iMyanmarHouse.com - Best Property Website for Myanmar
×












လက်ပံဇာတ်ကားနဲ့ အကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့တဲ့ သရုပ်ဆောင်ဖွေးဖွေးတစ်ယောက် အကယ်ဒမီရပြီးသွားတဲ့နောက်မှာ အရင်ကလောက် ဇာတ်ကားရိုက်ကူးမှုမရှိတော့တာ တွေ့ရ ပါတယ်။ ဒါကြောင့် သူ့ရဲ့ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး ဘာကြောင့်နည်းသွားရတယ်ဆိုတာကို မေးဖြစ်ခဲ့ တာကတော့

အချိန်တိုင်း၊ နေရာတိုင်း ရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး အမှတ်တရရှိရင်ပြောပြပေးပါလား။

Anytime Anywhere (အချိန်တိုင်း၊ နေရာတိုင်း) ဆိုတဲ့ဇာတ်ကားလေးက အခု မြဝတီ ရုပ်သံလိုင်းမှာ လွှင့်နေပါပြီ။ ရဲအုပ်မေသူ အဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲဒီ့ဇာတ်ကားရိုက်ဖို့အတွက်ကို ဖွေးဖွေး နေပြည်တော်ထိသွားပြီး တကယ့်ရဲနဲ့ ရဲအုပ်သင်တန်း အတူသွားတက်ခဲ့ရပါတယ်။ ရဲတစ်ယောက် ဖြစ်ဖို့ ဘာတွေ၊ ဘယ်လိုအဲလောက်တောင်ပင်ပန်း ခံပြီးတော့ ကျင့်ရတယ်ဆိုတာကိုသိလိုက်ရတယ်။ နှစ်ရက်ပဲ တက်ခဲ့တာတောင်လူက တော်တော်ပြိုင်းသွားတယ်။ အရမ်းပင်ပန်းခဲ့တယ်။ ဖွေးဖွေးကို ပရိသတ်ကြီး အားပေးကြပါဦး။ ကိုဝိုင်းရဲ့ပထမဆုံး တီဗီစီးရီးလည်း ဖြစ်တယ်။ ကိုယ့်အတွက် ပထမဆုံး တီဗီစီးရီးလည်း ဖြစ်ပါတယ်။

အကယ်ဒမီရပြီးသွားတဲ့နောက် ဖွေးဖွေးရဲ့ ပုံစံအနေအထား ဘယ်လိုဖြစ်သွားမလဲ။

ဖွေးဖွေးအလုပ်တွေကို ပိုလျော့ချလိုက်ပါတယ်။ ပြောင်းပြန်သွားကြည့်တာပေါ့နော်။ အများကြီး လက်ခံမယ့်အစား ကွာလတီကောင်းဖို့တစ်ခုကိုပဲ ရွေးပြီး လက်ခံချင်ပါတယ်။

အကယ်ဒမီရပြီးနောက်မှာ အရင်ကထက် ကားရိုက်နည်းသွားတာတွေ့ရတာကရောဘာကြောင့်ပါလဲ။

ပရိသတ်နဲ့ဖွေးဖွေးအကြိုက်ဖြစ်မယ့် အရာမျိုးတွေပဲ ရွေးလုပ်နေလို့ပါ။ ဒီလိုမျိုး အလုပ်တွေ လျော့လိုက်တာဟာ ဖွေးဖွေးအတွက် စီးပွားရေးအရ ထိခိုက်ပါသေးတယ်။ အကယ်ဒမီကလည်း ကိုယ့်အရွယ်နဲ့ မလိုက်အောင် ရသွားတယ်လို့ပဲ ခံစားမိတယ်။ ကိုယ့်လိပ်ပြာကိုယ်လုံချင်တယ်။ အနုပညာ တကယ်စစ်တဲ့အရာတွေကိုပဲ လုပ်ဖို့ စောင့်မျှော်နေပါတယ်။

