iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုတော် နီနီခင်ဇော်က မြန်မာ့ဂီတ ထူးချွန်ဆုများ ပေးလာသည့် အတွက် နိုင်ငံတကာနှင့် ယှဉ်နိုင်သည့် သီချင်းမျိုး ပေါ်လာ နိုင်ကြောင်း ပြောသည်။ နီနီရဲ့ အမြင်ကတော့ ဒီလိုမျိုး ဆုတွေ ရှိသင့်တာ ကြာပြီ ပေါ့နော်။ သီချင်း တစ်ပုဒ်ဖြစ်ဖို့က အဆိုတော် တစ်ယောက်တည်းနဲ့ မပြီးဘူး။ အကုန် လုံးကောင်းမှ သီချင်းကောင်းတာ ဖြစ်လို့ ပရော်ဖက်ရှင်နယ် ကိုယ်တိုင်ကနေ ရွေးပေးတဲ့ ဆုပေးပွဲလည်း ဖြစ်တယ်။ ပရိသတ် ကြိုက်ပြီး မကောင်းတဲ့ သီချင်းလည်း မဟုတ်ဘူး။ ပရိသတ်ကြိုက်ပြီး ကောင်းတဲ့ သီချင်းလည်း ဖြစ်ရမယ်။ ဒီလို ဆုတွေ ကြောင့်လည်း မြန်မာနိုင်ငံမှာ အဆင့်အတန်းရှိတဲ့ သီချင်း တွေလည်း နောက်ထပ်ပေါ် လာမယ်။

ဒီလိုမျိုးပေါ် လာစေချင်တဲ့ အတွက်လည်း ဆုပေးပွဲလေး ဖြစ်လာတာ ပေါ့နော်။ နီနီ ကလည်း ၀မ်းသာပါတယ်။ ဒီဆု လေးတွေက နီနီတို့ အတွက် တွန်းအားပေးစေ တာပေါ့။ နီနီတို့ ဂီတ အနေနဲ့ ဆိုရင် အရှေ့တောင်အာရှမှာ အများကြီး သွားသင့်ပြီ ပေါ့နော်။ သူများနိုင်ငံ တွေကတော့ အများကြီး ဖြစ်လာတယ်။ နီနီတို့ ဆီမှာက ပြည်ပ အဆင့်အတန်းက ထင်ထားသလောက် မဖြစ်ဘူး။ နောက်ဆိုရင်တော့ ပိုပြီးတော့ မြင့်မား လာဖို့တော့ ရှိလာ ပါတယ်။ FM ဆု ဆိုတာက People Choiceပေါ့။ May Be သီချင်းက ကောင်းချင်မှ ကောင်းမယ်။ ဒီဆုကတော့ Quality  ကို ပိုပြီး ကွန်ထရိုး လုပ်နိုင်မယ် ထင်ပါတယ်။ FM  က ပေးတဲ့ဆုက မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ဒါက ပရော်ဖက်ရှင် အလွှာ အလိုက် ရွေးချယ်ကြ တာပါ။ ဒီဆုပေးပွဲ မှာလည်း နီနီက ကိုယ်တိုင် ရင်ခုန်ဖို့တော့ မရှိသေးပါဘူး ဟု နီနီခင်ဇော်က ပြောသည်။ မိုးရာသီ ဂီတ ဆုပေးပွဲတွင် နီနီခင်ဇော်၏ မာရီယို အခွေမှာ ဆုရရှိနိုင်ကြောင်း ခန့်မှန်း ပြောဆိုနေ ကြသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top