iMyanmarHouse.com - Best Property Website for Myanmar
×









အယ်လ်ဘမ်သစ် လုပ်နေပြီလို့ Demi Lovato က ဖွင့်ဟလာပါတယ်။ အချိန်ခဏလေးအတွင်းတော့ အခွေသစ် ထွက်မလာနိုင်ပါဘူး။ လက်ရှိ သူမမှာ ရှိနေတဲ့ အိုင်ဒီယာက တကယ် အံ့သြစရာကောင်းတယ်လို့ MTV နဲ့ အင်တာဗျူး အသစ်တစ်ခုမှာ အဲဒီအဆိုတော်က ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့ Demi …ဘယ်လိုအမျိုးအစားမျိုးဖြစ်မယ်လဲဆိုတာ ပိုပြီးအသေးစိတ်ပြောပြပေးလို့ ရနိုင်မလား။ ဒီလိုအမေးကို သူမက "တခါတလေ ပိုပြီးတော့ Country ဆန်တဲ့ အခွေတစ်ခုကို လုပ်ချင်တယ်။ ဒါမှမဟုတ် Rock ဘက်ကို ပိုပြီးသွားချင်တယ်။ ဒါမှမဟုတ်  R&B တစ်ခွေလောက်လည်း လုပ်ချင်တယ်လို့ ပြောရလိမ့်မယ်။ ဒီလိုပေါ့ သီချင်းတွေကို တကယ် သူ့အခွေနဲ့ သူ မထုတ်မချင်း သိနိုင်မှာမဟုတ်ဘူး" လို့ Demi က ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် သူမက ဆက်ပြီး " ဖြစ်နေတာက ဂီတအမျိုးအစားအားလုံးကို ကျွန်မသဘောကျတာပါပဲ။ ရှိရှိသမျှ ဂီတအမျိုးအစားတစ်ခုချင်းစီက ကျွန်မကို လွမ်းမိုးထားတာအမှန်ပါ"တဲ့။ ဟုတ်ပြီ၊ အမျိုးအစား အတိအကျမရှိဘူးဆိုပါတော့…ဒါဆိုရင်လည်း ကျေးဇူးပြုပြီး Country သာဖြစ်ပါစေပေါ့ဗျား။

ထပ်ပြီးတော့ သူမရဲ့ Demi World Tour ခရီးစဉ် စတင်လှုပ်ရှားဖို့ Demi က သူ့ ၂၀၁၃ Album Demi ကို Google Play မှာ အခုပဲ လက်ဆောင်အဖြစ် ပေးအပ်လိုက်ပါတယ်။ အလကားသက်သက် ပေးလိုက်တာပါ။ Ed Sheeran သီချင်း လို အရမ်းကောင်းပြီး ဒေါ်လာတစ်ပြားမှ ပေးစရာမလိုဘူးဆိုတဲ့ တန်ဖိုးထက် အများကြီးပိုထိုက်တန်တဲ့ ကာဗာသီချင်း “Give Me Love”  ကို စတိုဒီယို ဗားရှင်းအသစ်တစ်ခုနဲ့ ပြန်ဆိုထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top