iMyanmarHouse.com - Best Property Website for Myanmar
×














ရုပ်ရှင်ရိုက်ကူးရေး အစီ အစဉ်ရှိသောကြောင့်  ရိုက်ကွင်း အတွေ့အကြုံရစေရန်    ဗီဒီယို ဇာတ်ကားတစ်ကား လက်ခံရိုက် ကူးနေကြောင်း Bobby Soxer (ထက်ထက်)ကပြောသည်။

‘‘အန်ကယ်လေးနဲ့ ချာတိတ် သီချင်း အမ်တီဗီရိုက်တော့ အာရွှီး တဲ့ကိုကိုဆိုတဲ့ ဇာတ်ကားလေး ရိုက်ချင်တယ်လို့ ပြောတယ်။ ရုပ် ရှင်လည်း ရိုက်ဖို့ အစီအစဉ်ရှိတာ ဆိုတော့ အရမ်းအစိမ်းသက်သက် ကြီး ဖြစ်မနေအောင် ရိုက်ဖြစ်သွား တာပါ’’ ဟု ၎င်းကပြောသည်။

ပထမဆုံး  ရိုက်ကူးသည့် ဇာတ်ကားဖြစ်သောကြောင့် စတင်ရိုက်ကူးသည့် ရက်တွင် အခက်အခဲရှိသော်လည်း ရိုက်ကူး ရက်ကြာလာသည်နှင့်အမျှ အသားကျလာသလို ဒါရိုက်တာ နှင့်အတူ တွဲဖက်သရုပ်ဆောင် သည့် သရုပ်ဆောင်များကလည်း သင်ပေးကြောင်း ၎င်းကဆိုသည်။

‘‘ကိုလွှမ်းပိုင်ရဲ့ ကိုကိုသီ ချင်းကိုပဲ ရိုက်ထားတာပါ။ ပေါ့ ပေါ့ပါးပါးလေးပါပဲ။ ပရိသတ် တွေအနေနဲ့ သီချင်းလေးကို နား ထောင်ရင်း စိတ်ကူးယဉ်လို့ ရ မယ့် ဇာတ်လမ်းလေးပါ။ ဒီဇာတ် ကားလေး ရိုက်ဖြစ်တာက ထက်ထက်အတွက်ကတော့ ရုပ် ရှင်ရိုက်ဖို့ အရမ်းအထောက်အကူ ပြုပါတယ်’’ ဟု ထက်ထက်က ပြောသည်။

တစ်ကိုယ်တော်အခွေကို လည်း ယခုနှစ်အတွင်းတွင် ထွက် ရှိနိုင်ရန် ကြိုးစားလျက်ရှိပြီး ရုပ် ရှင်ရိုက်ကူးရန်အတွက်မှာမူ ဇာတ်လမ်းဆင်ဆာတင်သည့် အဆင့်၌သာ ရှိသေးသောကြောင့် ရိုက်ကူးမည့် အချိန်ကို အတိအ ကျ မသိသေးကြောင်း ၎င်းကဆို သည်။ 

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top