iMyanmarHouse.com - Best Property Website for Myanmar
×














တရုတ်မင်းသမီး Liu Xiaoqing ဟာ အသက် ၅၈ နှစ် ရှိပါပြီ။ သို့ပေမယ့် ပုံမှာ မြင်တွေ့ ရသလိုပဲ သူဟာ ၂၀ ကျော်သက် အမျိုးသမီး တစ်ဦးလို့ ထင်ရလောက်အောင် နုပျိုလျက် ရှိပါတယ်။ သူမဟာ ၁၉၇၀ ကျော်က စလို့ အနုပညာ လောကကို စတင် ဝင်ရောက် ခဲ့ပြီး ယနေ့မှာတော့ စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်က တရုတ်ပြည်ရဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် အယောက် ၅၀ စာရင်းထဲမှာ အဆင့် ၄၅ နဲ့ ပါဝင်ခဲ့ ပါတယ်။ ယနေ့တိုင်လည်း ရုပ်ရှင်များ လည်း ရိုက်ကူးနေဆဲ ဖြစ်ပါ တယ်။ ၁၉၈၀ ကျော်တုန်းက အင်မတန် အောင်မြင် ခဲ့တဲ့ မင်းသမီး ဖြစ်ပေမယ့် ယနေ့ ခေတ်မှာတော့ သူမဟာ စီးပွားရေး လုပ်ငန်းနဲ့ ရုပ်ရှင် ထုတ်လုပ်ရေး တို့မှာပဲ ဦးစားပေးလျက် ရှိသူ ဖြစ်ပါတယ်။

စီးပွားရေးမှာ အောင်မြင်ပေမယ့် အခွန် ရှောင်တိမ်းမှုကြောင့် တရားရင်ဆိုင်ရမှု၊ ဒဏ်ကြေးငွေ ယွမ်ငွေ သန်းချီl ဆောင်ရမှုများ ရှိခဲ့ ပါတယ်။ From A Movie Star to A Billionaire ဆိုတဲ့အမည်နဲ့လည်း သူမရဲ့ အကြောင်းကို စာအုပ်ထုတ် ရေးသားခဲ့ဖူးပါတယ်။

အသက်အရွယ်အားဖြင့် ကြီးပေမယ့် ရုပ်ရှည်က နုပါတယ်။ အိမ်ထောင် နှစ်ဆက် ရှိပါတယ်။ ဘဝ အတွေ့အကြုံကလည်း ရင့်ကျက်တော့ တရုတ်ပြည်မှာ ထက်မြတ်တဲ့ အမျိုးသမီး တစ်ဦး အဖြစ် ပြောစမတ်ပြုကြ ပါတယ်။

Credit : yoyarlay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top