အနုပညာဝမ်းစာဘယ်လောက်ပြည့်ဝပြီလို့ မှတ်ယူထားပါသလဲ။

အနုပညာဝမ်းစာဆိုတာက အရွယ်နဲ့ ဆိုင်ပါတယ်။ ကိုယ့်ရဲ့experience ဘယ်လောက်ရှိတယ် ဆိုတာလဲ မူတည်ပါတယ်။ အတွေ့အကြုံကတော့ အများကြီးကြုံဖူးပြီးပါပြီ။

အနုပညာရှင်ဆိုတာ ပရိသတ်နဲ့ အမြဲထိတွေ့ရတယ်လေ။ အခုလိုဇာတ်ကားတွေ စီစစ်ပြီးမှ လက်ခံရိုက်ကူးနေတော့ ပရိသတ်နဲ့ ဖွေးဖွေးကြားမှာ အဆက်အသွယ်ပြတ်သွားမှာမျိုး စိုးရိမ်မိသေးလား။

ဖွေးဖွေး ကြော်ငြာတွေတော့ ဆက်တိုက်ရိုက်ပါတယ်။ ပြီးတော့ ဖွေးဖွေးကို တကယ်ချစ်တဲ့ ပရိသတ်တွေကတော့ အလှမ်းဝေးလည်း ဘယ်တော့မှမေ့မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ရုပ်ရှင်ကားကြီး ရိုက်ထားတာတွေရှိပါတယ်။ ကျွန်မကနှင်းဆီပါမောင်၊ သက်တံသစ်၊ ခေတ်သစ် ကျေးကျွန်များ ကားတွေရှိတယ်ဆိုတော့ ပရိသတ်အားပေးမယ်ဆိုတာ လုံးဝအာမခံပါတယ်။ ကိုယ်လည်း အများကြီးကြိုးစားထားတယ်လေ။

ဗီဒီယိုဇာတ်ကားတွေကို ဖွေးဖွေးအနေနဲ့ တစ်လ ဘယ်နှစ်ကားပဲ ရိုက်ကူးမယ်ဆိုပြီး သတ်မှတ်ထားတာမျိုးရော ရှိပါသလား။

ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက်ရမယ်လို့ ဘယ်သူက သတ်မှတ်ပေးထားသလဲပေါ့နော်။ ကောင်းတာတွေချည်းပဲ ထွက်လို့မရဘူးလား။ ကောင်းတဲ့ကားတွေချည်းပဲလည်း အမြဲဆက်တိုက် ဘယ်ရိုက်နိုင်ပါ့မလဲနော်။ တစ်လတစ်ကားထွက်မယ်တို့၊ နှစ်ကားထွက်မယ်တို့ သတ်မှတ်မှုတွေ မရှိစေချင်ဘူး။ ဖွေးဖွေးရဲ့ ကားတွေထွက်တိုင်းကောင်းတဲ့ကား ပဲဖြစ်စေချင်တာကြောင့်ပါ။ အဲဒီ့အတွက် အချိန်တစ်ခုကိုစောင့်ပြီးရိုက်တာပါ။

ဒါရိုက်တာဝိုင်းအပြင်နောက်တစ်ခြား ဒါရိုက်တာတွေနဲ့ရော ရိုက်ကူးသွားဖို့ရှိမလား။

အသစ်ကမ်းလှမ်းထားတာတော့ ရှိတယ်။ သူတို့က လျို့ဝှက်ခိုင်းထားပါတယ်။ နိုင်ငံခြားကပါ။ သူတို့ရဲ့ဇာတ်လမ်းကလည်း ပုံမှန်မဟုတ်ဘူး။ သာမာန်ထက် ကွဲထွက်တယ်။ ဇာတ်လမ်းပုံစံ ကိုတောင် မပြောခိုင်းထားသေးဘူး။ ဖွေးဖွေးပြောမိလိုက်ပြီ။

ပရိသတ်ကြီးကို စကားလက်ဆောင်ပြောပေးပါဦး။

ဖွေးဖွေးကိုချစ်တဲ့ ပရိသတ်ကြီးအားလုံး ဖွေးဖွေးကို အမြဲချစ်ခင်အားပေးနေကြပါလို့ ပြောချင်ပါတယ်။ 

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top