iMyanmarHouse.com - Best Property Website for Myanmar
×











ထိုက်စံမော့စ်လို့ဆိုလိုက်တာနဲ့ အနုပညာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ကွယ်လွန်လေပြီးသော မော့စ်ကို ပြေးမြင်မိမှာပါ။ သူ့ရဲ့ သားအကြီးဆုံးဖြစ်သူ ထိုက်စံမော့စ်ကလဲ သူ့အမွေကို ဆက်ခံပြီး အနုပညာအလုပ်ကို အားကြိုးမာန်တက် ကြိုးစားနေတဲ့သူဖြစ်တာမို့ သူ့ရှုတင်ရှိရာကို သွားရောက် မေးမြန်းကြည့်တဲ့အခါ “ရိုက်နေတဲ့ကားလေးက ဒရာမာကားလေးပေါ့။ ကျွန်တော်တစ်ခါမှလဲ မရိုက်ဖူးသေးဘူး။ ကလေးအဖေကာရိုက်တာပေါ့။ အသက်ငယ်ငယ်နဲ့အိမ်ထောင်ကျပြီး ဘ၀ကို ဖြတ်သန်းရတဲ့ လူငယ်တစ်ယောက်ပေါ့။ ဘာပဲပြောပြော ဒရာမာကားတွေက ပေါက်ဖို့ခဲယဉ်းတယ်။ အရမ်းကောင်းတဲ့ ဒရာမာကားမှသာ ပရိသတ်ကြည့်တာများတယ်။ ကျွန်တော်ရိုက်တဲ့ကားတွေကလဲ စုံသလောက်ရှိပြီဆိုတော့ ဒီကားလေးနဲ့ပတ်သတ်ပြီး တော့လဲ အများကြီး မျှော်လင့်ထားပါတယ်။ အဖေ့ကိုမှီဖို့ဆိုတာလဲ မလွယ်ပါဘူး။ အဖေဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံတွေနဲ့ ဗဟုသုတအားတွေနဲ့ရော၊ အခက်အခဲတွေရော၊သူ့ရဲ့လေ့လာအားတွေနဲ့ရောဆို အဖေ့ကို မှီဖို့တော်တော်လေးကို ကြိုးစားရမှာပါ။ ဒါပေမဲ့ ကျွန်တော်ခုရောက်နေတဲ့ နေရာတစ်နေရာမှာတော့ အဖေ့ကို မမှီရင်တောင်မှ အဖေ့ခြေရာနင်းနိုင်တဲ့သားတစ်ယောက်ဖြစ်နိုင်အောင်ကြိုးစားသွားမှာပါ။”လို့ သူက ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ သူက “အချစ်ရေးကတော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ အဖေမရှိတော့တဲ့ နောက်ပိုင်းမှာ အမေရယ်၊ ညီနှစ်ယောက်ရယ် ကျန်ခဲ့တဲ့တွက် သူတို့လေးတွေကို ပြုစုပျိုးထောင်ပေးမယ်။ နောက်ကုမ္ပဏီထောင်ဖို့အတွက်ရော ဒီလောကမှာ နေရာတစ်နေရာအတွက်ရော အဲ့ဒါကိုပဲခေါင်းထဲမှာရှိပါတယ်”တဲ့။

 Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top