iMyanmarHouse.com - Best Property Website for Myanmar
×














ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အတွက် အထူးပင် ကောင်းကျိုး များစွာကို ရရှိစေနိုင် တယ်လို့ ဆိုပါတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ရုံ သာမက ကြွက်သားများ ကိုလည်း သန်မာစေနိုင် ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်းကို အားလပ်ချိန်လေးတွေမှာ လုပ်ပေး သင့်ပါတယ်။ ကြိုးခုန်ခြင်း လေ့ကျင့်ခန်းမှ ရရှိနိုင်သော အကျိုးကျေးဇူးတွေ ကတော့ ...

(၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင် ပါတယ်။

(၂) ကြိုးခုန်ခြင်းကို ကစားခြင်းကြောင့် နှလုံးခုန်နှုန်း မြန်စေပါတယ်။ ထို့ကြောင့် နှလုံးကြွက်သားများ သန်မာစေတဲ့ အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန် စေပါတယ်။ နှလုံးရောဂါ ရှိသူများ အထူးပင် လုပ်သင့်သော အားကစား တစ်ခုဖြစ်ပါတယ်။

(၃) ကြိုးခုန်ခြင်း ကစားနည်းကြောင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းစေသည့် အပြင် အရိုးများကိုလည်း သန်မာစေနိုင်ပါတယ်။ အလွန်ပင် အလုပ်များ တယ်ဆိုရင် တစ်နေ့ကို ၂ မီးနစ်ကနေ ၅ မီးနစ် လောက်ပဲ ကစားလိုက်ရုံဖြင့် အရိုးနှင့် ပက်သက်သော ရောဂါများကို ကာကွယ်ပေးနိုင် ပါတယ်။

(၄) ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ဦးနှောက်အာရုံ စူးစိုက်မှု အားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။

(၅) ဒီလေ့ကျင့်ခန်းဟာ နေရာကျယ်ကျယ် မလိုသည့် အပြင် အချိန်လည်း အနည်းငယ် ပေးရုံမျှဖြင့် ခန္ဓာကိုယ် အတွက် အကျိုးကျေးဇူး များစွာကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်းကို လူတိုင်း ကစားသင့်ပါတယ်။

Credit : ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top