့  ထပ်လောင်းအကြံပြုထားပါတယ်။

ထို့ ကြောင့် အသက် ၇၀ ၀န်းကျင် မိခင်/ဖခင် နဲ့  အဖိုး/အဖွားများကို ကော်ဖီ/လ္ဘက်ရည်တိုက်မယ့်အစား ကိုကိုး(ခေါ်)ချောက လက်ဖျော်ရည်ပူပူ တနေ့(၂)ခွက် တိုက်ကျွေးရင်း ဒါနပြုသင့်ပါကြောင်း.....

Credit : Pauk Pauk

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top