iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာ လောကမှာ တစ်ခေတ် အောင်မြင်ခဲ့ပြီး ယခုအချိန် အထိ ပရိသတ် အားပေးမှုကို ရရှိထားသူ ဇင်ဇင်ဇော်မြင့် က အောင်မြင်မှု ထိန်းသိမ်းပုံကို ခုလိုပဲ ပြောပြ သည်။

ထိုးဖောက်နိုင်ဖို့
အနုပညာသက်တမ်း တစ်လျှောက်မှာ ကိုယ့်ရဲ့ အမှတ်တရ နေ့တွေ အများကြီးရှိခဲ့ တယ်။ ဒီလောကကို စဝင်လာတုန်းက ဆိုရင် အများကြားမှာ ထိုးဖောက်နိုင်ဖို့ အရမ်း ကို ကြိုးစားခဲ့ ရတယ်။ ကိုယ်တိုင် ကြိုးစားခဲ့ရတဲ့ အတွက် အခက်အခဲ ကတော့ နေရာတိုင်း မှာ ရှိတာတွေ့ရတာပဲ။ အဲဒီ အခက်အခဲကြား မှာ ကြိုးစားခဲ့တယ်။ အိမ်ထောင်ပြု ကလေးမွေးပြီး အခုပြန်ရိုက်မယ် လုပ်တော့လည်း အခက် အခဲတွေ ရှိတာပဲ။

ရှင်သန်ဖို့ဆိုတာ
ဒီကြားထဲမှာ နားလိုက်ပေမယ့် ပြန်ရိုက် တော့ ပရိသတ်တွေ ကိုယ့်ကို မေ့မသွားဘူး။ ခုချိန်ထိ အားပေးတာတွေ့ရတယ်။ အဓိက ကတော့ ဒီအောင်မြင်မှုတစ်ခုက ကိုယ်နဲ့ အတူ ရှင်သန်ဖို့ ဆိုတာ ပရိသတ်ကို လေးစားမှု ရှိရမယ်။ အခု မေလေး ပြန်ရိုက်မယ် ဆိုတာက လည်း ကိုယ့် ပရိသတ်တွေကို တာဝန်မကျေ ဘူးခံစား ရလို့ ပြန် ပြီး ကျေးဇူး ဆပ်တဲ့သဘော အနေနဲ့ပါ။

ခဏတာ ပေါ်ပြူလာ
ဒီအနုပညာကို ဝါသနာပါလို့ ခြေလှမ်း လှမ်းလာတဲ့ မျိုးဆက်သစ် လူငယ်တွေကို ပြောချင်တာက တကယ် အနုပညာကို ဝါသနာ အရင်းခံ နဲ့လုပ်ရင် အကောင်းဆုံး အအောင်မြင်ဆုံး ဆုရမှာပဲ။ ခဏတာ ပေါ်ပြူလာ အနေ နဲ့မလုပ်ဘဲ တကယ် ဝါသနာ အရင်းခံပြီး လုပ်မယ် ဆိုရင် အများကြီး အောင်မြင်မယ် လို့ ထင်ပါတယ်။

Credit : Popularmyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top