iMyanmarHouse.com - Best Property Website for Myanmar
×














လတ်တလောတွင် မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ၊ ရုပ်ရှင် အစည်းအရုံးပိုင် ငွေကြေးများ ထိုအများပိုင် ကုမ္ပဏီထဲသို့ ထည့်ဝင်ခြင်း အကြောင်းအရာများ စသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုကိစ္စရပ်များ နှင့် ပတ်သက်ပြီး ရှယ်ယာရှင် တစ်ဦးဖြစ်သူ အကယ်ဒမီ ထွန်းအိန္ဒြာဗိုအား မေးမြန်း ထားသည်များကို ဖော်ပြ လိုက်ပါသည်။

                         ရုပ်ရှင် လောကသားတွေ စည်းလုံး ညီညွတ်မှု ပြိုကွဲနေတယ်လို့ ပြောနေကြတယ်။ တစ်ချိန် တည်းမှာလည်း အများပိုင် ကုမ္ပဏီနဲ့ ပတ်သက်ပြီး ထွက်လာတဲ့ သတင်းတွေ ကလည်း ရှိလာတော့ အဲဒီအပေါ်မှာ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) ဘယ်လို မြင်ပါသလဲ။

                         ရုပ်ရှင် လောကသားတွေ စည်းလုံး ညီညွတ်မှု ပြိုကွဲတယ် ဆိုတာ ကျွန်မတော်တော် အံ့သြတယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အများပိုင် ကုမ္ပဏီ ကိုစပြီး တည်ထောင်တုန်းက ရုပ်ရှင် အစည်းအရုံးက NGO ဖြစ်တဲ့အတွက် အမြတ်အစွန်းရတဲ့ အလုပ် လုပ်ခွင့်မရှိဘူး။ တစ်လောကသား လုံးရဲ့အကျိုးအတွက် အမြတ်အစွန်း ရမယ့် စီးပွားရေး လုပ်ငန်းမျိုး လုပ်ဖို့အတွက် အများပိုင် ကုမ္ပဏီကို တည်ထောင်တယ်လို့ပဲ ကျွန်မကသိတာ။ ကျွန်မက စီးပွားရေး၊ Business Mine လုံးဝ မသိသလို အများပိုင် ကုမ္ပဏီ အကြောင်းကို တကယ်တမ်း ကျွန်မဘာမှ နားမလည်ပါဘူး။

                           ကျွန်မ ဘာတစ်ခုနဲ့ ၀င်လဲဆိုတော့ ကျွန်မတို့ ရုပ်ရှင်လောကသား အားလုံးရဲ့အလုပ် လုပ်ခွင့်ရမယ့် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ အတွက် ကျွန်မ ၀င်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ စဉ်းစားလိုက်တယ်။ နားမလည်ပေမဲ့ ကိုယ့်လောကသား အကျိုးလုပ်တာ ဖြစ်တဲ့ အတွက် ကျွန်မသည် အလုပ်တွေ မလုပ်ဘဲ နားသွားပြီ ဆိုသော်လည်း ဒီလောကက ကျွေးခဲ့တဲ့ ထမင်းတွေ (၂၄) လေး နှစ်လုံးလုံး စားခဲ့ဖူးတယ် ဆိုတဲ့ စိတ်နဲ့ ကျွန်မ ရှယ်ယာပါတယ်။ နောက်ဆုံး ဆုံးရှုံး သွားခဲ့ရင်လည်း ဒီလောကအကျိုး အတွက် အလှူ ထည့်တယ်လို့ ပဲသဘော ထားပါတယ်။ အဲဒါကြောင့် စတိ အရင်ထည့်ခဲ့တာ အခုထိ ကျွန်မ ထည့်ရမယ့် ရှယ်ယာ ပိုက်ဆံ မပြည့်သေးဘူး။ ကျွန်မ ကြိုးစားပြီး ထည့်နေတုန်းပါ။

                      ရုပ်ရှင် လောကသား အားလုံး အကျိုးအတွက် လုပ်တယ် ဆိုပေမယ့် အများပိုင် ကုမ္ပဏီဟာ လောကသား အားလုံး အကျိုးအတွက် မဟုတ်ဘူး။ ရုပ်ရှင် လောကမှာ လုပ်စား နေတယ်လို့ လောကသား အားလုံးက ထင်နေကြတယ်။ အဲလို အသိ ရှိနေကြတယ် ဆိုတာကို ကျွန်မ အခုမှ သိရတာပဲ။

                     အဲတော့ ဘယ်နေရာမှာ ဘာမှားနေလဲ ဆိုတာ သေသေ ချာချာလေးကျွန်မ လေ့လာရမယ်။ ကိုဝိုင်း ပြောသွားတဲ့ မြေကွက်က ရုပ်ရှင် အစည်းအရုံး အတွက်လား၊ လောကသားတွေ အတွက်လား၊ အများပိုင် အတွက်လားလို့ မေးသွားတဲ့ မေးခွန်း တစ်ခုကတော့ ကျွန်မသိ သလောက် ပြောရရင် အများပိုင် ကုမ္ပဏီ ရုံးဖွင့်ထားတဲ့ နေရာက ပိုက်ဆံပေးပြီး ငှားတာပါ။ ရုပ်ရှင် အစည်းအရုံးရဲ့ငွေမဟုတ်ပါဘူး။

