iMyanmarHouse.com - Best Property Website for Myanmar
×











အနုပညာပျိုးခင်းမှ ရွေးချယ်သော ဆန်ခါတင် (၁၃) ယောက်တွင် တစ်ဦး အပါအ၀င် ဖြစ်သည့် ပိုင်ဖြိုးသုက အနုပညာ အလုပ်ကို ၀ါသနာ ပါသော လုပ်ငန်းတစ်ခု ဖြစ်သည့် အတွက် လုပ်ကိုင်ရာတွင် ကျေနပ်မှု ရှိကြောင်း ပြောသည်။

အနုပညာ ပျိုးခင်း ပထမအဆင့်မှာ ပါသွားတော့ ပျော်ပါတယ်။ ဒါပေမဲ့လည်း မျှော်လင့်ချက်က (၅၀/၅၀) ပါပဲ။ ကံဆို တာလည်း ရှိတော့ ကိုယ်က ကြိုးစားပေမယ့် တစ်ခါတလေ ကျတော့ ကံတရားကြောင့် မရတာ လည်းရှိ တတ်တော့ (၅၀/၅၀) ပါပဲ။ ကိုယ့်ကိုလည်း လျှော့ပြီး မှန်းထား ပါတယ်။ ဒါပေမဲ့ အဆိုးဆုံး အတွက်လည်း ပြင်ထားတယ်။ ဒီအစီအစဉ်ကို စိတ်ဝင်စားတယ်။ ရွေးချယ်ခံ ရရင်လည်း အခွင့်အရေး တစ်ခုလို့ မြင်တယ်။ ရှေ့မှာလည်း သမီးက ကားတွေ ရိုက်နေရပေမယ့် ကိုယ့်ကိုယ် ကိုယ်အသစ်လို့ပဲ သတ်မှတ်ထား ပါတယ်။

အဲဒါကြောင့် ဒါကို လျှောက်တာ မဆန်းဘူးလို့ ထင်တယ်။ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ။ အခုလည်း ကားရိုက်တွေက မပြီးသေးဘူး။ တစ်လနှစ်ကားထက် ပိုရိုက် လို့မရဘူး။ သရုပ်ဆောင် လုပ်သက်က နှစ်နှစ်လောက်တော့ ရှိပေမယ့် အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် အားရတာဆိုလို့ သေချာတော့ မသိသေးဘူး။ လုပ်တော့ လုပ်နေတယ်။ ပြန်ကြည့်ရင်တော့ လိုအပ်နေတာပါပဲ။ အောင်မြင်နေတဲ့ သူတွေတောင် အမြဲလုပ်နေတာ တွေ့တယ်။ တကယ့် အောင်မြင်ပြီးသား သူတွေတောင် တောက်လျှောက် ၀မ်းစာဖြည့် နေရတော့ ညီမတို့လိုသူတွေ အတွက် အများကြီး လိုပါသေးတယ်။

ညီမကလည်း ကိုယ့်ကိုယ်ကိုယ် မင်းသမီးဖြစ်ရမယ်။ နာမည်ကြီး ရမယ်လို့  မရှိပါဘူး။ စိတ်ထဲမှာလည်း အရမ်းကြီး မထားဘူး။ ညီမက ၀ါသနာပါတာကို ၊ လုပ်ချင်တာ လေးတွေကို လုပ်ခွင့်ရနေ တာကို လုပ် နေရလို့ ကျေနပ်နေတာပါ။ ပရိသတ်ကို ကတိပေးနိုင်တာက ဘယ်အလုပ် ကိုမှ ပေါ့ပေါ့လေး မလုပ်ဘူး။ အတတ်နိုင်ဆုံး ကောင်းအောင် လုပ်နေပါတယ် ဟု ပိုင်ဖြိုးသုက ပြောသည်။ ပိုင်ဖြိုးသုသည် အနုပညာနှင့် ပတ်သက်လျှင် ကိုယ်စွမ်းဉာဏ်စွမ်းရှိ သ၍ လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top