iMyanmarHouse.com - Best Property Website for Myanmar
×

အိချောပိုကို အနုပညာ ခရီးလမ်းကြောင်းပေါ်မှာ အချိန်တိုတိုအတွင်းမှာ အောင်မြင်မှုရရှိလာသူ တစ်ဦးလို့ ပြောလို့ရပါတယ်။ ဇာတ်ရုပ် အပြောင်းအလဲလုပ်ရတာ စိတ်ဝင်စားပြီး အတတ်နိုင်ဆုံး ပီပြင်အောင် သရုပ်ဆောင်တတ်တဲ့ အိချောပိုက ခုလက်ရှိမှာလည်း စာရေးဆရာကြီး ဇော်ဇော်အောင်ရဲ့ သန်းခေါင်၏တစ်ခြားတစ်ဘက် ဆိုတဲ့ဝတ္ထုကို ရိုက်ကူးနေတယ်လို့ သိရတာကြောင့်  ဒီကားထဲမှာရော ဘယ်လိုဇာတ်ရုပ်မျိုး သရုပ်ဆောင်ရဦးမလဲဆိုတာ မေးကြည့်လိုက်တော့ “ဒီကားထဲမှာတော့ နည်းနည်းခပ်မိုက်မိုက်ပုံစံမျိုး။ တက်တူးလေးတွေထိုးတယ်။ ဆေးလိပ်သောက် တာတွေပါတယ်။ ဆေးလိပ်က အပြင်မှာ မသောက်တတ်ပါဘူး။ ဒီရောက်မှ သင်ပေးကြတာပါ။ ဒီကားထဲမှာ ဆေးလိပ်က တကယ်သောက်ပြရတယ်။ စသောက်တော့ လက်တောင်တုန်နေတယ်။ တက်တူးကတော့ ဇာတ်သဘောအရပေါ့။ ဆွဲထားတာပါ။ ဒီဇာတ်ကားမှာ ညီမဖြစ်သူအိသီရိချိုမောင်နဲ့ တွဲရိုက်ရတယ် ဆိုတော့ အမှတ်တရဖြစ်ပါတယ်။”လို့ သူမက ပြောပါတယ်။

ခုဆိုရင် အိချောပိုရဲ့ ညီမဖြစ်သူ အိသီရိချိုမောင်ကလည်း အနုပညာလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းတော့မှာ ဖြစ်တဲ့အတွက် အစ်မတစ်ယောက်အနေနဲ့ ဘယ်လိုပြုစု ပျိုးထောင်သင်ကြားပေးသွားမလဲ ဆိုတာကိုတော့ သူမက “သူအများကြီး သင်ယူရဦးမှာပါ။ သူ့ကိုတော့ ကိုယ်တတ်နိုင်သလောက် ပြောပြပေးပါတယ်။ ဆုံးမပေးပါတယ်”တဲ့။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top