                   ဘာဖြစ်လို့ ကိုဝိုင်း အဲလိုပြောလဲ ဆိုတာ ကျွန်မ ကိုယ်တိုင် မသိသေးဘူး။ တစ်ဖက်တည်း ပြောရုံနဲ့တော့ မပြည့်စုံဘူးလို့ ကျွန်မ ထင်တယ်။ ကိုလူမင်းလည်း ဖြေရှင်းသင့်သလို အများပိုင် ကုမ္ပဏီ ထူထောင်ကြတဲ့ သူတွေလည်း ဒီလောကသား အားလုံး နားလည်အောင် မျက်နှာချင်းဆိုင် ဖြေရှင်းသင့်တယ်လို့ ထင်တယ်။ ကျွန်မ ကိုယ်တိုင်လည်း လေ့လာ ရဦးမှာပါ။

အများပိုင် ကုမ္ပဏီမှာ မခိုင်ကြီးရဲ့ ရှယ်ယာ ပမာဏ ဘယ်လောက် ထည့်ဝင် ထားသလဲ။

                  ငွေပမာဏကို မပြောဖို့ အများပိုင် ကုမ္ပဏီမှာ ကတိ ရှိထားတဲ့ အတွက် မပြောသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ မပြည့် သေးတာတော့ အမှန်ပါပဲ။ ရှယ်ယာက သိန်း (၅၀၀) ၀င်ရမယ်လို့  ပြောပါတယ်။ သိန်း (၅၀၀) မပြည့်သေးပါဘူး။ ကျွန်မ ကြိုးစား ထည့်နေရဆဲ ကာလပါ။

အခုလို အများပိုင် ကုမ္ပဏီနဲ့ ပတ်သက် ပြီး သဘောထား ကွဲလွဲမှု သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် အများပိုင် ကုမ္ပဏီကနေ နုတ်ထွက်ဖို့ အစီအစဉ် ရှိလား။

                          ကျွန်မတို့ အများပိုင် ကုမ္ပဏီမှာ စည်းမျဉ်း စည်းကမ်း ကတော့ နုတ်ထွက်ချင်တိုင်း နုတ်ထွက်ခွင့် မရပါဘူး။ ဒါကတော့ တစ်ပိုင်းပေါ့ရှင်။ ရုပ်ရှင် အစည်းအရုံးက NGO ၊ စီးပွားရေး လုပ်ခွင့်မရှိဘူး။ လောကသား အားလုံးရဲ့ အကျိုးအတွက် စီးပွားရေး လုပ်ခွင့်ရှိအောင် အများပိုင် ကုမ္ပဏီ ထောင်မယ်။ အဲတော့ ကျွန်မ ဒီထဲပါဝင်ခြင်းအားဖြင့် လောကသား အားလုံးရဲ့အကျိုးကို ကျွန်မလည်း တတ်နိုင်သလောက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ရာ ရောက်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်ခဲ့တာ ဖြစ်တဲ့ အတွက်  တကယ် အဲဒီ ရည်ရွယ်ချက် မဟုတ်ဘူး ဆိုရင်တော့ ကျွန်မ နုတ်ထွက်ဖို့ဝင် မလေးဘူး။ တကယ် ဟုတ်မဟုတ် သေချာပေါက် ဆန်းစစ် ရဦးမယ်လေ၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အားလုံး မျက်နှာစုံညီ ရှင်းသင့်တဲ့အပြင် အားလုံးသိအောင် လေ့လာ သင့်တယ်လို့လည်း ထင်ပါတယ်။

ဒါဆိုရင် ရုပ်ရှင် အစည်းအရုံး အတွက် ဘယ်လို လူမျိုးကို လိုချင်သလဲ။

                          ဒါကတော့ လောကသား အားလုံး ဘယ်သူ့ကို မေးမေး ဖြေမယ့် စကားမျိုးပဲ ကျွန်မလည်း ဖြေရမှာပဲ။ လောကသားတွေ အတွက် တကယ် အလုပ်လုပ်တဲ့ သူကိုပဲ လောကသားတွေက လိုချင်တာပေါ့။

ဇန်န၀ါရီလမှာ ထပ်ရွေးမယ့် ရုပ်ရှင် အစည်းအရုံး ရွေးကောက်ပွဲမှာ မခိုင်ကြီးရော အရွေးခံမလား။ မခိုင်ကြီးကိုလည်း ၀င်ရွေးဖို့ တိုက်တွန်း ကြသူတွေ ရှိတယ်လေ။

                          ကျွန်မ ဘယ်တုန်းကမှ အရွေး မခံချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မကိုယ် ကျွန်မ အသိဆုံးပါ။ကျွန်မ အဲလောက်ထိ အချိန် ပေးနိုင်တဲ့သူ မဟုတ်ပါဘူး။အလုပ်များလို့ ပြောတာ မဟုတ်ဘူး။ ကျွန်မရဲ့Nature ကိုက အဲလောက် မစွမ်းဆောင်နိုင်ဘူး ဆိုတာသိတယ်။ တတ်နိုင်တဲ့ ဘက်က ကူပါမယ်။

Credit : The Messenger


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top