iMyanmarHouse.com - Best Property Website for Myanmar
×











သမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ နှစ်ဦးသားအဆင်ပြေတဲ့ သမီးရည်းစားတွေဟာ သူတို့ရဲ့ ဆက်ဆံရေး အတိတ်ပုံရိပ်တွေကို မှတ်မှတ်သားသားရှိနေချိန်မှာ သမီးရည်းစား ဆက်ဆံရေး အခက်အခဲကြုံနေတဲ့ စုံတွဲတွေကတော့ အဲဒီလို ရှိမနေကြပါဘူးလို့ သုတေသန အသစ်တစ်ရပ်က ဆိုပါတယ်။ စုံတွဲတစ်တွဲအနေနဲ့ ဘဝခရီးလမ်းဆုံးတိုင် အတူလက်တွဲလျှောက်လှမ်းဖို့ စဉ်းစားလာတဲ့အခါ အောက်ခြေ အသေးအမွှားကစ ထည့်သွင်း စဉ်းစားစရာ များစွာရှိကြပါတယ်။ သူတို့သမီးရည်းဆက်ဆံရေး ဘယ်လို ဆင့်ကဲ ဖြစ်တည်လာလဲဆိုတာ အထူးတလည်ပြန်လည်သုံးသပ်ဖို့ အလွန်အရေးပါတယ်လို့ အမေရိကနိုင်ငံ Illinois တက္ကသိုလ်က Human Development and Family Studies ရဲ့ ပါမောက္ခ Brain Ogolsky က ပြောဆိုခဲ့တယ်။

ဒါပေမယ့် စုံတွဲတစ်တွဲရဲ့ ဆက်ဆံရေး အခြေအနေ နှေးကွေးမှုနဲ့ နာကြည်းစရာတွေကြုံနေရပါက အပြန်အလှန်ချစ်ခြင်းမေတ္တာ ဖလှယ်တဲ့ ပျော်ရွှင်ဖွယ် အချိန်ကာလကို ပြန်ပြောင်းအောက်မေ့သတိရဖို့ မဖြစ်နိုင်တော့ပါဘူး။ ပျှမ်းမျှအားဖြင့် (၂) နှစ်ဝန်းကျင်လောက်သာ လက်တွဲပြီး အိမ်ထောင်မပြုဖူးသေးတဲ့ စုံတွဲ ၂၃၂ တွဲကို အချိန်ကာလ (၉) လကြာ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ လက်ထပ်ဖို့ စဉ်းစားခြင်းနဲ့ပတ်သက်ပြီး သူတို့လက်တွဲဖော် သဘောထားအမြင်တွေကို သတိထားလျက် စုံတွဲတစ်ယောက်ချင်းစီက သူတို့လက်ထပ်နိုင်တဲ့ အခြေအနေ အခွင့်အလမ်းကို ဖော်ပြပြောဆိုခဲ့ကြပါတယ်။

လတိုင်း သူတို့ အိမ်ထောင်ပြုမယ့် အခွင့်အလမ်းကို ၀% မှ ၁၀၀% ထိ တိုးမြင့်ခဲ့ကြပြီး ရလဒ်ကိုကြည့်ကာ သုတေသီတွေမှ ဒါကို ဂရပ်ဆွဲကြခဲ့ပါတယ်။ လေ့လာမှုအပြီးမှာတော့ သူတို့ရဲ့အတိတ်ပုံရိပ်တွေဟာ လက်တွေ့နဲ့ ဘယ်လို တစ်သားတည်းကျသွားလဲဆိုတာ သိရှိနိုင်ဖို့ စုံတွဲတွေက သူတို့ရဲ့ သမီးရည်းစားဆက်ဆံရေး တစ်ခုလုံးရဲ့အစအဆုံးကို ပြန်လည်ပြောဆိုပြခဲ့ကြပါတယ်။ အလေးအနက် ကတိကဝတ်ပြုခဲ့ကြတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ သမီးရည်းစား ဆက်ဆံရေးသမိုင်းကြောင်းကို အသေးစိတ် မှတ်သားနိုင်ခဲ့ကြတယ်လို့ Ogolsky က ပြောဆိုခဲ့ပါတယ်။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top