iMyanmarHouse.com - Best Property Website for Myanmar
×











သက်ကြီးရွယ်အို များ၏ ခန္ဓာကိုယ် သည် အသက်အရွယ် ကြီးရင့်ခြင်း၊ ရောဂါ ဝေဒနာများ ခံစားရခြင်း တို့ကြောင့် အဘက်ဘက်မှ ယိုယွင်း ပျက်စီး လာလေ့ ရှိရာဝယ် အာရုံငါးပါး ၏ စွမ်းဆောင် ရည်လည်း ကျဆင်းလာလေ့ ရှိသည့်အနက် အနံ့ခံ အာရုံကောင်းခြင်း၊ မကောင်းခြင်းက နောက်ထပ် ရှင်သန် နေထိုင်မည့် လူ့ဘဝ သက်တမ်းကို ထောက်ပြလေ့ ရှိကြောင်း သိရသည်။

သက်ကြီးရွယ်အို တစ်ဦး၏ ဘဝ သက်တမ်းကို ခန့်မှန်းရာတွင် ၄င်း၏ အနံ့ခံအာရုံ မည်မျှ ကောင်းမွန် သည်ကို တိုင်းတာခြင်းဖြင့် နောက်ထပ် ငါးနှစ်အတွင်း အသက်ရှင်သန် နေထိုင်နိုင်ရန် အလားအလာ ရှိ၊ မရှိ ကို ဆရာဝန်များ အကဲဖြတ် နိုင်မည် ဖြစ်သည်။

သုတေသီ များက သက်ကြီးရွယ်အို သုံးထောင်ခန့်ကို စစ်တမ်း ကောက်ယူခဲ့ရာ အနံ့ခံအာရုံ ညံ့ဖျင်းလေ၊ ငါးနှစ်အတွင်း အသက်သေဆုံး နိုင်ခြေမြင့်လေ ဖြစ်ပြီး ငါးနှစ်အတွင်း အနံ့ခံအာရုံ အားနည်းသူ ၃၉ ရာခိုင်နှုန်း သေဆုံး ခဲ့သော်လည်း အနံ့ အမျိုးအမည်ကို မှန်ကန်စွာ ပြောပြနိုင်သူ ၁ဝ ရာခိုင်နှုန်းသာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အနံ့ခံအာရုံ ကျဆင်း လာခြင်းကြောင့် သေဆုံးမှု မြန်ဆန်မည်ဟု မဆိုသာ သော်လည်း သက်ကြီးပိုင်းတွင် အနံ့ခံအာရုံ အားနည်း လာခြင်းက ငါးနှစ်အတွင်း သေဆုံးနိုင်ခြေ မြင့်မား လာပြီကို ထောက်ပြ နေခြင်း ဖြစ်သည့် အတွက် မိမိသည် အနံ့များကို မှန်ကန်စွာ မပြောနိုင် တော့လျှင် ကျန်းမာရေး စစ်ဆေးမှုကို အမြန်ဆုံး ပြုလုပ်သင့်ကြောင်း သုတေသီ များက ဆိုသည်။

အထူးသဖြင့် ပူရှိန်း၊ ငါး၊ လိမ္မော်သီး၊ နှင်းဆီပန်း နှင့် သားရေအနံ့ တို့ကို ကွဲကွဲပြားပြား မပြောပြ နိုင်သော အသက် ၅၇ နှစ်မှ ၈၅ နှစ်အရွယ် သက်ကြီးရွယ်အို တို့သည် ငါးနှစ်အတွင်း ၃၉ ရာခိုင်နှုန်း သေဆုံးခဲ့ခြင်း ဖြစ်ပြီး အနံ့ခံအာရုံ အသင့်အတင့် ကောင်းမွန်သူတို့ အနက် ၁၉ ရာခိုင်နှုန်း သေဆုံးခဲ့ကာ အနံ့များကို မှန်ကန်စွာ ပြောပြနိုင် ခဲ့သူတို့  အနက် ၁ဝ ရာခိုင်နှုန်းသာ သေဆုံး ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အနံ့ခံအာရုံ ကောင်းမွန်ခြင်း သည် အသက်အရွယ်၊ အစာ အာဟာရ၊ ဆေးလိပ် သောက်ခြင်းနှင့် ကျန်းမာရေး တို့အပေါ် မူတည် နေသော်လည်း မည်သည့် အကြောင်းကြောင့် ဖြစ်စေ အနံ့ခံအာရုံ ကျဆင်းလျှင် နှစ်အနည်းငယ် အတွင်း သေဆုံးမည့် လက္ခဏာပင် ဖြစ်ကြောင်း၊ အနံ့များကို မှန်ကန်စွာ မပြောနိုင် တော့ခြင်းသည် ကိုယ်တွင်းဆဲလ် သေဆုံးမှု မြင့်မားလာပြီး အသစ်ပြန် ဖြစ်မလာ တော့သည့် လက္ခဏာ ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အို များအား အရေးပေါ် ဆေးကုသရန် စစ်ဆေးရာတွင် အနံ့ခံအာရုံ စစ်ဆေးမှု ကိုလည်း ထည့်သွင်း ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

Credit : PyiChitThar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top