iMyanmarHouse.com - Best Property Website for Myanmar
×










အမေရိကန်အဆို တော် ဘီယွန်းစေး၏ ညီမ ဆို လန်းနိုးစ်နှင့် အမေရိကန် တေး ဂီတဗီဒီယိုဒါရိုက်တာ အယ်လန် ဖာဂူဆန်တို့သည် နိုဝင်ဘာ ၁၆ ရက်တွင် နယူးအော်လင်းမြို့ရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း တစ်ခု၌ လက်ထပ်ခဲ့ကြသည်ဟု E! သတင်းက ဖော်ပြသည်။

အသက် (၂၈) နှစ်အရွယ် ဆိုလန်းနိုးစ်နှင့် အသက် (၅၁) နှစ် အရွယ် အယ်လန်ဖာဂူဆန်တို့ ၏  မင်္ဂလာပွဲသို့ ဆိုလန်းနိုးစ်၏ အစ်မ ဖြစ်သူ ဘီယွန်းစေးနိုးစ်၊ ခဲအိုဖြစ် သူ ဂျေးဇီ၊ တူမဖြစ်သူ ဘလူး၊ မိခင်ဖြစ်သူ တီနာနိုးစ်တို့အပါအ ၀င် လူ ၁၀၀ ခန့် တက်ရောက်ခဲ့ သည်ဟု E! သတင်းက ဖော်ပြ သည်။

မင်္ဂလာသတို့သားနှင့် သတို့ သမီးတို့သည် ဘုရားကျောင်းသို့ ရှေးဟောင်းစက်ဘီးများ    စီး၍ ရောက်လာခဲ့ကြသည်ဟုလည်း E! သတင်းက ဖော်ပြသည်။

ဆိုလန်းနိုးစ်၏ ယခင်အိမ် ထောင်နှင့်ရသော အသက် (၁၀) နှစ်အရွယ် သားဖြစ်သူ ဒန်နီယယ် ဂျူးလက်စမစ်သည်လည်း မိခင် ဖြစ်သူ၏ မင်္ဂလာပွဲသို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

အဆိုတော်တစ်ဦးဖြစ်သော ဆိုလန်းနိုးစ်သည် ပြီးခဲ့သည့်မေလ တွင် အစ်မဖြစ်သူ ဘီယွန်းစေး ရှေ့၌ပင်    ခဲအိုဂျေးဇီကို   ကြိမ် ဖန်များစွာ ရိုက်ပုတ်ကန်ကျောက် ခဲ့သူအဖြစ်     သတင်းထူးဖြစ်ခဲ့ သည်။

ထို့နောက်တွင် ဘီယွန်းစေး တို့က မိသားစုဝင်များအကြား  စကားများ ရန်ဖြစ်ခြင်းများ ရှိခဲ့ သော်လည်း တစ်ဦးနှင့်တစ်ဦး ချစ် ခင်ကြသည်ဟု အေပီသတင်းသို့ ပြောကြားခဲ့သည်။

Credit : 7Day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top