iMyanmarHouse.com - Best Property Website for Myanmar
×











ဗြိတိန်အဆိုတော် ဂျက်စီဂျေးက ၎င်းအတွက် တေးဂီတ ကသာ နံပါတ်−၁   ဖြစ်သော ကြောင့် ဟောလိဝုဒ်မှ ရုပ်ရှင် ဇာတ်ကားများ၌ ပါဝင်သရုပ် ဆောင်ပေးရန် ဟောလိဝုဒ် ကမ်း လှမ်းမှုများကို ငြင်းပယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဂျက်စီဂျေးက ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားတစ်ကား၌ စူပါ ဟီးရိုးဇာတ်ကောင်တစ်ဦးအဖြစ် သရုပ်ဆောင်ခွင့် ကမ်းလှမ်းခြင်း ခံခဲ့ရကြောင်း၊ သို့သော် ၎င်းမှာ Sweet Talker အယ်လ်ဘမ်သစ် ထွက်ရှိရေးနှင့် အလုပ်များနေခဲ့ ကြောင်း Daily Star သတင်း အား ပြောသည်။

‘‘ကျွန်မကို စူပါဟီးရိုးဇာတ် ရုပ်တွေ လာကမ်းလှမ်းခဲ့ကြ တယ်။ Kick-Ass ရုပ်ရှင်မှာ လည်း ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခံခဲ့ရဖူးတယ်။ ဒါပေမဲ့ ကျွန်မ လက်မခံခဲ့ဘူး။ ကျွန်မရဲ့ တေးဂီတလုပ်ငန်းအချိန်ဇယား ရပေမယ့် ကျွန်မက တစ်ခုဆိုတစ် ခုပဲ အာရုံစိုက်ချင်တဲ့ လူမျိုးပါ’’ ဟု ဂျက်စီဂျေးက ပြောကြား သည်။

   ဂျက်စီဂျေး၏ တတိယ မြောက် စတူဒီယိုအယ်လ်ဘမ် Sweet Talker သည် အောက်တို ဘာ ၁၃ ရက်တွင် ထွက်ရှိခဲ့သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top