iMyanmarHouse.com - Best Property Website for Myanmar
×














 တေးရေး တေးဆို သားကြီးက ယခုနောက်ပိုင်းတွင် အဆိုပိုင်းထက် တေးရေး အပိုင်းကို ပိုမိုလုပ်ကိုင် ဖြစ်ပြီး လူသေသွား သော်လည်း သူ၏ သီချင်းများ အမြဲတမ်း ရှင်သန်စေချင်ကြောင်း ပြောသည်။

ကျွန်တော့်ရဲ့ လက်ရှိအလုပ်က တေးရေး၊ တေးဆိုပေါ့နော်။ ကျွန်တော် ဒီအလုပ်ကို လုပ်တယ်။ ဘာအတွက် လုပ်နေလဲ။  ဘာကြောင့် အသက်ရှင်နေရလဲ ဆိုတာကို အရင်က မစဉ်းစားမိဘူး။ မနှစ်က ဆိုတေး ကားအက်ဆီးဒင့် ဖြစ်တယ်။ အဲဒီနောက် ကျွန်တော့်ရဲ့ အတွေး ထဲကို စဉ်းစား စရာ တစ်ခုဝင် လာတယ်။ နောက်တော့  စန်္ဒီ (၁၅၀၀)  ဆုံးတယ်ပေါ့။ အဲတော့ ကျွန်တော်က စဉ်းစားတယ်။ ငါတို့က ဒီအလုပ်ကို လုပ်နေရင်း ဘာ အတွက်နဲ့  အသက်ရှင်လဲ ဆိုတာကို စဉ်းစားမိတယ်။ အဲဒီမှာ ကျွန်တော် သီချင်းကို လုံးဝ လုပ်ချင်စိတ် မရှိတော့ဘူး။ လုပ်လက်စ သီချင်းတွေ ဖြတ်ပြီး   ရပ်ပြီးတော့ ကျွန်တော် နိုင်ငံခြားကို သွားပြီး ပိုက်ဆံရှာမယ်ပေါ့။ ဒါက ငါ့ဘ၀ မဟုတ်ဘူး ဆိုတာကို သိတယ်။

 ဒါပေမဲ့ ကျွန်တော်က အသက်ရှင်နေသ၍ ကျွန်တော့် သီချင်းတွေ လေလှိုင်းထဲမှာ ပျံ့နှံနေတာကို ဖြစ်ချင်တယ်။ ကျွန်တော့် သီချင်းတွေ အမြဲ ရှင်သန်ချင်တယ်။ ကျွန်တော် ရပ်ထားတဲ့ သီချင်းတွေ ကို ပြန်စတယ်။  ပြန်ပြီး လုပ်ပါတယ်။ အားလုံးကို  စေတနာထားပြီး လုပ်ပေးတယ်။ ကျွန်တော့်သီချင်းတွေ မသေခင်မှာရော သေပြီးတဲ့ နောက်ရော ကျန်နေခဲ့တဲ့ စိတ်လေး အားလုံး ကိုလည်း သီချင်းတွေပဲ ရေးဖြစ်ပါတယ်။ ကျွန်တော် အခု နောက်ပိုင်းလည်း သီချင်းတွေပဲ ရေးဖြစ်နေပါတယ်။ ကျွန်တော့် ရဲ့ တတိယအခွေ ကိုလည်း ရိုက်ကူးရေး လုပ်ရပါတယ် ဟု သားကြီးက ပြောသည်။ သားကြီးသည် ပရဟိတ အဖွဲ့အစည်းမျာနှင့် နယ်မြို့ မျှားသို့ လှည့်လည် ဖျော်ဖြေရာတွင် အနုပညာကြေး မယူဘဲ ဖျော်ဖြေပေးနေကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top