iMyanmarHouse.com - Best Property Website for Myanmar
×














Rapper ကြီး Snoop Dogg ဟာ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ လူငယ် ဘောလုံး သမိုင်းမှာ ပါဝင်လာပါပြီ။

ကယ်လီဖိုးနီးယား ပြည်နယ် Long Beach မြို့သား ရပ်ပါ ဟာ Des Moines လို့ခေါ်တဲ့ လူငယ်ဘောလုံးအဖွဲ့ချုပ် အတွက် ဒေါ်လာ ၂၀၀၀၀ လှုဒါန်းခဲ့ပါတယ်။ထို လှုဒါန်းငွေဟာ အတန်း ၃ ကနေ ၇ အတွက်လိုအပ်မယ့် ကိရိယာအသစ်တွေ ၀ယ်ယူဖို့ဖြစ်တယ်လို့ သိရပါတယ်။ Snop Dogg ဟာ Tilt လို့အမည်ရတဲ့ အစီအစဉ်တစ်ခုကတစ်ဆင့် လှုဒါန်းခဲ့ တာဖြစ်ပါတယ်။

“Tilt အစီအစဉ်က လှုဒါန်းငွေတွေဟာ လူငယ်ဘောလုံးလောက အောင်မြင်ဖို့အတွက် အရေးကြီးတဲ့ ပစ္စည်းကိရိယာတွေကို ထောက်ပံ့နေတာပါ။ ဒီအစီအစဉ်ဟာ ဘ၀များစွာကို ပြောင်းလဲပေးတော့မှာပါ။ ကွင်းထဲမ၀င်ခင် ကတည်းက ဘောလုံးပညာ အစုံ ကို ကလေးတွေ သင်ကြားခွင့်ရတော့မှာပါ” လို့ Snoop Dogg က ဆိုပါတယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top