iMyanmarHouse.com - Best Property Website for Myanmar
×









V မဂ္ဂဇင်းရဲ့ကာဗာမှာ Nicki Minaj နေရာယူလိုက်ပြီးတဲ့နောက် သူ့ရဲ့အင်တာဗျူးမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေကြောင့် သူ့အကြောင်း ပိုသိလိုက်ရတာပါပဲ။ သူမဟာလည်း Miley တို့လို ဆက်စီပို့စ်တွေနဲ့ မီဒီယာတွေမှာ နေရယူထားသူဆိုတာ အထူးပြောနေရစရာတောင် မလိုတော့ပါဘူး။ သူမက အမြဲတမ်း ဆန်းသစ်ဖန်တီးနေရာတာကို ကြိုက်နှစ်သက်ပြီး ဒါကို အားလုံးစောင့်မျှော်နေကြတဲ့ The Pinkprint မှာ မြင်တွေ့ရလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အဲ့ဒီအယ်လ်ဘမ်ထဲက Anaconda ဗီဒီယိုအကြောင်းကိုတော့ "အမျိုးသမီးတွေကျတော့ အမျိုးသားတွေလို ကြမ်းကြမ်းရမ်းရမ်းနဲ့ အမိုက်စား ဆက်စီကျကျ ဘာလို့မလုပ်နိုင်ရမှာလဲ။ ဒါကိုလည်း ခွင့်ပြုပေးသင့်တယ်။ အမျိုးသားတွေကျတော့ အမြဲကို သူတို့ဗီဒီယိုမှာ ဒါတွေလုပ်နေတာလေ"လို့ ဆိုပါတယ်။ ကြည့်ရတာ ဆက်စီပုံစံလုပ်ရတဲ့ နှစ်သက်တဲ့သူမအတွက် ဒါကိုတားဖို့မကြိုးစားဖို့ ပြောလိုက်သလိုပါပဲ။

သူမရဲ့သီချင်းဖန်တီးရေးသားမှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့အာရုံခံစားမှုအတွက် သူမကို လွှမ်းမိုးထားတဲ့သူများ ရှိသလားလို့ မေးကြည့်လိုက်တော့ သူမက "ကျွန်မက Enya ရဲ့ အမာခံပရိသတ်ပါ။ ကျွန်မဟာ Enya နဲ့ပတ်သက်ပြီး ခံစားရေးဖွဲ့ထားတဲ့ သီချင်းတွေတောင် ရှိပါတယ်။ သီချင်းတွေဖန်တီးတဲ့အခါ သူမ အကြောင်းတွေးပြီး ရေးဖြစ်တာမျိုးရှိတယ်။ သူမသီချင်းတွေက ကျွန်မကို တစ်ခုခု ခံစားရအောင် အမြဲလုပ်တယ်။ ဒါလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Enya ကို မကြိုက်တဲ့သူရော ဘယ်သူရှိလို့လဲ။"လို့ ဖွင့်ဟသွားပါတယ်။

 ရက်ပ်ပါ Nicki Minaj က New Age မြူးဇစ်ဂီတကို ခံစားပြီး သီချင်းတွေ ဖန်တီးတယ်ဆိုတာ နည်းနည်းထူးဆန်းတဲ့အချက်ပါ။ ဘာပဲဖြစ်ဖြစ် ခုလက်ရှိသူမဖန်တီးနေတဲ့ Orinoco Flow မှာရော ဘယ်လိုဆန်းသစ်မှုတွေ ပါဦးမလဲ ကြည့်ရဦးမှာပေါ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top