iMyanmarHouse.com - Best Property Website for Myanmar
×

တေးသံရှင်နိုရာမိုရဲ့ ပူတူတူးလေး ဒီဗီဒီထွက်ရှိခြင်း အခမ်းအနားကို အောက်တိုဘာ၂၇ရက်နေ့၊ က Central ဟိုတယ်မှာ ပြုလုပ်သွားခဲ့ပါတယ်။ သူ့ရဲ့ ပူတူတူးလေး ဒီဗီဒီထွက်ရှိခြင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာကတော့ “ညီမ ဒီအခွေလေးအတွက် ၅လ အချိန်ယူပြင်ဆင်ခဲ့ရပါတယ်။ ညီမရဲ့ ဒီဗီဒီအခွေလေး ထွက်ချင်တဲ့ ဆန္ဒအတိုင်းလုပ်ဖြစ်သွားလို့ အရမ်းဝမ်းသာပါတယ်။ ညီမအတွက် ဒီအခွေလေးက အမှတ်တရတွေလည်း အများကြီးရှိခဲ့ပါတယ်။ ပရိသတ်ကြီး အားပေးမလား၊ အားမပေးဘူးလားဆိုတဲ့ စိတ်ကြောင့် လည်း အရမ်းစိတ်လှုပ်ရှားခဲ့ရပါတယ်။ ညီမရဲ့ အခွေလေးကို ပရိသတ်ကြီး အားပေးစေချင်တယ်။

အခွေထဲမှာ Featuring တွေကတော့ သြရသနဲ့ စိုးထက်ပါတယ်။ တေးရေးဆရာတွေကတော့ စိုးလင်း၊ Rခိုင်၊ မီဒီယံ၊ သြရသ၊ နေထိုက်စိုး၊ သားဖြိုး၊ နေနန်း၊ စိုးထက် တို့က ရေးသားပေးထားပါတယ်။ ညီမရဲ့သီချင်းတွေ အကုန်လုံးက ကိုယ်ပိုင်သံစဉ်တွေချည်းပဲ သီဆိုထားတာပါ။ R&P၊ Pop၊ Country ပုံစံ သီချင်း ၁၄ပုဒ်ပါပါတယ်။ ညီမရဲ့ဒီဗီဒီအခွေအတွက် ပုံဖော်ရိုက်ကူးပေးကြတဲ့ ဒါရိုက်တာတွေက သုံးပေါင်၊ ဝင်းလွင်ထက်၊ KZ၊ ဥက္ကာဗိုလ်၊ ထွန်းလင်း၊ ညီငယ်တို့ဖြစ်ပြီး သူတို့တွေတကယ် အကောင်းဆုံး ကြိုးစားပုံဖော်ရိုက်ကူးပေးထားတယ်ဆိုတာ ပရိသတ်ကြီး ကြည့် လိုက်ရင် တွေ့ရမှာပါ။ သရုပ်ဆောင်တွေက  မြင့်မြတ်၊ ဇေရဲထက်၊ ကောင်းပြည့်၊ ဆူးရှ၊ သြရသ၊ အလင်းရောင်နှင့် နိုရာမိုကိုယ်တိုင်ပဲဖြစ်ပါတယ်။ ညီမအခွေထဲမှာ ညီမကိုယ်တိုင် အမှတ်တရဖြစ်ချင်တာလည်း ပါသလို၊ အကောင်းဆုံး ကိုယ်တိုင်ကြိုးစား သရုပ်ဆောင်ထားပါတယ်။ ညီမရဲ့အနုပညာပေါ်ထားတဲ့ ခံယူချက်က  ညီမကို ပရိသတ်လက်ခံလာအောင် အတတ်နိုင်ဆုံး၊ အကောင်းဆုံးကြိုးစား သွားမယ်။ နောက်ပြီး ညီမဖြစ်ချင်တဲ့ အဆိုတော်ကို ဖြစ်အောင်ကြိုးစား သွားမှာပါ”လို့ သူမက ဖွင့်ဟသွားပါတယ်။

နိုရာမိုရဲ့ ပူတူတူးလေး ဒီဗီဒီအခွေကို အောက်တိုဘာ ၂၇ရက်နေ့ကစပြီး ထင်းရှူးရိပ် တေးသံသွင်းကနေစတင်  ဖြန့်ချိပေးနေပါပြီ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top