iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာလောကထဲကို အမေက တွန်းပို့လို့ ၀ါသနာမပါပဲ ရောက်လာခဲ့ရပေမဲ့ ခုချိန်မှာ အနုပညာ အလုပ်မလုပ်ရရင်ကို မနေနိုင်လောက်အောင် ၀ါသနာပါသွားတယ်လို့ပြောလာတဲ့ နဒီဝင့်နိုင်က အိမ်ထောင်ကျသွားရင်တော့ အပြင်စီးပွားရေး အလုပ်ကိုပဲ ဇောက်ချ လုပ်ကိုင်တော့မယ်လို့ ပြောပြလာတာကြောင့် သူမရဲ့ အချစ်ရေးအကြောင်းနဲ့ အနုပညာ ၂ခုကို မေးမြန်း တီးခေါက်ကြည့်မိတဲ့ခါ “နဒီအိမ်ထောင်ပြုပြီးသွားရင်တော့ ဒီအနုပညာအလုပ်ကို ဆက်လုပ်ဖြစ်တော့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မိသားစုကိုပဲ အချိန်ပေးပြီး အေးအေးဆေးဆေး နေချင်တော့တယ်။ အရင်ကတော့ ဒီအလုပ်ကို ငါသေတဲ့အထိ လုပ်မယ်။ လုပ်နိုင်သလောက် လုပ်မယ်ဆိုပြီး စိတ်ဓာတ်တွေ ပြင်းထန်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျတော့ အိမ်ထောင်ကျသွားရင် ကိုယ့်ဘ၀လေးကို အေးအေးဆေးဆေး ထူထောင်မယ်။ အပြင်စီးပွားရေးလုပ်မယ်။ ကိုယ့်မိသားစု ကောင်းဖို့အတွက်ကိုပဲ ဦးစားပေးချင်တော့တယ်။ ဒီအနုပညာအလုပ်ဆိုတာ ကိုယ့်ကိုကိုယ် မပိုင်ဘူးလေ။ အားလပ်ချိန်ဆိုတာလဲ နည်းတယ်။ ခုတစ်ယောက်တည်း ဘ၀မှာတော့ နဒီ တတ်နိုင်သလောက်လေး အနုပညာကို အကောင်းဆုံးလုပ်မယ်။ အိမ်ထောင်ကျသွားပြီးရင်တော့ နဒီ အပြင်စီးပွားရေးကိုပဲ လုပ်မယ်။ အပြင်စီးပွားရေးဆိုရင် နဒီက စားသောက်ဆိုင် ဖွင့်တာကို ၀ါသနာပါတယ်။ ပိုက်ဆံကို အရင်းအနှီး လုပ်လိုက်ပြီး ၀ပ်နေတာကိုမလိုချင်ဘူး။ အမြဲတမ်း လည်ပတ်နေတဲ့ စီးပွားရေးကိုပဲ ၀ါသနာပါတယ်။

 အချစ်ရေးကတော့ အေးဆေးပါပဲ။ အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်ပြုပြီးသွားတဲ့ခါကျ ဟိုဆိုလဲ မလွှတ်ချင်ဘူး၊ ဒီဆိုလဲမလွှတ်ချင်ဘူးတွေ လာတော့မှာဆိုတော့ နီးနီးနားနားလေးတွေဆို သီချင်းတော့ လိုက်ဆိုဖြစ်မယ်။ ဇာတ်ကားကတော့ ရိုက်ချင်မှရိုက်တော့မယ်။ အပြင်စီးပွားရေးပဲ လုပ်ဖြစ်တော့မယ်။ အရင်ကတော့ စိတ်ကစားခဲ့ဖူးတယ်။ အီစီကလီလုပ်ခဲ့တာလေးတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ခုချိန် ဒီကို မပြောင်းလာဖြစ်ရင် နယ်မှာ အိမ်ထောင်ကျနေလောက်ပြီ။  အရွယ်ရောက်လာတဲ့အခါကျတာ့ ဘယ်လိုတွေးမိလာလဲဆိုတော့ စီးပွားရေး အဆင်ပြေမှ လူတောတိုးမှာ လင်မယားတွေ ယူမယ်ဆိုရင်လဲ စီးပွားရေးက နံပတ် ၁အချက်၊ ချစ်တာကတော့ ချစ်တာပေါ့နော်။ အချစ်ကတော့ နံပတ်၂ လို့ပဲမြင်မိတယ်။ ဒီခေတ်ကြီးက ပိုဆိုးတယ်။ အိမ်ထောင်တစ်ခု ထူထောင်မယ်ဆို ပိုက်ဆံရှိမှဖြစ်မှာ ရှာမကျွေးနိုင်ဘူးဆို အိမ်ထောင်ရေး မသာယာတော့ဘူး။ ချစ်နေပေမဲ့ ထမင်းရည်တူတူယက်ရ ယက်ရဆိုတဲ့ ခေတ်လဲ မဟုတ်တော့ဘူး။ ဒီခေတ်မှာ နံပတ်၁ ကစီးပွားရေး၊ နံပတ် ၂ ကအချစ်ပေါ့။ အဲ့လိုမျိုးတော့မြင်မိတယ်။ အရင်ကတော့ ချစ်ရင်အဆင်ပြေတာပဲဆိုတာ မှားတယ်။ ခုကျမှ စီးပွားရေးက အဓိကဖြစ်လာတယ်။ အဲ့ဒါမှ ကိုယ့်ရဲ့ မျိုးဆက်တွေကို အကောင်းဆုံး စီစဉ်ပေးနိုင်မယ်။ အချစ်ကို ဦးနှောက်နဲ့ဆုံးဖြတ်ပြီး နှလုံးသားပါသွားရင်လဲ ပါသွားမှာပဲလေ။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တာပဲဆိုတော့လေ။ ခုလက်ရှိကတော့ အပြင်ကပါ။ သူ့ကို ရွေးချယ်ဖြစ်တာကတော့ နားလည်ပေးပါတယ်။ တော်တော်လဲချစ်ပါတယ်။ လုပ်ချင်တာလုပ် တခြားဘဲနဲ့မရှုပ်ရင်ပြီးရော”လို့ သူမက ပြောပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top