iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာဖန်တီးမှုအပိုင်းနဲ့ပတ်သက်ရင် ၀ီရိယကြီးလှတဲ့ အကယ်ဒမီနေတိုး ၊ ကြော်ငြာ၊ ကားရိုက်တွေမှာလဲ ပရိသတ်နဲ့အပေးအယူတည့်လှစွာ သရုပ်ဆောင်နိုင်သူ၊ မိတ်ကပ် ခြယ်သမှု အပိုင်းကိုလဲ လေ့လာအားထုတ်မှုအရ ဖန်တီးတတ်တဲ့အပြင် ဓာတ်ပုံရိုက်ခြင်း အတတ်ပညာကိုလဲ အကျွမ်းတ၀င် လေ့လာထားတဲ့ နေတိုးဟာ အသံတုပိုင်းဆိုင်ရာမှာလဲ ကျွမ်းကျင်ပိုင်နိုင်သူ တစ်ယောက်ပေမို့ ပရိသတ် အသိအမှတ်ပြုခြင်းခံရတဲ့ အကယ်ဒမီနေတိုးနဲ့တွေ့ဆုံခိုက်မှာ သူလက်ရှိ ဘယ်လိုဇာတ်ကားမျိုးလေးတွေမှာသရုပ်ဆောင်ဖို့စိတ်ဝင်စားနေသလဲဆိုတာနဲ့ပတ်သက်ပြီး
 မေးကြည့်တဲ့အခါ “လက်ရှိ အသက်အရွယ်မှာ အရမ်းလူငယ်ဆန်တဲ့ ဇာတ်ရုပ်မဟုတ်ပဲ လူလတ်ပိုင်းထဲမှာမှ လူတန်းစားသုံးရပ်လုံး ကြည့်လို့ရမဲ့ ဇာတ်လမ်းမျိုးပေါ့။

 ဥပမာအားဖြင့် တချို့ အရမ်းကို ဒရာမာဖြစ်ပြီး အရမ်းဆို့ဆို့နစ်နစ်ဖြစ်မယ့် ဇာတ်ကားမျိုးဆိုရင် အရမ်းလူငယ်ဆန်တဲ့ လူငယ်လေးတွေက မကြိုက်တာမျိုးရှိတယ်။ အရမ်းဖန်စီဖြစ်တဲ့ ဇာတ်လမ်းမျိုးဆိုရင် လူကြီးပိုင်းတွေ မကြိုက်တာရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က ဒီနှစ်ခုကို ပေါင်းဆက်ပြီးတော့မှ ဇာတ်လမ်းရဲ့တင်ပြပုံကို နည်းနည်း စဉ်းစားစရာလေးတွေနဲ့ တည်ဆောက်ရတဲ့ ဇာတ်လမ်း ပုံစံလေးတွေကို ကြိုက်နေတယ်”လို့ သူက ပြောပါတယ်။

သူ့ရဲ့ နောက်ထပ် ၀ါသနာတစ်ရပ်ဖြစ်တဲ့ ဓာတ်ပုံရိုက်ခြင်းနဲ့ပတ်သက်ပြီးတော့လဲ သူက “၀ါသနာပဲပေါ့။ အနုပညာနဲ့ပတ်သတ်ပြီး အစုံကို ၀ါသနာပါနေတာပေါ့။ ကျွန်တော့်ရဲ့ စေ့ထားသော တံခါးများဆိုတဲ့ စာအုပ်လိုပေါ့ သဘောတရားတခုက တံခါးတစ်ချပ်က ပိတ်ထားတာလဲ မဟုတ်ဘူး။

ဖွင့်ထားတာလဲမဟုတ်ဘူး။ စေ့ထားတဲ့ တံခါးတချက်က သူ့အထဲမှာရှိတဲ့ အရာကို တိတိကျကျ မမြင်နိုင်ဘူး။ ကျွန်တော့်အနေနဲ့ ကျွန်တော်ဝါသနာပါတဲ့ အပိုင်းတော်တော်များများကို လေ့လာပြီးတော့မှ ပရိသတ်ကို အမှတ်တရအနေနဲ့တင်ပြလိုက်တာမျိုးလေးတွေ ရှိတယ်။ အဓိကက ဓာတ်ပုံပညာကို ကျွန်တော်သည် ကျွမ်းကျင်မှုထက်ကို ၀ါသနာကြီးတယ်။ ၀ါသနာကြီးတဲ့ခါကျတော့ သူနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို လေ့လာဖြစ်တယ်။ နောက်ပြီး ရုပ်ရှင်ဆိုတာလဲ ကင်မရာနဲ့ရိုက်မှ ပရိသတ်ဆီကို သွားတာဆိုတော့ ကျွန်တော်တို့ ဖန်တီးနေတဲ့ အပိုင်းမှာ အဓိက အရေးကြီးဆုံးအပိုင်းသည်ကင်မရာဖြစ်တယ်။

အဲ့ဒါကြောင့်ထဲထဲဝင်ဝင်ကို လေ့လာဖြစ်တယ်။ ကိုယ်တွေရဲ့ကားတွေနဲ့နိုင်ငံခြားကားတွေ ဘာကြောင့်ကွာခြားသလဲဆိုတာပါ လေ့လာတယ်။ ခုတော့ ရာခိုင်နှုန်းတော်တော်များများ နီးစပ်နေပြီလို့ပြောလို့ရပါတယ်”တဲ့။

Credit : Trend

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top