iMyanmarHouse.com - Best Property Website for Myanmar
×

Miss Myanmar World ၂၀၁၄ရဲ့ 1ST Runner Up ဆုရရှိသူ ခင်ရတနာဟိန်းနဲ့ တွေ့ဆုံခိုက် သူ့ရဲ့  လတ်တလော အနုပညာလှုပ်ရှားမှုနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းသွားမယ့် အနုပညာခရီးလမ်းနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့

လတ်တလောအနုပညာလှုပ်ရှားမှုလေးပြောပြပေးပါ။

အခုမှပဲ UKကနေ ပြန်လာပြီးတော့ ကျောင်းကိစ္စအတွက် လိုအပ်တာလေးတွေ ပြန်လုပ်တာလေ။  ဟိန်းကျောင်းလည်း အပ်ပြီးပြီ။ လေယာဉ်လက်မှတ်လည်း ဝယ်ပြီးပြီဆိုတော့ အလကားဖြစ်မှာစိုးလို့ ခဏခဏပြန်လိုက်လာလိုက် လုပ်ဖြစ်နေတာ။ ပြိုင်ပွဲမဝင်ခင်တုန်းက ဟိုမှာ ဟိန်းရဲ့ပစ္စည်းတွေ ထားခဲ့တယ်ဆိုတော့လေ။ ဒီတလောမှာတော့ အနုပညာလုပ်ရှားမှုအနေနဲ့က ဟိန်း ဓာတ်ပုံရိုက်တာလောက်ပဲ လုပ်ဖြစ်တယ်။ နောက် Talk Showတွေသွားဖြစ်တယ်။ English Presenter လုပ်ဖို့ ရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ်ရော တစ်နေ့နေ့ တစ်ချိန်မှာ စာမျက်နှာတွေပေါ်မှာ ပါလာမယ်၊သရုပ်ဆောင်ရမယ် လို့ တွေးခဲ့ဖူးလား။

တစ်ခါမှ မတွေးခဲ့ဖူးဘူး။ အခုတော့ဖီလင်က ဘယ်လိုမှန်းမသိပါဘူး။ ပြောမပြတတ်ဘူး ဖြစ်နေတာ။

ပြိုင်ပွဲမှာTalent ကောင်းကောင်းပြနိုင်ခဲ့တဲ့ အပေါ်မှာရော အားရကျေနပ်မှု ရှိခဲ့လား။

ညီမရဲ့Talent ကို အများကြီး ပြချင်သေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လွှင့်တဲ့ နေရာမှာဟိန်းရဲ့တစ်ပိုဒ်လေးပဲ ပါတယ်။ အဓိက main point ဖြစ်တဲ့ အပိုဒ်ကို မပြလိုက်ရဘူး။ ပရိသတ်ကြီးကို ကိုယ်လည်းပြချင်ပါတယ်။ သူတို့ အားပေးမှုကြောင့် ဟိန်း ဘယ်လိုကြိုးစားလာခဲ့ ရတယ် ဆိုတာကိုပါ။ ဟိန်းရရင် ရသလို ပြချင်ပါသေးတယ်။ အခုဆို တစ်မိုးအောက်ကို နှစ်ဆယ်ရက်နေ့မှာ ရိုက်မယ်။ ဒါပေမယ့် သူတို့က intro လေးပဲ ကိုယ်လုပ်ချင်တာ လုပ်ပေါ့နော်။ ဒါပေမယ့် ဟိန်းက ဘဲလေး အကကို အစကနေ အဆုံးပြချင်တာပေါ့နော်။ ဒါပေမယ့် တကယ်လို့ လုံးဝပြလို့ မရဘူးဆိုရင်လည်း ဖေ့စ်ဘွတ်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ဗီဒီယိုရိုက်ပြီး တင်ဖို့ စိတ်ကူးရှိပါတယ်။

ပြိုင်ပွဲမှာ 1ST Runner Up ရခဲ့တဲ့အပေါ်မှာရော ကျေနပ်မှုရှိရဲ့လား။

ကျေနပ်မှုရှိပါတယ်။ အိမ်ကတောင် ဖိုင်နယ်နေ့မှာ အဖေ၊အမေတွေတောင် လာမကြည့်ဘူး။ အယောက်နှစ်ဆယ်ထိ ဟိန်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ ပြိုင်ပွဲအဆုံးထိ ပါမယ်လို့တော့ confidence မရှိခဲ့ဘူး။ မမျှော်လင့်ထားဘူး။ ပြိုင်ပွဲနေ့မှာတောင် အဖေ၊ အမေ လာမကြည့်ဘူး။ ဒါပေမယ့် ရသွားတော့ အရမ်းကျေနပ်မှုရှိပါတယ်။

နောက်ထပ်Miss ပြိုင်ပွဲတွေရော ဝင်ပြိုင်ဖို့ရှိဦးမလား။

စဉ်းစားရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိန်းကပညာရေးကို ပိုပြီး ဦးစားပေးချင်တယ်။ အခု ယိုးဒယားမှာ ကျောင်းတက်ဖို့ စုံစမ်းနေတယ်။ မြန်မာပြည်မှာလည်း အနုပညာလှုပ်ရှားမှု လုပ်လို့ရအောင် နီးနီးနားနား ဘန်ကောက်မှာ သွားတက်မှာပါ။

သရုပ်ဆောင်ဘက်ကို ခြေချဖို့ရှိဦးမလား။

ဟိန်းအနေနဲ့ လိုပါသေးတယ်။ အခုလောလောဆယ်မှာတော့ သင်ယူစရာတွေအများကြီးပါ။ အဲဒီ့ သင်ယူစရာတွေကို ကောင်းအောင် လုပ်ပြီးတော့မှပဲ သရုပ်ဆောင်ဘက် ကူးဖြစ်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိန်းအခုpresenter ဘက်ကို ကြိုးစားနေတာကြောင့်ပါပဲ။ မြန်မာစကားလည်း ဟုတ်တိ ပတ်တိ မပြောတတ်ဘူး။ ငယ်ငယ်ကတည်းက အင်္ဂလိပ်စကားပဲ ပြောလာတာဆိုတော့  မြန်မာပြည်မှာ အင်္ဂလိပ်လိုပြောရမယ့် ပွဲတွေမှာpresenterအဖြစ် လုပ်ချင်လို့ပါ။

ပရိသတ်အတွက် စကားလက်ဆောင်လေး ပြောပေးပါ။

ပရိသတ်ကိုဟိန်းကျေးဇူးအရမ်းတင်မိပါတယ်။ ဟိန်းက မျက်နှာသစ်၊ အသစ်တစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ ဟိန်းရဲ့ အမာခံပရိသတ်တွေလည်း ရှိပါတယ်။ အဲဒီ့အတွက် အရမ်းအားရှိခဲ့ပါတယ်။ ဟိန်းဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top