iMyanmarHouse.com - Best Property Website for Myanmar
×









အသားငါးတွေပုံနေတဲ့ဈေးမှာ
အညှီနံ့တွေပဲရှိလိမ့်မယ်

ပန်းမျိုးစုံ ရှိတဲ့ပန်းခင်းထဲမှာ
ပန်းရနံ့တွေသာ ရှိလိမ့်မယ်

မကောင်းမှုတွေ လုပ်နေတဲ့လူဆီမှာ
မကောင်းတဲ့ ရနံ့တွေ စွဲထင်ကျန်ရစ်ခဲ့တယ်

ကောင်းမှုတွေလုပ်နေတဲ့သူဆီမှာ
ကောင်းမြတ်သင်းထုံတဲ့ ရနံ့တွေစွဲထင်ကျန်ရစ်တယ်

ဒီနေ့ သင့်စိတ်ဟာ
ပန်းခင်းလား
သားငါးအညှီနံ့တွေနဲ့ဈေးလား ? သင့်အပေါ်မူတည်နေတာမို့

အခုကစလို့ အပြုံးနဲ့စတင်ပါ လှိုက်လှဲစွာ ပြုံးပါ
သူတစ်ပါးကို ပြုံးစေခြင်းဟာကိုယ်ကိုယ်တိုင်လည်း အေးချမ်းစေတယ်

အလိုရမ္မက် အာသီသ နဲ့ မနာလို မုန်းတီးမှု မကောင်းမှုတွေစွန့်ပယ်နိုင်မယ်ဆိုရင်
သင့်မှာ “ စိတ်ပန်းခင်း ” တစ်ခု ပိုင်ဆိုင်ရပါပြီ ။

Credit : သက်တန့်ချို

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top