iMyanmarHouse.com - Best Property Website for Myanmar
×



 တောင်ကိုရီးယားပေါ့ပ် အဆိုရှင်များအဖွဲ့ Girls' Gener-ation ၏ တရားဝင်အဖွဲ့ခွဲ Tae Ti Seo ၏ Holler တေးဂီတဗီဒီ ယိုသည် ယူကျု့ဘ်တွင်ထွက်လာပြီး သုံးရက်အတွင်း ကြည့်ရှုသူ သုံးသန်းရှိခဲ့သည်။

Girls' Generation အဖွဲ့မှ ထယ်ယွန်း၊ တစ်ဖနီနှင့် ဆိုဟွန်းတို့ပါဝင်သော Tae Ti Seo အဖွဲ့သည် ဒုတိယမြောက်မီနီ အယ်လ်ဘမ် Holler ကို စက်တင် ဘာ ၁၆ ရက်တွင်တရားဝင်ထွက် ရှိခဲ့သည်။ Tae Ti Seo အဖွဲ့၏ Holler တေးဂီတဗီဒီယိုကိုမူ စက်တင်ဘာ ၁၇ ရက်တွင် အဖွဲ့၏တရားဝင်ဝက်ဘ်ဆိုက်၊ အေ ဂျင်စီဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် ယူကျု့ဘ်စာမျက်နှာတို့၌ ဖော်ပြခဲ့သည်။ Holler တေးဂီတဗီဒီယိုကို ယူကျု့ဘ်၌ ကြည့်ရှုသူပေါင်း သုံးသန်းကျော်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များထံမှ မှတ်ချက်ထောင်ပေါင်းများစွာနှင့် ကြိုက်နှစ်သက်မှုပေါင်း တစ်သိန်းကျော် ရရှိထားသည်။

Holler အယ်လ်ဘမ်သည် ပြည်တွင်းတေးဂီတအယ်လ်ဘမ် များစာရင်းတွင် နံပါတ် (၁)နေရာ ရရှိထားပြီး ဟောင်ကောင်၊ ထိုင်း၊ တိုင်ပေ၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့ရှိ Itunes ပေါ့ပ်အယ်လ်ဘမ်စာရင်းတွင်လည်း နံပါတ် (၁)ဖြစ်နေသည်။

Tae Ti Seo အဖွဲ့သည် ၂၀၁၂ ခုနှစ်က Twinkle အမည်ရှိ ပထမဆုံး မီနီအယ်လ်ဘမ်ထွက်ရှိခဲ့သည်။




















Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top