iMyanmarHouse.com - Best Property Website for Myanmar
×














Miss Myanmar World ၂၀၁၄ကို သွားရောက်ယှဉ်ပြိုင်ရတော့မယ့် ဝိုင်းလေးမှ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့လာမှုတွေရယ်၊ ပြိုင်ပွဲမှာ ဝတ်ဆင်မယ့် National Costume ဝတ်စုံကို စာနယ်ဇင်းမီဒီယာများအား အကြိုမိတ်ဆက်ပြသတဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို နိုဝင်ဘာ ၁၃ရက်နေ့က Chatrium ဟိုတယ်မှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ အခမ်းအနားတွင်  Miss Myanmar World ၂၀၁၄ အလှမယ်ဝိုင်းလေးမှ “ဒီလိုကြီးကျယ်ခမ်းနားတဲ့ Miss World ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရတာကိုလည်း အရမ်းဂုဏ်ယူမိပါတယ်။ ပြီးတော့ သွားရောက်မယ့်အခါမှာ ကြုံတွေ့ရမယ့် အရာတွေက ဝိုင်းလေးအတွက် စိန်ခေါ်မှုတွေချည်းပါပဲ။ ကိုယ့်နိုင်ငံရဲ့စလွယ် လွယ်ထားပြီးတော့ ပြိုင်ရတာဆိုတော့ ပိုပြီးတော့ တာဝန်ကြီးပါတယ်။ ဝိုင်းလေးဘက်ကလည်း အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားခဲ့မှာပါ။ ကိုယ့်အတွက်မဟုတ်ပဲ ကိုယ့်နိုင်ငံအတွက်ဖြစ်တော့ အပြုအမူ၊ အနေအထိုင် အစစအရာရာ ဝိုင်းလေး အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါ့မယ်။

ဝိုင်းလေးတို့ မြန်မာနိုင်ငံအတွက် ပထမဆုံး ကျင်းပရတဲ့ Miss World ပြိုင်ပွဲကြီးကလည်း အရမ်းကို ထူးခြားပါတယ်။ နိုင်ငံချင်း မတူတဲ့အတွက် ယဉ်ကျေးမှုတွေကလည်း မတူနိုင်ပါဘူး။ ဝတ်ဆင်ရမယ့် ရေကူးဝတ်စုံကို ဝတ်ဆင်ဖို့အတွက်လည်း အရမ်းကို စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ သူတို့ရဲ့Culture လည်း မတူတဲ့အတွက် ဝိုင်းလေး ဒီကနေ အများကြီးပြင်ဆင်သွား ဖို့လိုအပ်ပါတယ်။  Talent Show အတွက် သုံးမိနစ်စာPiano တီးပြဖို့ ရှိပါတယ်။ ပြီးတော့ နှစ်မိနစ်စာ မြန်မာယဉ်ကျေးမှု အကဖြစ်တဲ့ ဆီမီးခွက် အကကပြမှာပါ။ General Knowledge နဲ့ ဘာသာစကားကိုလည်း အထူး လေ့လာပြင်ဆင်ထားပါတယ်။ ဒီနေ့ဝတ်တဲ့ အဝတ်အစားလေးက ပြိုင်ပွဲမှာ ဝတ်ဆင်ရမယ့် National Costume လေးပါ။ ဝတ်စုံကို ချုပ်ပေးတာက ဒီဇိုင်နာ မမဉ္ဇူပါ။ ဒီဝတ်စုံလေးက UKမှာ ကျင်းပမယ့်Miss World ပြိုင်ပွဲမှာ ဝတ်ဆင်မယ့် မြန်မာဝတ်စုံလေးပါ။ နောက်ပြီး Evening Dress အတွက်ပြင်ဆင်ပေးတဲ့  မိုးကုတ်ပေါက်ပေါက်ကိုလည်း ကျေးဇူးတင်ပါတယ်။ National Costume ဝတ်စုံအတွက် အလှပဆုံးဖြစ်အောင် ချုပ်ပေးတဲ့ ဒီဇိုင်နာမမဉ္ဇူကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ဝိုင်းလေးသွားတဲ့အခါမှာ တစ်ယောက်တည်းသွားရမှာ ဖြစ်ပါတယ်။ စင်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် Confidence အပြင်အဆင်နဲ့ မိတ်ကပ်၊ ဆံပင်ပိုင်းကအစ စေတနာ အပြည့်နဲ့ကူညီပေးတဲ့ မိတ်ကပ်လင်းလင်း ကိုကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ Miss Myanmar World ပြိုင်ပွဲကို နိုဝင်ဘာ၂၀ရက်နေ့မှ ဒီဇင်ဘာ ၁၄ရက်နေ့အထိ UK(အင်္ဂလန်)နိုင်ငံမှာ ခမ်းနားကြီးကျယ်စွာ ပြုလုပ်ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top