iMyanmarHouse.com - Best Property Website for Myanmar
×









အမျိုးသားထက်ဝက်နီးပါးမှာ ၎င်းတို့ဘ၀၏ အချို့သော အချိန်များတွင် ဟောက်တတ်ကြသည်ဟု ဆိုပါသည်။ အချို့သော ပုဂ္ဂိုလ်များအတွက် ဟောက်လေ့ရှိခြင်းမှာ ယာယီပြဿနာတစ်ခုသာ ဖြစ်နိုင်သော်လည်း နှစ်ပေါင်းများစွာ ဟောက်တတ်သည့် အကျင့်ရှိသူများလည်း ရှိသည်။

သို့သော် အချို့သော အချိန်များတွင် လွယ်ကူရိုးရှင်းသည့် ကုသနည်းများက အိပ်ပျော်နေစဉ် ဟောက်လေ့ရှိခြင်းကို တားဆီးနိုင်သည်။လူအများစုမှာ ပက်လက်အိပ်စက်ခြင်း (သို့မဟုတ်) မှောက်ခုံအိပ်ခြင်း ကြောင့် ဟောက်လေ့ရှိသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

သင်သည် ပုံမှန်ဟောက်လေ့ရှိသူဖြစ်ပါက ဘေးတစောင်းအိပ်ရန် ကြိုးစားကြည့်ပါ (သို့မဟုတ်) သင်အိပ်ပျော်နေချိန်တွင် ညင်သာစွာ ဘေးတစောင်းလှည့်ပေးရန် သင်၏အဖော်ကို ခိုင်းပါ။

သာမန်ကိုယ်အလေးချိန် ရှိသူများထက် ကိုယ်အလေးချိန်ပိုများနေသူများနှင့် အ၀လွန်သူများမှာ ဟောက်တတ်သည့်အကျင့်ရှိရန် ရာခိုင်နှုန်းပိုများသည်။

လည်ပင်းနားတစ်ဝိုက် အလေးချိန်ပိုများနေခြင်းက သင်၏ အ သက်ရှူလမ်းကြောင်းကို ဖိထားသကဲ့သို့ဖြစ်စေပြီးအသက်ရှူခြင်းကိုအနည်းငယ်အနှောင့်အယှက်ဖြစ်စေသဖြင့် ဟောက်လေ့ရှိခြင်းဖြစ် သည်။

အရက်အလွန်အကျွံသောက်ခြင်းကလည်း မေးရိုးနှင့် လည်ပင်းကို ပြေလျော့သွားစေနိုင်ပြီး ဟောက်လေ့ရှိလာနိုင်သည်။ တစ်ခါတစ်ရံတွင် ဓာတ်မတည့်မှုဖြစ်ခြင်းကလည်း သင့်ကိုဟောက်တတ်စေသည်။ သင့်တွင်ရှိနိုင်သည့် (သို့မဟုတ်) ရှိလာနိုင်သည့် ဓာတ်မတည့်မှုများအတွက် အရင်ဆုံး စစ်ဆေးမှုခံယူလိုက်ပါ။ ဓာတ်မတည့်မှု ခံစားနေရသူများမှာ အိပ်ပျော်နေစဉ် ပါးစပ်ဖြင့် အသက်ရှူလေ့ရှိကြောင်း လေ့လာမှုများက ဖော်ပြသည်။

ယင်းကဲ့သို့ ဓာတ်မတည့်မှုများကို ကုသရန် နှာခေါင်းဖျန်းဆေး အသုံးပြုနိုင်မည်လား ဆရာဝန်နှင့်တိုင်ပင်ပါ။
  ဆေးလိပ်သောက်ခြင်းကလည်း အသက်ရှူလမ်းကြောင်းကို အ နှောင့်အယှက်ဖြစ်စေပြီး ဟောက်တတ်သူတစ်ယောက် ဖြစ်လာစေနိုင်သည်။

မကြာခဏဆိုသလို ပုံမှန်အိပ်စက်လေ့မရှိခြင်းကြောင့်လည်း သင့်ကို ဟောက်တတ်လာစေမည်ဖြစ်သည်။ အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို သတ်သတ်မှတ်မှတ်ထား၍ ပုံမှန်အိပ်စက်ပါ။


Credit : 7day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top