iMyanmarHouse.com - Best Property Website for Myanmar
×










ချစ်သူရည်းစားဖြစ်လာပြီဆိုရင် အပေါ်ယံလား၊ ကိုယ့်ကိုအဆုံးထိ လက်တွဲဖို့ စိတ်ကူးပြီး ချစ်တဲ့သူလား၊ နှစ်ဦးစလုံးက မခွဲနိုင်၊ မခွာရက် အသည်းစွဲ ချစ်ကြတာလား ဆိုတာ သူတို့ရဲ့ အပြုအမူတွေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စုံမက်ကြတဲ့ စုံတွေတွေရဲ့ အပြုအမူတစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

၁။အစားအသောက်တစ်ခုကို အတူစားနေတယ်ဆိုရင် ဒီအစားအစာကို ကိုယ်ဘယ်လောက်ကြိုက်ကြိုက် နောက်ဆုံးအလုတ်ကို ချစ်သူကို ချန်ထားပြီး ကျွေးတတ်ကြတယ်။

၂။ကိုယ်လုပ်ပေး၊ ကူညီပေးလိုက်တဲ့အရာတစ်ခုအတွက် သူ့ဆီက တန်ပြန်အကျိုးကျေးဇူးရပါစေလို့ ဘယ်တော့မှ မမျှော်လင့်တတ်ကြဘူး။

၃။တစ်ဦးက ဘာကြိုက်တယ်၊ ဘာလိုနေတယ်ဆိုတာကို သိနေတတ်ပြီး အလိုက်တသိ ၀ယ်ခြမ်းပေးတတ်ကြတယ်။

၎။ဖုန်းတွေလိုက်ကြည့်နေတာမျိုး၊ အီးမေးလ်တွေ လိုက်စစ်နေတာမျိုးတွေ မလုပ်တော့ဘူး။ ကိုယ့်ကို သူဘယ်လောက် ယုံကြည်တယ်ဆိုတာ ပြသကြတယ်။

၅။ကိုယ့်မိဘတွေအတွက် သူအလိုက်သိပေးတယ်။ ကိုယ့်မိသားစုအရေးကို သူ့အရေးလို့ သဘောထားပြီး အကြံပေးတတ်တယ်။

၆။အတူရှိနေချိန် တစ်ဦးနဲ့တစ်ဦး ကိုယ်လုပ်ချင်တာ၊ သူလုပ်ချင်တာလေးတွေ ညှိနေစရာမလိုပဲ လုပ်တတ်ကြတယ်။

၇။တစ်ယောက်ရဲ့လုပ်ဆောင်မှုကို တစ်ယောက်က ဘေးကချီးကျူးတယ်၊ လိုအပ်တာကို ပံ့ပိုးပေးတယ်။ သူက သာသွားပြီ၊ ကိုယ်ကတော့ နာသွားပြီဆိုတဲ့ တွက်ချက်မှုမျိုး ဘယ်တော့မှ မထားတတ်ဘူး။

၈။မျှော်လင့်မထားတဲ့အရာတွေနဲ့ တစ်ဦးနဲ့တစ်ဦး အံ့သြ၀မ်းသာသွားအောင် လုပ်တတ်ကြတယ်။

၉။ကိုယ့်သူငယ်ချင်း၊ သူ့သူငယ်ချင်း အားလုံးကို အဆင်ပြေအောင် ဆက်ဆံကြတယ်။ ခင်မင်ကြတယ်။

၁၀။ကိုယ့်အသိုင်းအ၀ိုင်း၊ သူ့အသိုင်းအ၀ိုင်း အားလုံးကလည်း သူတို့နှစ်ယောက်က ရကိုရမှာ ဆိုတာ ခံစားမိနေကြတယ်။ ချစ်သူနှစ်ဦးစလုံးကလည်း ဒါနောက်ဆုံးအချစ်ဆိုတာ ကိုယ့်ဘာသာကိုယ် ခံစားသိရှိနေကြတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top