iMyanmarHouse.com - Best Property Website for Myanmar
×










သွားဖုံးကို ထုံဆေးထိုးခံရတဲ့အခါ တခါတလေ ရင်ဘတ်ထဲက နှလုံးခုန်ထွက်လုမတတ်ဖြစ်နေတာ  သတိထားမိကောင်း ထားမိပါလိမ့်မယ်။ ကြောက်ကြောက်လန့်လန့်ဖြစ်သွားလို့ နှလုံးခုန်နှုန်း အရမ်းမြန်သွားတာဖြစ်မယ်လို့ ယူဆကောင်း ယူဆမိပါလိမ့်မယ်။

ဒါလည်း တစ်စိတ်တစ်ပိုင်းတာ့ မှန်တာပေါ့။ ဒါပေမဲ့ နောက်အကြောင်းပြချက်တစ်ခု ရှိပါသေးတယ်။ တကယ်တော့ ထုံဆေးမှာ နှလုံးခုန်မှုကို ပိုမိုမြန်ဆန်စေတဲ့ အရာတစ်မျိုးပါဝင်တယ်။

ဘာကြောင့်သွားကို ထုံဆေးထိုးခံရတဲ့အခါ နှလုံးခုန်နှုန်းပိုမိုမြန်ဆန်ရသလဲ။

အပေါ်က ဖော်ပြထားသလို ထုံဆေးထိုးခံရတဲ့အခါ နှလုံးခုန်မှု လျင်မြန်စေရာမှာတော့ စိုးရိမ်မှု က အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ စိုးရိမ်စိတ်ဖြစ်တဲ့အခါ သွေးပေါင်ချိန်တိုးစေတဲ့ adrenaline ခေါ်တဲ့ အရာဝတ္ထုတစ်မျိုးကို ခန္ဓာကိုယ်က ထုတ်ပေးတဲ့အတွက် ကျွန်ုပ်တို့ နှလုံးခုန်နှုန်းမြန်ဆန်လာတာဖြစ်ပြီး နှလုံးကို အပြေးအလွှားဖြစ်စေတယ်။

အမေရိက က သွားဆေးခန်းတွေမှာ အသုံးပြုတဲ့ ထုံဆေးအများစုမှာ (adrenaline လို့လည်းသိရတဲ့) epinephrine ပါဝင်တယ်။ သွားဆရာဝန်မှ သင့်ကို ထုံဆေးမှတဆင့် adrenaline ပေးနေတာပါ။

စိုးရိမ်ဖို့တော့မလိုပါဘူး။ သွားဆရာဝန်များက သင့်ကိုစိုးရိမ်စိတ်ဖြစ်အောင် adrenaline နှစ်ခါသောက်စာ ပေးချင်တာ မဟုတ်ကြပါဘူး။ နောက်အကြောင်းတစ်ခုကြောင့် ထုံဆေးမှာ epinephrine ပါဝင်တာဖြစ်တယ်။ epinephrine က သွေးကြောတွေကို ကျုံ့သွားစေတယ်။

သွေးကြောတွေ ကျုံ့သွားတော့ သွားရဲ့အနီးနား တစ်ဝိုက်မှာ ထုံဆေးတွေအချိန်ကြာကြာ အောင်းကျန်ရစ်တယ်။ အဲဒီအတွက်ကြောင့် သွားဆရာဝန်အတွက် သွားကုသမှုလုပ်ပေးဖို့ အချိန်အကြာကြီး ရသွားတယ်။ သွားဆရာဝန်တွေ သင့်သွေးကြောတွေ ကျုံ့သွားစေချင်တဲ့ နောက်အကြောင်းအရင်းတစ်ခုကတော့ ခန္ဓာကိုယ်အတွင်းကနေ ထုံဆေးအနည်းငယ်သာ စုပ်ဝင်သွားစေတာကြောင့်ဖြစ်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top