iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်အဆိုတော်ရိန်းက အင် တာနက်၌ ပျံ့နှံ့နေသော ဝတ်လစ် စားလစ်ဓာတ်ပုံမှာ ၎င်း၏ဓာတ်ပုံ မဟုတ်ကြောင်းနှင့် ယင်းသို့ မဟုတ်မမှန်သတင်းများဖြန့်သူ
ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

ရိန်း၏ ကိုယ်စားလှယ်ရှေ့ နေ ကင်နမ်ဟွန်းက ‘‘နိုဝင်ဘာ ၁၄ ရက်မှာ ဒီဝတ်လစ်စားလစ် ဓာတ်ပုံကိစ္စနဲ့ပတ်သက်ပြီး အမှု ဖွင့်သွားမှာပါ။ အဲဒီဓာတ်ပုံက ရိန်းပုံမဟုတ်ဘူးဆိုတာ ရှင်းနေ
 ပေမယ့် လူတွေကလည်း အဲဒါ သူ့ပုံလို့ယုံကြည်နေကြတယ်။ ဒီကိစ္စကို ရပ်တန့်ရမယ်။ ဒီလို သတင်းတွေဖြန့်တဲ့သူကို အရေး ယူရမယ်လို့ ထင်ပါတယ်’’ဟု နိုဝင်ဘာ ၁၃ ရက်က Newsen သတင်းသို့ ပြောသည်။

‘‘ရိန်းရဲ့ချစ်သူကင်ထယ်ဟီးဖုန်းပျောက်သွားတယ်။ပြီးတော့ရိန်းရဲ့ဝတ်လစ်စားလစ်ဓာတ်ပုံ ဖောက်
ချခံရတယ်’’ဟူသော စာနှင့်အတူ ရိန်းဟုစွပ်စွဲခံထားရ သည့် ဝတ်လစ်စားလစ်ဓာတ်ပုံ အွန်လိုင်း၌ ပျံ့နှံ့နေသည်မှာ သီတင်းတစ်ပတ်ခန့်ရှိသွားပြီ ဖြစ်သည်။ယင်းသို့မဟုတ်မမှန် ကောလာဟလသ
တင်းများကို စဖြန့်သူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ရှေ့နေကင်က ပြောသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top