iMyanmarHouse.com - Best Property Website for Myanmar
×










နယူးဇီလန်ရှိ နာမည်ကျော် ဖူးစာဖက်ရှာဖွေရေးကုမ္ပဏီတစ်ခု ဖြစ်သော Elite Singles က လုပ်ခဲ့သည့် စစ်တမ်းတစ်ခုအရ အမျိုးသမီးအများစုမှာ ၎င်းင်းတို့ထက် ၀င်ငွေနည်းသော အမျိုးသားအား လက်ထပ်ရန် စိတ်ဝင်စားမှုမရှိပဲ၊ အမျိုးသမီး ၇၀% ခန့်က အိမ်ထောင်ဖက်ရှာဖွေရာတွင် ၀င်ငွေကအရေးကြီးဆုံးအဖြစ် သတ်မှတ်ကြောင်း ၀န်ခံခဲ့သည်။

ယင်းလေ့လာမှုအား တစ်ဦးနှင့် တစ်ဦးချစ်ကြိုက်ရာတွင် ငွေကြေး၏ အခန်းကဏ္ဍက မည်မျှအရေးပါသည်ကိုသိရရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ ရလဒ်များအရ ယခင်လက်ခံထားသော တစ်အိမ်သားလုံးကို တင်ကျွေးထားနိုင်သူသည် အဓိကဟူသော အယူအဆက ပြယ်လွင့်မသွားခဲ့ပေ။ Otugo University မှ ကျား၊မ ခွဲခြားဆက်ဆံမှုအား အထူး ပြုလေ့လာသူ ပါမောက္ခ Chris Bric kell က ယခုခေတ်တွင် မိသားစု အများစုမှာ ယောကျာင်္းရောမိန်းမပါ နှစ်ဦးစလုံး၏ ၀င်ငွေအပေါ်တွင် ရပ်တည်နေရသော်လည်း မိန်းမအများစုကတော့ ယောကျာင်္းများသည် ၎င်းတို့ ၀င်ငွေထက်ပို၍၀င်သင့်သည်ဟု ယုံကြည်ထားဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း Brickell က ယင်းသို့ဖြစ်ရခြင်းမှာ အမျိုးသမီး များက နောင်တွင် အကြောင်းအမျိုး မျိုးကြောင့် အလုပ်မှထွက်၍ ကလေးမွေးပြီးပြုစုစောင့်ရှောက်မှုများလုပ်ရန် လိုသည့်အခါ ကျဆင်းလာမည့် ၀င်ငွေအခြေအနေအား ထည့်တွက်ကြသောကြောင့် ဖြစ်နိုင်သည်ဟု ရှင်းပြခဲ့သည်။

Credit : Health Updates Journal

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top