iMyanmarHouse.com - Best Property Website for Myanmar
×












လူတွေဟာ အစားအသောက်ကောင်းလေး စားလိုက်ရရင် စိတ်ရှုပ်နေတာ၊ စိတ်တိုနေတာ၊ စိတ်ဖိစီးမှုတွေ ခံစားနေရရင်တောင် အားလုံးမေ့ပစ်နိုင်ကြတယ်လို့ ကြားဖူးကြမှာပေါ့။ တစ်ချို့သော အစားအစာတွေကတော့ ခုနပြောထားတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတတ်တယ်ဆိုတာ စားပြီးတဲ့အချိန်လောက်မှ သိနိုင်တာမျိုးပါ။ ငန်လွန်း၊ ချိုလွန်းတဲ့ အစားအသောက်တွေဟာ စိတ်ဖိစီးမှုကို ပိုမိုခံစားရစေတယ်လို့ ကျန်းမာရေးသုတေသီတွေက ဆိုထားကြပါတယ်။ အဲ့ဒီလို စိတ်ဖိစီးမှုဖြစ်နေတဲ့အခါ မစားသင့်တဲ့အစားအစာတွေကတော့

၁။အငန်ဓာတ်များတဲ့ ဘီစကစ်
စားလိုက်ရင် အရသာရှိပေမယ့် အငန်ဓာတ်များတဲ့ ဘီစကစ်တွေဟာ သင့်ကို စိတ်တိုအောင်၊ စိတ်မရှည်အောင် တွန်းအားပေးနိုင်ပါတယ်။ စားလိုက်ရင်လည်း ခဏသာ သင့်စိတ်ထဲကျေနပ်သွားမှာပါ။ အဲ့ဒီနောက်မှာတော့ အာရုံတွေနောက်၊ နေရထိုင်ရအဆင်မပြေအောင် သူတို့က ပြုလုပ်နိုင်ပါတယ်။

၂။အာလူးကြော်
သင့်ကို ၀စေနိုင်တဲ့အပြင် ၀ိတ်တက်တာမြန်စေတဲ့ ဒီအာလူးကြော်ဟာ ခဏတာအတွက်သာ မဟုတ်ပဲ မစားပဲရှောင်နိုင်ရင် အကောင်းဆုံး အစားအစာပါပဲ။

၃။ချိုတဲ့ကော်ဖီ
ကဖင်းဓာတ်ဟာ သင့်စိတ်ကိုတက်ကြွသွားအောင် ဖန်တီးပေးနိုင်တယ်ဆိုတာ သင်ကြားဖူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ချိုလွန်းတဲ့ကော်ဖီကတော့ သကြားဓာတ်များတဲ့အတွက် သင့်ကိုစိတ်နောက်သွားအောင်၊ ရင်ထဲပြည့်ပြည့်ကြီးဖြစ်သလို ခံစားနေရအောင် လုပ်နိုင်ပါတယ်။

၎။အာလူးအချောင်းကြော်
အားလူကြော်စားတဲ့အခါ ရရှိနိုင်တဲ့ ဆိုးကျိုးတွေကို အားလူးအချောင်းကြော်စားတဲ့အခါမှာလည်း သင်ရရှိခံစားရပါလိမ့်မယ်။ ပိုဆိုးတာက ဒါဟာ စိတ်ဓာတ်ကျတာလွယ်ကူစေတဲ့အပြင် ဗိုက်ပါပိုထွက်စေနိုင်တာပါပဲ။

၅။ဆိုဒါ
ဆိုဒါလေးသောက်လိုက်မှ နေသာထိုင်သာရှိတဲ့ဆိုတဲ့လူတွေဟာ သကြားနဲပတ်သက်တဲ့အစားအစာတွေကို စားနေသူတွေလိုပါပဲ။ ရရှိတဲ့ဆိုးကျိုးဟာ ပုံစံတူနေပါတယ်။ သကြားဓာတ်ကို
အလွန်အကျူးရရှိခံစားနေသလို ဖြစ်နေတာကြောင့် သင့်စိတ်ကိုညစ်နွမ်းစေပါတယ်။

၆။ကော့တေး
အရက်ပါဝင်တဲ့ ချိုတိုတိုကော့တေးတွေက သင့်အတွက် ဆိုးကျိုးတွေသာ ယူဆောင်ပေးနိုင်တာပါ။ သူက ကယ်လိုရီအများကြီး သင့်ဆီကို ယူဆောင်လာပါဦးမှာပါ။ ဒါဟာ စိတ်ဓာတ်ကျနေချိန်မှာ မသောက်သုံးသင့်တဲ့ အဆိုးဆုံးအရာပါပဲ။

Credit : Trend

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top